အသံသွင်းထားသော ကျမ်းစာတစ်အုပ်လုံးကိုနားထောင်ရန် (၈၉) နာရီသာအချိန်ပေးရန်လိုဟုဆို

အသံသွင်းထားသော ကျမ်းစာတစ်အုပ်လုံးကိုနားထောင်ရန် (၈၉) နာရီသာအချိန်ပေးရန်လိုဟုဆို

အသံသွင်းထားသော ကျမ်းစာတစ်အုပ်လုံးကိုနားထောင်ရန် (၈၉) နာရီသာအချိန်ပေးရန်လိုဟုဆို

            ကျမ်းစာကို အသံသွင်းမည်ဆိုပါက နေရာအဘယ်မျှယူမည်နည်း။ Navarra တက္ကသိုလ်မှ အသံသွင်းယူလိုက်သော ကျမ်းစာမှာ (၁၅) ဂျီကာဘိုက်လိုအပ်ပြီး၊ ယခုအခါ အွန်လိုင်းတွင် လွှင့်ထုတ် နေပြီဖြစ်သည်။ ကျမ်းစာကိုအသံသွင်းရာတွင် အလွန်ထူးချားချက်များရှိသည်။ တစ်ခုလုံးကို နားဆင် ရန်အတွက် (၈၉) နာရီကြာသည်။ ထို့ကြောင့် ကျမ်းစာတစ်အုပ်လုံး ကိုအသံသွင်းထား သောဖိုင်လ်ကို နားထောင်လိုပါက နာရီ (၁၀၀) အချိန်ပေးရမည်ဖြစ်ကြောင်း Eunsa ၏အထွေထွေမန် နေဂျာ ဖြစ်သောJavier Balivrea ကရှင်းပြခဲ့သည်။

ဤအသံသွင်းထားသောကျမ်းစာဖိုင်လ်၌ ကျမ်းစာတစ်အုပ်စီ၏ နိဒါန်း ကိုလည်းထည့်သွင်းထားသည်။ ဤအသံဖိုင်လ်ကို Navarra တက္ကသိုလ်၏ ဒီဂျစ်တယ်စာမျက်နှာ၌ရနိုင်သည်။ များမကြာမီ အခြားသော လူမှုကွန်ရက်များမှလည်းတင်ပေးရန်လုပ်ဆောင်နေပါသည်။ အသံဖိုင်လ်ကျမ်းစာ၏အားသာချက်မှာ သင် နားထောင်လိုသည့်အချိန်၊ နေရာ၌လွယ်လင့်တကူနားထောင်နိုင်သည်။ အလုပ်ရှုပ် လွန်းသော ကြောင့်လည်းကောင်း၊ တိတ်ဆိတ်မှုမရှိသောအခြေအနေမျိုး၌လည်းကောင်း နားထောင်နိုင်သည်။ ဤနည်းအားဖြင့် ကျမ်းစာအုပ်မရှိ၍ မဖတ်ရ၊ မဖတ်နိုင်ဟူသောအခက်အခဲမျိုးမရှိတော့ပေ။ တစ်ခု သာသင်လိုသည်။ WiFi တပ်ဆင်ထားရန်သာလိုပါသည်။ ယခုကဲ့သို့ ဘုရားသခင်၏ အသက်ပေးနှုတ် တော်ထွက်စကားကို လူမှုကွန်ရက်အမျိုးမှရရှိနိုင်သောကြောင့် လူတိုင်းဘုရားသခင်၏အ သက်ပေး နှုတ်တော်ထွက်စကားကို နေရာတိုင်း၊ အချိန်တိုင်း၊ အခြေအနေတိုင်း၌ ကြားနာခွင့်ရနိုင်ပြီဖြစ်သည်။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xZhmVx

Add new comment

2 + 5 =