အာစီစီမြို့သို့‌ကြွရောက်မည့် ပုပ်ဖရန်စစ်၏ခရီးစဉ်အစီအစဉ်ထုတ်ပြန်

အာစီစီမြို့သို့‌ကြွရောက်မည့် ပုပ်ဖရန်စစ်၏ခရီးစဉ်အစီအစဉ်ထုတ်ပြန်

အာစီစီမြို့သို့‌ကြွရောက်မည့် ပုပ်ဖရန်စစ်၏ခရီးစဉ်အစီအစဉ်ထုတ်ပြန်

ရဟန်းမင်းကြီးသည် လာမည့်သောကြာနေ့၊ နို၀င်ဘာလ (၁၂) ရက်နေ့၌ အာစီးစီမြို့သို့ကြွရောက်မည်ဖြစ်သည်။ ကြွရောက်ရခြင်း၏ရည်ရွယ်ချက်မှာ ‘အပြည်ပြည်ဆိုင်ရာ ချို့တဲ့နွမ်းပါးသူများနေ့’ ကိုကျင်းပရန်ဖြစ်သည်။

အာစီးစီမြို့ သည် တစ်ချိန်က ဥစ္စာပေါ၊ ရုပ်ချောခဲ့သော်လည်း ယေဇူးသခင်သခင်၏နောက်သို့လိုက်ရန် အရာရာကိုစွန့်ခဲ့သည့် စိန့်ဖ ရန်စစ်၏ဇာတိမြို့ဖြစ်သည်။ ယခုကြွရောက်ခြင်းသည် လူထုပရိသတ်ကြီးနှင့်တွေ့ဆုံမည်မဟုတ်ဘဲ ကမ္ဘာတစ်၀ှမ်းမှ ချို့တဲ့နွမ်းပါးသူများအားကိုယ်စားပြုသောကိုယ်စားလှယ် (၅၀၀) ဦးနှင့်သာသီးသန့်တွေ့ဆုံမည်ဖြစ်သည်။ ထိုတွေ့ဆုံ သည့်အစီအစဉ်၌ ရဟန်းမင်းကြီးသည် အဆိုပါကိုယ်စားလှယ်တို့၏ အစီရင်ခံချက်များကိုနားထောင်မည်ဖြစ်သည်။ အဆို ပါချို့တဲ့နွမ်းပါးသူတို့အားကိုယ်စားပြုသူများသည် ဥရောပတိုက်မှဖြစ်ကြသည်။

ရဟန်းမင်းကြီး သည် ဥရောပတစ်ခွင်မှကြွရောက်ကြမည့် ချို့တဲ့နွမ်းပါးသူတို့၏ကိုယ်လှယ်များနှင့်တွေ့ဆုံသည့် အစီအ စဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

နံနက် - ၉း၀၀ - ရဟန်းမင်းကြီး အာစီးစီမြို့သို့ရောက်ရှိခြင်း

အာဏာပိုင်များက ရဟန်းမင်းကြီးအား စိန်ဖရန်စစ်အာစီးစီဘာစီးလီကာကျောင်း၀င်း၌ ခရီးဦးကြိုပြုကြိုဆို မည်ဖြစ်သည်။ ထို့အတူ ချို့တဲ့နွမ်းပါးသူများ၏ကိုယ်စားလှယ်များကလည်း ရဟန်းမင်းကြီးအား အဓိပ္ပါယ်ဖော်ဆောင် သည့်ကြိုဆိုမှုဖြင့်လည်းကောင်း၊ ခရီးသွား၀တ်ရုံတော်၊ တောင်‌ေ၀ှးတို့ကိုကပ်လှူမည်ဖြစ်သည်။ ဤလက်ဆောင် များကိုဆက်ကပ်ရခြင်းမှာ စိန့်ဖရန်စစ်၏ဇာတိမြို့သို့ ခရီးသွားဧည့်သည်များအဖြစ်ရောက်ရှိလာပြီး၊ သူ၏စကားကိုနား ထောင်ရန်ဖြစ်သည်ဟု အဓိပ္ပါယ်ဖော်ဆောင်ရန်ဖြစ်သည်။

ဘာစီးလီကာထဲ၌အစီအစဉ်ကျင်းပခြင်း၊

ကြွရောက်လာကြသော ကိုယ်စားလှယ်များအနက် (၆) ဦးမှ ၄င်းတို့၏ဘ၀ဖြတ်သန်းကြုံတွေ့ခဲ့ပုံကို ရဟန်းမင်း ကြီးအားတင်ပြမည်ဖြစ်သည်။ ထို (၆) ဦးအနက် (၂) ဦးသည် ပြင်သစ်နိုင်ငံမှ၊ (၁) ဦးမှာ ပိုလန်နိုင်ငံမှ၊ (၁) ဦးမှာ စပိန်မှ၊ ကျန် (၂) ဦးမှာ အီတလီနိုင်ငံမှဖြစ်ကြသည်။ ၄င်းတို့၏တင်ပြချက်များကိုကြားနာပြီးသောအခါ ရဟန်းမင်းကြီးမှ၄င်းတို့ အားပြန်လည်ဖြေကြားဆွေးနွေးမည်ဖြစ်သည်။

နံနက် - ၁၀း၃၀

ရဟန်းမင်းကြီးနှင့်လာရောက်တွေ့ဆုံသည့် ကိုယ်စားလှယ်များအား အဆာပြေကျွေးမွေးခြင်း၊

နံနက် - ၁၁း၀၀

ဘာစီးလီကာဘုရားကျောင်းသို့ပြန်လာကြပြီး ရဟန်းမင်းကြီးနှင့်အတူဆုတောင်းခြင်း၊ ရဟန်းမင်းကြီးကပေး သောလက်ဆောင်ကိုလက်ခံခြင်း၊

နိဂုံးချုပ်

ထို့နောက် ရဟန်းမင်းကြီးသည် ရဟပ်ယာဉ်ဖြင့် ဗာတီကန်သို့ပြန်ကြွမည်ဖြစ်သည်။ သို့သော် ချို့တဲ့နွမ်းပါးသူ များ၏ကိုယ်စာလှယ်များသည် နေ့လယ်စာကို အာစီးစီမြို့၏ဆရာတော် Domenico Sorrentino နှင့်အတူ သုံးဆောင်ကြ မည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3CVYLZY

Add new comment

3 + 3 =