Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အာဂျင်တီးနားနိုဘယ်လ်ဆုရှင် စာဆိုတော် Perez Esquivel အတွက် ပုပ်ဖရန်စစ် ဆုတောင်းပေး
အာဂျင်တီးနားနိုဘယ်လ်ဆုရှင် စာဆိုတော် Perez Esquivel အတွက် ပုပ်ဖရန်စစ် ဆုတောင်းပေး
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ မကျန်းမာသူများအပေါ် နွေးထွေးရင်းနှီးမှုကို ပြသသော နောက်ဆုံးဖော်ပြချက်မှာ အာဂျင်တီးနားနိုင်ငံသား တက်ကြွလှုပ်ရှားသူ တစ်ဦး ထံ ပြန်လည်ကျန်းမာလာစေဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ တနင်္ဂနွေနေ့က စာတိုတစ်စောင် ပေးပို့ခဲ့ပါတယ်။
Adolfo Perez Esquivel ဟာ နှစ်သစ်အစမှာ ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေးစိုးရိမ်ကြောင့်ကြမှုကို ခံစားခဲ့ရပြီး အာဂျင်တီးနားနိုင်ငံ Mar del Plata ၏ ပင်လယ်ကမ်းခြေအပန်းဖြေစခန်းမှာ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။
ပြန်လည်သက်သာရာရကြောင်းသတင်းရရှိပြီးနောက် ပုပ်ရဟန်းမင်းကြီးသည် Buenos Aires ၏တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာရှိ သော Mar del Plata မြို့မှ Bishop Gabriel Mestre မှတဆင့် Mr. Perez Esquivel သို့ စာတိုတစ်စောင်ပေးပို့လိုက်တာပါ။
ပုပ်ရဟန်းမင်းကြီးက မစ္စတာ Perez Esquivel ၏ဇနီး Amanda Guerreoထံသို့လည်း နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့သေးတယ်။
သန့်ရှင်းသော အမိမယ်တော်မာရိီယားကူညီစောင့်ရှောက်ပြီး သခင်ယေဇူးကောင်းချီးပေးပါစေလို့ စာစောင်ကို နိဂုံးချုပ်လိုက်ပါတယ်။ အခြေအနေပြန်လည် ကောင်းမွန် တည်ငြိမ်နေတဲ့ Mr. Perez ကို ဆရာတော် Mestre သည် နှစ်သစ်ကူးနေ့မှာ အလည်အပတ်သွားခဲ့ပါတယ်။
အတူတကွ ဆုတောင်းကြပြီး ဆရာတော်သည် နာမကျန်းသူကို ပရိတ်တော်ဆီလူးပေးခြင်း စကက္ကရမင်တူးကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း ကိုဒိုင်အာစီယံ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးနှင့်အများကောင်းကျိုးအတွက် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသူ အာဂျင်တီးနားလူမျိုးကို အမြန်ပြန်လည်ကျန်းမာလာစေရန် ဆုတောင်းပေးဖို့ ကက်သလစ်ဘာသာဝင်များအား တိုက်တွန်းထားပါတယ်။
ဆင်းရဲသားတွေအပေါ် ဖိနှိပ်မှုကို ရှုတ်ချခြင်း
အာဂျင်တီးနားကို ၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုအတွက် အနုပညာရှင်နဲ့ စာရေးဆရာ Mr. Perez Esquivel ကို ၁၉၈၀ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။
သူဟာ စစ်အာဏာရှင်တို့၏ လက်ချက်ဖြင့် ထောင် ၁၄ လကြာ အကျဉ်းချခံရပြီးနောက် အကျဉ်းကျနေစဉ် နိုဗယ်ဆု ကို ရရှိခဲ့တာပါ။
Mr. Perez Esquivel သည် လက်တင်အမေရိကပြည်သူများ ဟူသော အမည်ဖြင့် ငြိမ်းချမ်းရေးဆုကို လက်ခံခဲ့ပြီး လူအနည်းငယ်ကိုသာ မျက်နှာသာပေးသည့် လူမှုရေးစနစ်ကို ရှုတ်ချခဲ့သူဖြစ်ပါတယ်။
လူနည်းစုများသာ အကျိုးခံစားခွင့်ရှိသည့် လူမှုအဖွဲ့အစည်းတစ်ခုကိုသာ ဆုပ်ကိုင်ထားခြင်းသည်အဖွဲ့အစည်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ဆင်းရဲမှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖြစ်စေပါတယ်။ ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့သူတွေဆီမှ ပိုမိုချမ်းသာလာပြီး ဆင်းရဲတဲ့သူတွေမှာ ပိုမိုဆင်းရဲသွားသည်" ဟု သူ၏ လက်ခံမိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။
နိုဘယ်ဆု လက်ခံရရှိပြီးနှစ်ရက်အကြာတွင် Mr. Perez Esquivel လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှ လွတ်မြောက်ခဲ့သည်။ သူသည် အနုပညာနှင့် သူ၏ သတင်းစာတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မှတဆင့် လူ့အခွင့်အရေးကို မြှင့်တင်ခဲ့ပါတာပါ။
၂၀၁၃ ခုနှစ် ပုပ်ရဟန်းမင်းကြီး တင်မြောက်ပွဲအပြီး ရက်အနည်းငယ်တွင် Buenos Aires ဇာတိဖြစ်သော Mr. Perez Esquivel သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နှင့် သီးသန့်တွေ့ဆုံခဲ့ပါတယ်။
ဘာသာပြန်-RVA Myanmar
Add new comment