အသစ်ခန့်အပ်ခြင်းခံရသောဗာတီကန်ရဲများအတွက်၀န်းကျင်အသစ်နှင့်အိမ်

အသစ်ခန့်အပ်ခြင်းခံရသောဗာတီကန်ရဲများအတွက်၀န်းကျင်အသစ်နှင့်အိမ်

အသစ်ခန့်အပ်ခြင်းခံရသောဗာတီကန်ရဲများအတွက်၀န်းကျင်အသစ်နှင့်အိမ်

ဗာတီကန်ရဲများ၏တန်းလျားများကိုသဘာ၀၀န်းကျင်နှင့်သဟဇာတရှိပြီး၊ မိသားစုဆန်ကာရင်းနှီးမူချစ်ခင်မူရှိသော ပုံစံကိုပြန်လည်တည်ဆောက်ရန်လျာထားချက်ရှိကြောင်းဗာတီကန်ကထုတ်ဖော်ခဲ့သည်။ ဗာတီကန်ရဲများကို ‘ဆွီစ်ရဲများ’ ဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော်ဤအမူကိုထမ်းဆောင်သူများအားလုံးသည်ဆွီစ်နိုင်ငံသားများဖြစ်ကြသည်။ ‘ဆွီစ်ရဲများမရှိပါကကျွန်ုပ်ဘ၀အဘယ်သို့မျှစဉ်းစား၍မရ။ သူတို့သည်ကျွန်ုပ်အနီးအပါး၌နေ့ညရွေးအမြဲရှိနေသည်’ ဟုရ ဟန်းမင်းကြီးဖရန်စစ်က ဆွီစ်ရဲတို့၏တန်းလျားပြန်လည်တည်ဆောက်ခြင်းအစီအစဉ်ကိုတင်ပြစဉ်ကမိန့်ကြားခဲ့သည်။ ဤ ‘4င်းတို့၏အမူတော်၌ကျွမ်းကျင်မူရှိခြင်း၊ စည်းကမ်းသေ၀ပ်ခြင်း၊ သတိတရားရှိခြင်း၊ ယုံကြည်အားထားရခြင်းနှင့်ယဉ်ကျေး ရည်မွန်ခြင်းစသည့်အချက်များသည်၄င်းတို့အားကျေးဇူးမတင်ဘဲအနေနိုင်အောင်ဖြစ်ရကြောင်း၊ သူတို့သည်ရွယ်နုပျိုသော် လည်းနေ့စဉ်စည်းကမ်းနှင့်သွားလာရသည်။ ကျွန်ုပ်၏လှုံခြုံမူအတွက် (၂၄) နာရီအမူထမ်းနေရသည်။ ထို့ကြောင့်ဗာတီကန် သည်သူတို့အတွက်ဒုတိယအိမ်သဖွယ်ဖြစ်လာနေသောကြောင့်၄င်းတို့အတွက်ခေတ်မှီပြီး၊ လုံခြုံသောအိမ်ယာတည် ဆောက်ခြင်းသည်အလွန်အရေးကြီးနေပါသည်။ အချို့သောရဲသည်အိမ်ထောင်ရှိပြီး၊ ဇနီးနှင့်သားသမီးများလည်းရှိသည်’ ဟုရဟန်းမင်းကြီးကရှင်းပြပါသည်။  

၄င်းတို့အတွက်အိမ်ရာဆောက်လုပ်ရန်ငွေကြေးကိုမူရဟန်းမင်းကြီးအားစောင့်ရှောက်သောဆွီစ်ရဲများ၏တန်းလျား ပြုပြင်မွမ်းမံသည့်အဖွဲ့မှပံ့ပိုးပေးမည်ဖြစ်သည်။ ဤရံပုံငွေကိုဆွီကရုဏာရေးအဖွဲ့မှ (၂၀၁၆) Solothurn ၌စတင်ခဲ့သည်။ ဤ အဖွဲ့၏ဥက္ကဌမှာ Jean-Pierre Roth ၊ ဆွီစ်ရဲဗိုလ်ကြီး Christoph Graf ၊ ပိသုကာဆရာများဖြစ်သော Pia Durisch နှင့် Aldo Nolli တို့နှင့်ရံပုံငွေအဖွဲ့၏ကိုယ်စားလှယ်များနှင့်ဤဆောက်လုပ်ရေးကိုဖော်ဆောင်နိုင်ရန်အကြိမ်များစွာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးမူအပြီး၌ဆောက်လုပ်ရေးကိုဖော်ဆောင်ရန်ခွင့်ပြုချက်ရခဲ့သည်။ ဤလုပ်ငန်းပြီးစီသည်အထိကုန် ကျမည့်ရံပုံငွေကိုအလှူရှင်များမှလည်းရက်ရောစွာထည့်၀င်လှူဒါန်းကြမည်ဟုလည်းမျှော်လင့်ကြောင်းရံပုံငွေအဖွဲ့၏ဥက္ကဌ ကမျှော်လင့်ထားသည်။ ယခုဆောက်လုပ်မည့်တန်းလျားအသစ်သည်ခေတ်ရေစီးနှင့်အညီဆောက်လုပ်မည်ဖြစ်သည်။ လက် ရှိအဆောက်အဦးသည်ယိုယွင်းဟောင်းနွမ်းနေပြီဖြစ်၍ဗာတီကန်ရဲများအားဆက်လက်ထားရှိရန်သတ်မှတ်ထားသောစံနှုန်း နှင့်လည်းမညီတော့ကြောင်းကိုလည်းဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin စာရေးသား၌ရံပုံငွေမတည်ပေး သောအဖွဲ့နှင့်အလှူရှင်များတို့အားကျေးဇူးကြောင်းပြောကြားထားသည်။ 

(မိသားစုအတွက်နွေးထွေးသောအိမ်)

လက်ရှိအဆောင်သည်မိသားစုနှင့်ဖြစ်နေသောရဲများအတွက်အလွန်ကျဉ်းကြပ်သည်။ မိသားစုနှင့်နေထိုင်ရန်သက် တောင့်သက်သာမရှိလှပေ။ ထို့ကြောင့်ရံပုံငွေအဖွဲ့မှစီစဉ်၍အလှူရှင်များလည်းရှာကာ ဗာတီကန်ကိုဆွီစ်ရဲများအတွက် ‘ဒုတိယ’ အိမ်ဖြစ်အောင်ဖန်တီးပေးရန်၊ ဤသို့ဖန်တီးခြင်းသည်ယူနီဖောင်းတောက်တောက်ပြောင်ပြောင်၊ သန့်သန့်ပြန့်ပြန့် ဖြင့်ရဟန်းမင်းကြီးအားလည်းကောင်း၊ ရဟန်းမင်းကြီးများသီတင်းသုံးခဲ့ကြသောကျောင်းတိုက်ကိုသော်လည်းကောင်း၊ ဗာ တီကန်အဆောက်အအုံများ၌လုံခြုံရေးပေးနေသောရဲများအတွက်သာမဟုတ်ဘဲ ၄င်းတို့၏နောက်ကွယ်၌ရှိသောဇနီးများ၊ သားသမီးများအတွက်လည်းထည့်သွင်းစဉ်းစားပေးခြင်းဖြစ်ကြောင်း၊ ရဲများသည်၄င်းတို့မိသားစုနှင့်နေထိုင်နိုင်ရန်မှာအရေး ပါကြောင်း၊ ထို့အတူအိမ်ထောင်ပြုတော့မည်သူများလည်းနေရာထိုင်ခင်းကြောင့်ပြင်ပ၌အိမ်ဌားနေရန်မလိုကြောင်း၊ လက်ရှိ အခန်း၏ထက် (၃၀) ရာခိုင်နှုန်းတိုးချဲ့ဆောက်လုပ်မည်ဖြစ်ကြောင်း၊ သို့ဖြင့်လက်ထပ်မည့်ရဲအနေဖြင့်လည်းအိမ်ထောင် သည်အဖြစ်ချောင်လည်စွာနေထိုင်နိုင်ကြောင်း၊ လက်ရှိအဆောက်အအုံကိုမဖျက်ဘဲပြင်ဆင်မွမ်းမံလျှင်ယခုထက်ကျယ်၀န် သောအခန်းကိုမရနိုင်သောကြောင့်အဆောင်ကိုဖြိုချရခြင်းဖြစ်ကြောင်းရံပုံငွေအဖွဲ့၏ဥက္ကဌဖြစ်သူကရှင်းပြပါသည်။ 

(သဘာ၀ပတ်၀န်းကျင်အရလည်းသဟဇာတရှိရန်လို)

အသစ်ပြန်လည်တည်ဆောက်မည့်အဆောက်အဦးသည် သဘာ၀ပတ်၀န်းကျင်နှင့်သဟဇာတရှိအောင်ဖန်တီးနိုင် ရေးအတွက်လည်းအခွင့်ကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ဗိသုကာပညာရှင်၏သုံးသပ်ချက်အရ“Laudato si'” စာချွန်တော်နှင့် အညီသဘာ၀ပတ်၀န်းကျင်ကိုအလေးထားမူသည်အဓိကကျကြောင်း၊ ၄င်းအပြင်ယခုနှစ်သည် အဆိုပါစာချွန်တော်ဖြန့်ချီခဲ့ သည့် (၅) နှစ်မြောက်နှစ်ပတ်လည်နှစ်လည်းဖြစ်ကြောင်း၊ အဆောက်အအုံဖြိုချရမှထွက်ရှိလာသောအမှိုက်များကိုလည်း ပြန်လည်အသုံးပြုနိုင်အောင်စီစဉ်မည်ဖြစ်ကြောင်း၊ ယခုဆောက်လုပ်သောဆွီစ်ရဲတို့၏တန်းလျားသည်အလွန်ခိုင်ခန့်သော ကြောင့်ပြန်လည်ထိန်းသိမ်းမွမ်းမံမူသိပ်လိုအပ်မည်မဟုတ်ကြောင်း၊ သို့သော်ကုန်ကျစရိတ်များများစားစားမဖြစ်စေရန်အ ကောင်းဆုံးဖြစ်စေမည်ဖြစ်သော်လည်းကုန်ကျသက်သာစေမည်ပစ္စည်းများကိုသာအသုံးပြုမည်ဖြစ်ကြောင်းရှင်းပြသွားခဲ့ သည်။ ထို့အတူဆွီစ်ရဲများအားအုပ်ချုပ်ရသောဗိုလ်ကြီးကလည်း ယခုတည်ဆောက်လိုက်သောအဆောက်အဦးကြောင့်ရ ဟန်းမင်းကြီး၏လုံခြုံရေးအတွက်ဆွီစ်ရဲများလျှောက်ထားရန်ဆန္ဒရှိသောလူငယ်များအတွက်စိတ်၀င်စားဖွယ်ရာအ ကြောင်းတစ်ရပ်ဖြစ်သွားမည်ဖြစ်ကြောင်းလည်းပြောကြားသွားသည်။

(ရဟန်းမင်းကြီး၏လုံခြုံရေးကိုပေးနေရသောဆွီစ်ရဲများကားအဘယ်သူများနည်း)

၄င်းတို့သည်ကမ္ဘာ့သမိုင်း၌သက်တမ်းအကြာဆုံးရဲများအဖြစ်မှတ်တမ်း၀င်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့အ တူကမ္ဘာပေါ်၌အင်အားအနည်းဆုံးဖြစ်ပြီး၊ လွှတ်လပ်သောပြည်နယ်တစ်ခု၏စစ်တပ်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ တစ် နည်းဆိုရသော၄င်းတို့သည်ရဟန်းမင်းကြီး၏ကိုယ်ပိုင်စစ်တပ်ဟုလည်းဆိုနိုင်ပါသည်။ ဆွီစ်ရဲများအဖြစ်ဖွဲ့စည်းတည်ထောင် သည့်နှစ် (၅၀၀) နှစ်ပတ်လည်ကို (၂၀၀၆) ခုနှစ်ကျင်းပခဲ့ပြီးဖြစ်သည်။ ဆွီစ်ရဲများဖွဲ့စည်းတည်ထောင်ခဲ့သည့်ခုနှစ်အတိအ ကျမှာ (၁၅၀၆၊ ဇန္နာ၀◌ါရီလ ၁၅၀၆) ခုနှစ်ကဖြစ်သည်။ ယခုနှစ်သည်ဤအဖွဲ့အစည်း၏တည်ရှိခြင်းနှစ် (၅၁၄) နှစ်ပြည့်ပြီ ဖြစ်သည်။

ဖွဲ့စည်းတည်ထောင်ခါစ၌ ရဟန်းမင်းကြီး၏လုံခြုံမူအတွက် တိုက်ရည်ခိုက်ရည်ကိုသာအဓိကထားခဲ့သော်လည်း ထိုသို့ဖွဲ့စည်းပြီး (၂၁) အကြာတွင်ရဟန်းမင်းကြီးဩဇာအပေါ်၌လည်းလုံး၀သစ္စာစောင့်တိရိုသေရမည့်အချက်ကိုလည်းဖြည့် စွက်ထည့်သွင်းခဲ့သည်။ စပိန်ဘုရင် Charles V သည် (၁၅၂၇၊ မေလ၊ ၆) ရက်၌ ရဟန်းမင်းကြီးကလဲမင်း (၇) အားဖမ်းဆီး ပြီး၊ ရောမအားသိမ်းပိုက်ရန်စစ်ချီလာစဉ်ကရောမစစ်တပ်နှင့်ဆွီစ်တပ်သားများကသာခုခံတိုက်ခိုက်ခဲ့ရသည်။ နယ်ချဲ့လာသောစစ်တပ်သည် အင်နှင့်အားနှင့်ချီလာရာဆွီစ်တပ်များတစ်ယောက်မကျန်ရန်သူများ၏အဓိကမြို့၀င် ပေါက်အားရွန်ရွန်ချွန်ချွန်ခုခံကာကွယ်ခဲ့သည်။ ထိုတိုက်ပွဲ၌ဗာတီကန်စစ်သား (၁၄၇) ဦးကျဆုံးခဲ့ပြီး၊ ရန်သူ (၉၀၀) ကိုသတ် ဖြတ်ခဲ့သည်။ ၄င်းတို့သည်စစ်ခိုလုံသူ (၂၀၀) ကျော်နှင့်အတူယနေ့စိန့်ပီတာဘုရားကျောင်းကြီး၌လာရောက်ခိုလှုံခဲ့ကြသည်။ သို့သော် (၁၈၉) ဦးအနက်ဆွီစ်တပ်သား (၄၂) ဦးသာအသက်ရှင်ကျန်ခဲ့သည်။ ထိုအခြေအနေ၌ရဟန်းမင်းကြီးကလဲမင်း (၇) အားဆွီစ်စစ်တပ်များကအစောင့်အကြပ်ထူထပ်စွာချထားပြီး၊ လျှို၀ှက်စကြ်မှ Castel Sant’Angelo (သိကြားမင်းရဲတိုက်) ရှိ ရာသို့ခေါင်ဆောင်သွားကအသက်ဘေးမှကယ်တင်ခဲ့သည်။ ထို (၁၅၂၇၊ မေလ၊ ၆) ရက်နေ့၌ဖြစ်ပွားသောအစုလိုက်အပြုန် လိုက်သတ်ဖျက်မူကြီးသည်ဆွီစ်တပ်သားများအတွက်ဂုဏ်ယူရဆုံးသမိုင်း၀င်အဖြစ်အပျက်တစ်ခုအဖြစ်မှတ်တမ်းတင်ကျန် ရစ်သည်။

ထိုတိုက်ပွဲ၌ကျဆုံးသွားသောစစ်သားများအားဂုဏ်ပြုသည့်အနေဖြင့်နှစ်စဉ်အောက်မေ့ဖွယ်ဆုတောင်းပွဲကိုဗာတီ ကန်ကစီစဉ်ကျင်းပလေ့ရှိသည်။ ထိုနေ့၌ပင်ရဲတပ်သားအသစ်များလည်း ကတိသစ္စာပြုကြရပြီး၊ ရဟန်းမင်းကြီးအပေါ် သစ္စာစောင့်တိကြရသည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2SFDMoI

Add new comment

6 + 8 =