Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အာစီစီ မြို့မှ ဖရန်စ္စကင်းအ သင်း ဝင်များ၌ ကိုဗစ် လူနာ ၁၈ ဉီး ထပ်မံတွေ့ရှိ
အာစီစီ မြို့မှ ဖရန်စ္စကင်းအ သင်း ဝင်များ၌ ကိုဗစ် လူနာ ၁၈ ဉီး ထပ်မံတွေ့ရှိ
အီတလီနိုင်ငံ ရောမမြို့ အပြင် အာစီစီ မြို့လေးမှာရှိတဲ့ ဘုရား ဖူးအများလာရောက်လေ့ရှိတဲ့ ရဟန္တာစိန့်ဖရန်စစ်၏ နောက် လိုက် အသင်းဝင် သူတော်စင်များ သတင်းသုံးနေထိုင်ရာ ရသေ့ကျောင်း၌ ရသေ့ ၁၀ ပါးနှင့် ဝင်လိုသူ နောဗစ် ၈ ပါး စုစုပေါင်း ၁၈ ပါး တို့ဆီမှာ ကိုဗစ် ပိုး ထပ်မံတွေ့ရှိတယ်လို့ဆိုပါတယ်။
သို့သော် ၁၈ ပါးလုံးမှာ သီးသန့် ထားရှိ ကာ ကျန်းမာလျှက်ရှိကြကြောင်းကို အ သင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Fr.Enzo Fortunato က ပြောကြားခဲ့ပါတယ်။
ပထမကတော့ ပြင်သစ် နဲ့ တခြား ဉရောပ နိုင်ငံများက သင်တန်း စတင်ရန် ရောက်ရှိလာတဲ့ ဝင်လိုသူများထံမှပါ လာကြောင်း သို့သော် ၄င်းတို့မှာ ယခု အချိန်ထိ အာစီစီသို့ ဘုရားဖူးလာသူများနှင့်ထိ တွေ့မှု မရှိသေးလို့လည်းဆိုပါတယ်။
ရဟန္တာစိန့်ဖရန်စစ်ရဲ့ အုတ်ဂူတော် မြှုပ်နှံထားရာ ဤ ဘု ရားဖူးနေရာကို မေလ ၁၈ ရက်နေ့က ကိုဗစ် စည်းကမ်းချက်များနှင့် ပြန်လည်ဖွင့်လစ်ခဲ့ကြောင်း နှစ် ဘုရားဖူးများအားလည်း ကြိုဆိုကြောင်း ကို တာဝန်ခံ ဘုန်းတော်ကြီးမှ
ဝဘ်ဆိုက်တွင် ဖော်ပြထားကြောင်းအီတလီနိုင်ငံဟာ သြဂုတ်လ ၇ ရက် နေ့မှာ လူနာ အသစ် ၅၅၂ ဉီး သြဂုတ်လ ၉ ရက်နေ့မှာ လူနာအသစ် ၄၆၃ ဉီး ထပ်မံ တွေ့ရှိထားတယ်လို့ လည်း အီတလီ ကျန်းမာရေး ဌာနမှ ထုတ်ပြန်ထားသည်ကို CNA သတင်းအရသိရှိရပါတယ်။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of : sara.krawczyk/Shutterstock
Add new comment