အသင်းတော်ကြီးက သင်တို့ကိုချစ်ပါတယ်ဟု မသန်စွမ်းသူများအား ပုပ်ဖရန်စစ်ဆို 

အသင်းတော်ကြီးက သင်တို့ကိုချစ်ပါတယ်ဟု မသန်စွမ်းသူများအား ပုပ်ဖရန်စစ်ဆို 

အသင်းတော်ကြီးက သင်တို့ကိုချစ်ပါတယ်ဟု မသန်စွမ်းသူများအား ပုပ်ဖရန်စစ်ဆို 

 

ဧဝံဂေလိသတင်းကောင်းကို အခြေခံတဲ့ သာသနာပြုခြင်းကို သယ်ဆောင်ကြဘို့ အသင်းတော်ကြီးက သင်တို့ကို လိုအပ်တယ်၊ သင်တို့ကိုလည်းချစ်ပါတယ်လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဒီဇင်ဘာ ၃ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ မသန်းစွမ်းသူများနေ့အတွက် မြွက်ကြားခဲ့တဲ့ သတင်းစကားမှာ ထည့်သွင့်မြွက်ကြားခဲ့တာဖြစ်ပါတယ်။ 

ဒီနေ့ခေတ်မှာထိ သင်တို့အများစုဟာ အသိုင်းအဝန်းရဲ့ပြင်ပမှာရှိသလို ဆက်ဆံခံနေကြရဆဲဖြစ်တာဟာ စိတ်မကောင်းစရာပါပဲ လို့ နိုဝင်ဘာ ၂၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။ 

လူ့အသိုင်းအဝိုင်းမှာ မပါသလို ဖြစ်တည်မှုမရှိသလို မသန်စွမ်းသူများဟာ ခံစားနေကြရကြောင်း နိုင်ငံသားအဖြစ်အပြည့်အဝ ခံစားမှုတွေလည်း မခံစားရသူတွေ အများကြီးရှိနေသေးတယ်လို့ အရှင်သူမြတ်က အသိပေးလိုက်ပါတယ်။

လူမှုအသိုင်းအဝိုင်းရဲ့ အဆင့်အမျိုးအမျိုးမှာ နှိမ့်ချဆက်ဆံခြင်းဆိုတာတွေရှိနေသေးကြောင်း၊ ဒါတွေဟာ အမှန်ကို မစူးစမ်းပဲ ဘက်လိုက်ခြင်းတွေ၊ လူတစ်ဉီးစီရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သိက္ခာတွေကို မသိကျိုုးးကျွံပြုခြင်းတွေဖြစ်လာတယ်လို့ အရှင်သူမြတ်က မိန့်ကြားခဲ့တာဖြစ်ပြီး အသင်းတော်ကြီးက သင်တို့ကို လိုအပ်တယ်၊ သင်တို့ကိုလည်းချစ်ပါတယ်လို့ အားပေးထားတာဖြစ်ပါတယ်။ 

   

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3I4QCp8

Add new comment

19 + 1 =