အာဂျင်တီးနားနိုင်ငံ သမ္မတ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံ

အာဂျင်တီးနားနိုင်ငံ သမ္မတ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံ

အာဂျင်တီးနားနိုင်ငံ သမ္မတ ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံ

အာဂျင်တီးနားနိုင်ငံသမ္မတ Alberto Fernández က ရဟန်းမင်းကြီးနှင့်ကြာသပတေးနေ့၌ တွေ့ဆုံရန်စီ စဉ်ထားသည်။ သမ္မတကြီး၏ ဥရောပခရီးစဉ်များဖြစ်သော လစ္စဘွန်၊ မာဒရစ်နှင့်ပါရီများအနက် ရဟန်းမင်းကြီးနှင့်တွေ့ ဆုံခြင်းသည်လည်းတစ်ခုပါ၀င်သည်။  ယခုကဲ့သို့ သမ္မတ၏တွေ့ဆုံမှုသည် သူ၏အစိုးရကြားကြီးထွားလာနေသော တင်း မာမှုများကိုလျော့ကျသွားစေမည်ဟုမျှော်လင့်ကြောင်း အာဂျင်တီးနားသတင်းစာတစ်စောင်၌ဖော်ပြထားသည်။ 

 ယခုကဲ့သို့ တွေ့ဆုံခြင်းသည် ၄င်းတို့၏ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ ပထမတစ်ကြိမ်တွေ့ဆုံခြင်းကား အာဂျင်တီးနားနိုင်ငံက သန္ဓေဖျက်ချခြင်းကို တရား၀င်ခွင့်ပြုပေးလိုက်သည့်နှစ်ကဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် လက်ရှိသမ္မတက မဲဆွယ် စဉ်ကထားရှိခဲ့သော ကတိက၀ပ်ကိုဆန့်ကျင့်ခဲ့သည့်လုပ်ရပ်များအနက်တစ်ချက်ဖြစ်သည်။  သမ္မတက သူ၏နိုင်ငံ၌ တင်ရှိနေ သော အပြည်ပြည်ဆိုင်ရာကြွေးမြီ (၄၀) ဘီလီယံ ကိစ္စနှင့်ပတ်သက်၍ ရဟန်းမင်းကြီးမှ၀င်ရောက်ဆွေးနွေးကြား၀င်ပေးခဲ့၍ ပြေလည်သွားသည့်အတွက်လည်း ကျေးဇူးတင်လိုသည်။  က

ယခုလာမည့်သောကြာနေ့၌ အာဂျင်တီးနားနိုင်ငံ၏ဘဏ္ဍာရေး ၀န်ကြီးနှင့်အခြားသော၀န်ကြီးများလည်း ကမ္ဘာ့ရံပုံငွေအဖွဲ့၏ဒါရိုက်တာ Kristalina Georgieva နှင့်ဗာတီကန်၌ တွေ့ဆုံမည်ဖြစ်သည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2RdkR7w

Add new comment

1 + 0 =