အသုံးအဖြုန်းကြီးသောခရစ္စမတ်မဖြစ်စေရန်ပုပ်ဖရန်စစ်မိန့်ကြား

အသုံးအဖြုန်းကြီးသောခရစ္စမတ်၊ မစာနာသောခရစ္စမတ်မဖြစ်စေရန်ပုပ်ဖရန်စစ်မိန့်ကြား

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သောတပတ် ဗုဒ္ဓဟူးနေ့က ကမ္ဘာတစ်လွှားမှဘုရားဖူးများနှင့်ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမ၌တွေ့ဆုံစဉ် (ဆောင်း တွင်း၌အေး၍ခန်းမ၌တွေ့ဆုံခြင်းဖြစ် သည်။) ယူကရိန်းမှသနားစရာပြည်သူများအားသတိရရင်း ဘာသာတူများအားလည်းယူကရိန်းပြည်သူတို့ကိုသတိရကြရန် အထူး သဖြင့်ခရစ္စမတ်ကာလ၌သတိရကြရန်တောင်းဆိုလိုက်သည်။

အသုံးအဖြုန်းကိုလျော့ချကြရန်၊ ရိုးရှင်းသောခရစ္စမတ်ကိုကျင်းပကြရန်၊ ခရစ္စမတ်အတွက်လျော့ချလိုက်သော အသုံးစရိတ်ကိုစစ်ဒဏ်သင့်ဒေသများ၌ခိုအောင်းရှောင် တိမ်းနေ ကြရသောပြည်သူများထံသို့ပေးပို့ကြရန်၊ သူတို့သည်လွန်စွာခက်ခဲနေကြကြောင်း၊ ဆာလောင်နေကြရကြောင်း၊ ချင်ဆီခဲ့မတတ်သောအအေးဒဏ်ကိုခံစားနေကြရကြောင်း၊ ကုသမှုလိုအပ်ချိန်၌ ဆရာ၀န်၊ သူနာပြုများမရှိ၍ လူ့အသက်ပေါင်းများစွာဆုံးရှုံးနေကြရကြောင်း၊ ဤသို့သော အခြေအနေမျိုးကိုရှင်သန်ဖြတ်သန်းနေရသောပြည်သူတို့ကိုမမေ့အပ်ကြောင်း၊

စစ်မီးတောက်လောင်နေသောယူကရိန်းနှင့်မြန်မာနိုင်ငံအား ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ထားရှိ၍ ဘုရားသခင်နှင့်ကြေအေးသောခရစ္စမတ်ကျင်းပကြပါစို့။ လက်တွေ့ကျသောအကူအညီကိုသူတို့အားပို့ပေးကြပါစို့ဟုတိုက်တွန်းခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3HH6WyI

Add new comment

4 + 2 =