အာဏာသိမ်းစစ်တပ်မှကက်သလစ်ဘုရားကျောင်းအား လက်နက်ကြီးပစ်ခတ်မှုကိုမြန်မာပြည်သာသနာကရှုံ့ချ

အာဏာသိမ်းစစ်တပ်မှကက်သလစ်ဘုရားကျောင်းအား လက်နက်ကြီးပစ်ခတ်မှုကိုမြန်မာပြည်သာသနာကရှုံ့ချ

အာဏာသိမ်းစစ်တပ်မှကက်သလစ်ဘုရားကျောင်းအား လက်နက်ကြီးပစ်ခတ်မှုကိုမြန်မာပြည်သာသနာကရှုံ့ချ

            ‘မေလ (၂၃) ရက်နေ့က အပြစ်မဲ့ပြည်သူတွေခိုလှုံနေတဲ့ ယေဇူးရွှေနှလုံးတော် ကက်သလစ်ဘုရားကျောင်းကို တိုက်ခဲ့တဲ့အပေါ် လုံးခဲနေတဲ့နာကျင်မူနဲ့ ကျွန်ုပ်တို့ရဲ့စိုးရိမ်မူကိုထုတ်ဖော်လိုက်ရပါတယ်’ ဟု ရန်ကုန်ဂိုဏ်းချုပ်သာသနာ ၏ကာဒီနယ်ချားလ်စ်ဘိုကပြီးခဲ့သော တနင်္လာနေ့ကမြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ကိုယ်စားမေတ္တာရပ်ခံခဲ့သည်။ 

 ‘အကြမ်းဖက်မူတွေမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေကိုခြိမ်းခြောက်ထိတ်လန့်စေတဲ့ သေနတ်တွေကိုအဆက်မပြတ်ပစ်ခတ်မှု၊ လက်ကြီးတွေပစ်ခတ်မှုနဲ့အဲလိုပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ (၄) ယောက်အသက်ဆုံးရှုံးခဲ့ရပြီး၊ (၈) ယောက်ထက်မနည်းဒဏ်ရာရခဲ့တယ်’ ဟု ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသော ကယားပြည်နယ်၊ လွိုင်ကော်ကက်သလစ် ဂိုဏ်းအုပ်သာသနာပိုင်၊ ကယန်းသာယာသာသနာအုပ်စုရှိ ဘုရားကျောင်းလက် ကြီးဖြင့်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ပြောကြားခဲ့သည်။

            ဒေသခံများ၏ပြောဆိုချက်များအရ စစ်ကောင်စီတပ်နှင့်အာဏာသိမ်းမှုကိုလက်မခံသောကရင်နီပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) ကြားဖြစ်ပွား  နေသောစစ်မီးကြောင့် အိမ်ထောင်စု (၆၀) မှမိသားစု၀င် (၃၀၀) ခန့် အဆိုပါ ဘုရားကျောင်း၌ခိုလှုံနေကြကြောင်း၊ ဗာတီကန်သတင်းဌာန (Fides) ၏ပြောကြားချက်အရ ကယားပြည်နယ်မှဒေသခံ (၇၅) ရာခိုင်နှုန်းသည် တိုင်းရင်းသားများဖြစ်ကြောင်း၊ ခရစ်ယာန်ဘာသာအား သက်၀င်ယုံကြည်မှုအများဆုံးပြည်နယ် တစ်ခုလည်းဖြစ်ကြောင်း၊ ပြည်နယ်၏လူဦးရေး (၃၅၅၀၀၀) အနက် ကက်သလစ်ဘာသာ၀င်ဦးရေမှာ (၉၀၀၀၀) ကျော် ရှိကြောင်း၊ ထိုနေရာ၌စစ်ရှောင်နေသောပြည်သူများအနေဖြင့် ဘာသာရေး၀တ်ပြုခြင်းကိုပြုလုပ်သော ဘုရားကျောင်း အားယခုကဲ့သို့လက်နက်ကြီးငယ်များဖြင့်ပစ်ခတ်ခံရလိမ့်မည်ဟုလုံး၀မမျှော်လင့်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးပစ်ခတ် သောအချိန်သည်လည်း ပြည်သူများအိပ်မောကျနေသောအချိန်ဖြစ်ကြောင်း၊ လွိုင်ကော်ဂိုဏ်းအုပ်သာသနာ၏ပြောရေး ဆိုခွင့်ရှိသူ ဖာသာရ်စိုးနိုင်၏ပြောပြချက်အရ အခင်းဖြစ်ပွားရာသို့ သာသနာ့ခေါင်းဆောင်များရောက်ရှိကြည်ရူချိန်၌ ပြည် သူများကစင့်ကလျားထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း၊ ထိုအခင်ဖြစ်ပွားပြီးနောက် ထောင်နှင့်ချီသော ပြည်သူ များသည် ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၌တိမ်းရှောင်ခိုလှုံနေကြရကြောင်းပြောသည်။

            မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သော ကာဒီနယ်ချားလ်စ်ဘိုက ‘ဘုရားကျောင်း သည်အတော်ပျက်စီးသွားကြောင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်သည့်သက်သေဖြစ်ကြောင်း၊ သန်းခေါင်ယံပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများသည် ကြံရာမရ။ နီးစပ်ရာတောတောင်ထဲသို့ပြေးလွှားခိုအောင်းခဲ့ကြရကြောင်း၊ ၄င်းတို့၏ကံကြမ္မာကို ပြင်ပကမ္ဘာကအဘယ်သို့ရှိမည်ကိုမသိရသေးကြောင်း၊ အစားအသောက်၊ ဆေး၀ါးနှင့်ကျန်းမာရေးဆိုင်ရာဆေး ၀ါးပစ္စည်းများသည် အရေးပေါ်လိုအပ်ချက်များဖြစ်ကြောင်း၊ သို့သော်၄င်းတို့ထံရောက်ရှိနိုင်ရန်မှာလမ်းစမရှိသေး ကြောင်း၊ စစ်ရှောင်အများစုမှာ ကလေးသူငယ်များနှင့်သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ အခြေခံစားကုန်များမရှိ၍အစာ ငတ်မွတ်နေကြရပြီး၊ ဆေး၀ါးကူညီမူမရှိသောကြောင့်လည်း အလွန်ဆိုးရွားလှသောလူမှုဒုက္ခဖြစ်သည်ဟုဆိုထားပါ သည်။               

            လက်ရှိအခြေအနေကြောင့် အသက်ဆုံးရှုံးသွားကြသောအပြစ်မဲ့၊ အကာအကွယ်မဲ့ သူများအတွက်တစ်နိုင်ငံလုံး သည်ငိုကြွေးနေရသည်။ လက်ရှိအချိန်အထိ စစ်ပွဲကြောင့်သေဆုံးသူ (၁၀၀) ခန့်ရှိလာပြီး၊ နေရပ်စွန့်စစ်ရှောင်များထောင် နှင့်ချီရှိလာနေသည်။ မကြာမီကဖြစ်ပွားသော ပြည်တွင်းစစ်ကြောင့် လွိုင်ကော်၌ ပြည်သူ (၂၀၀၀၀) ကျော် နေရပ်စွန့်ခွာ ခဲ့ရသည်။ ပြည်တွင်းစစ်ပိုမိုဖြစ်ပွားရန်ပျိုးခြင်းထက် ရပ်တန့်ရမည်။ ကိုးဗစ် (၁၉) ကြောင့် လူသန်းနှင့်ချီ မိမိတို့၏အ သက်မွေး၀မ်းကြောင်းကိုမလုပ်နိုင်ဖြစ်နေပြီး၊ အစာရေစာငတ်ပြတ်မူများနှင့်ကြုံနေရချိန် နောက်ထပ်လှိုင်းထကြွရန် ဘေးရှိနေပါသည်။    

နိုင်ငံတကာဥပဒေများကိုလည်းလေးစားရန်တိုက်တွန်း

            ကာဒီနယ်ချားလ်ဘိုကဆက်လက်၍ ပဋိပက္ခများတွင်ပါ၀င်နေသောအဖွဲ့အစည်းများအား ‘ဘာသာရေး၀တ်ပြုရာ နေရာသည် အဖွဲ့အစည်းနှင့်ဆိုင်သောအမွေအနစ်များဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ကြေညာချက်ထဲတွင်ပါ၀င်ကြောင်း၊ ဘုရားကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းများသည် မည်သည့်ပဋိပက္ခမျိုးများ၌မဆိုကာကွယ်ပေးရမည့်အဆော်အဦးဖြစ် ကြောင်း ‘ဟိတ်’ (the Hague နိုင်ငံတကာခုန်ရုံရှိသောနိုင်ငံ) ၏ကြေညာချက်ထဲတွင်ပါ၀င်ကြောင်း၊ စစ်ကောင်စစ်တပ်၏ လက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၊ ထိခိုက်ဒဏ်ရာရသူများသည် ရန်သူမဟုတ်။ ၄င်းတို့သည် ပြည်သူများ ဖြစ်ကြသည်။ ထို့ကြောင့်ကျွန်ုပ်တို့အနေဖြင့် အလွန်ကြီးမားခမ်းနားသော ဤတိုင်းပြည်၏ငြိမ်းချမ်းရေးအတွက်ဆု တောင်းလျှက်ရှိကြောင်း၊ ဤတိုင်းပြည်၌ ကျွန်ုပ်တို့အားလုံး ညီအစ်ကိုမောင်နှမများကဲ့သို့နေထိုင်နိုင်ရန်လည်း မျှော်လင့် ကြောင်းကာဒီနယ်ကပြောကြားသည်။

မြန်မာပြည်မှဂျက်ဆွီစ်ဘုန်းတော်ကြီးများလည်း ဘုရားကျောင်းအားလက်နက်ကြီးဖြင့်ပစ်ခတ်မှုအပေါ်ရှုံ့ချ

            ဘုရားကျောင်းအား လက်နက်ကြီးဖြင့်ပစ်ခတ်မှုအပေါ် မြန်မာပြည်၌သာသနာပြုနေသော ဂျက်ဆွီစ်ဘုန်းတော် ကြီးများကလည်းပြစ်တင်လိုက်သည်။ ယခုလုပ်ရပ်အတွက် စစ်ကောင်စီတပ်အနေဖြင့်တာ၀န်ရှိကြောင်း၊ စစ်ကောင်စီ တပ်အနေဖြင့် မည်သည့်အကာအကွယ်မျှမရှိသော အပြစ်မဲ့ပြည်သူများကို ရန်သူသဖွယ်သဘောထား၍ ပစ်ခတ်နေမှုကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ဗာတီကန်သတင်းဌာနသို့ပြောကြားခဲ့သည်။ မြန်မာဂျက်ဆွီစ်အသင်း၏ ဖေ့စ်ဘွတ်ခ် လူမူကွန်ရက်စာမျက်နှာပေါ်၌လည်း စစ်ပွဲသည်မြို့ပေါ်အထိကူးစက်ပျံ့နှံ့လာသောကြောင့် မည်သည့်နေရာမျှမလုံခြုံ တော့ကြောင်း၊ စစ်ကောင်စီတပ်များသည် အပြစ်မဲ့ပြည်သူများအားဆင်ခြင်တုံတရားမဲ့စွာသတ်ဖြတ်နေကြကြောင်း၊ ထို့ ကြောင့်ပြည်သူများအတွက် မိမိတို့၏အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုရရာလက်နက်ဖြင့်ကာကွယ်ခြင်းမှတစ်ပါးအခြားရွေး ချယ်စရာမရှိတော့ကြောင်း၊ ပြည်သူများသည် စစ်ကောင်စီတပ်ကိုင်ဆောင်ထားသော ခေတ်မှီလက်နက်များဖြစ်သည့် စက်သေနတ်၊ အ‌ေ၀းပစ်နိုင်သောလက်နက်များ၊ တင့်ကားများ၊ ရဟပ်ယာဉ်များမရှိ။ သူတို့၌ မတရားမှု၊ မကောင်းမှုကို ပြန်လည်ခုခံတိုက်ခိုက်မည်ဆိုသော စိတ်နှင့်ပြင်းပြသောခံယူချက်သာရှိကြောင်း၊ စစ်ကောင်စီ၏တပ်မှာမူ နောက်ဆုံး ထုတ်ခေတ်မှီလက်နက်များဖြင့် စိတ်လိုက်မာန်ပါပစ်ခတ်ဖျက်ဆီးသတ်ဖြတ်ပြီး၊ ပြည်သူများထွက်ပြေးတိမ်း ရှောင်သွား ကြသောအခါ အိမ်ထဲ၌ရှိသမျှဥစ္စာပစ္စည်းများ၊ စားစရာများကိုလည်းခိုးယူသွားကြ၊ ယူမသွားနိုင်သောအရာများကိုမူ ဖျက် ဆီးပစ်ခဲ့ကြသည်။

            ဆက်လက်၍ စစ်ကောင်စီကို စစ်ကူအင်အားပူးပေါင်းပေးခဲ့သော ပအိုဝ့် (PNO) လက်နက်ကိုင်အဖွဲ့အစည်းအား လည်း သစ္စာဖောက်ဟုစွပ်စွဲထားသည်။ အဘယ်ကြောင့်ဆိုသော် စစ်ကောင်စီနှင့်ပူးတွဲ၍ မည်သည့်အကာအကွယ်မျှမရှိ သည့် မိမိတို့ပြည်သူကိုစစ်ခင်းသောကြောင့်ဖြစ်သည်။ စစ်ဘေးဒဏ်သင့်ပြည်သူများသည် ၄င်းတို့ကြုံတွေ့ခံစားဖြတ်သန်း ခဲ့ရသော လူမဆန်သည့်ဆိုးရွားသည့်အခြေအနေများကြောင့် ကုစားရန်အတွက် မိမိတို့သက်၀င်ယုံကြည်သောဘာသာ ရေးနည်းလမ်းများဖြင့်အားပေးနှစ်သိမ့်သည့်အစီအစဉ်များကို ဖြစ်နိုင်သမျှစောစောလင်လင်ပြုလုပ်ပေးသင့်သည်။ တရား မျှတခြင်း၊ အမှန်တရားနှင့်ငြိမ်းချမ်းရေးသည်သည် အောင်ကိုအောင်ရမည်ဟုရေးသားထားသည်။         

ဆန္ဒပြခြင်းနှင့်တိုင်းရင်းသားပဋိပက္ခများ

            ပြည်သူများမှရွေးကောက်တင်မြောက်သော ပြည်သူ့အစိုးရထံမှ စစ်ကောင်စီအာဏာသိမ်းပြီး၊ ပြည်သူ့အစိုးရများ နှင့်ရွေးကောက်ခံလွှတ်တော်အမတ်များ၊ ၀န်ကြီးများကိုဖမ်းဆီးထိန်းသိမ်းခဲ့သော ဖေဖော်၀ါရီ လ (၁) ရက်နေ့မှစ၍ ဆန္ဒပြမှုနှင့်လူမှုအမိန့်မနာခံမှုလှုပ်ရှားမူကြီးသည်အင်နှင့်အားနှင့်နိုင်ငံတစ်ဝှမ်းလှုပ်ရှားလာခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် စီးပွားရေးကိုထက်၀က်မျှကျဆင်းသွားစေခဲ့သည်။ ကရင်၊ ကချင်၊ ကယား၊ ချင်းတိုင်းရင်းသားဒေသများ၌လည်း တိုက်ပွဲများဖြစ်ပွားမူ အရှိန်မြင့်တက်လာခဲ့သည်။ ထိုဒေသများသည် ခရစ်ယာန်အများဆုံးနေထိုင်သောဒေသများ ဖြစ် သည်။ မတရားအာဏာသိမ်းထားသော စစ်ကောင်စီသည် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ဆန္ဒပြဆန့် ကျင်နေသူများအား အင်အားများသုံး၍ အကြမ်းဖက်ဖြိုခွဲမူ၊ ဖိနှိပ်မူများကိုလုပ်ဆောင်လာသည်မျာ တိုက်လေယာဉ်များ၊ လက်ကြီးများဖြင့်ထိုးစစ်ဆင်သည်အထိတိုးမြှင့်လာခဲ့သည်။        

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3i2t7CA

Add new comment

2 + 0 =