အသင်းတော်၏ လုပ်ငန်းများတွင် အမျိုးသမီးများကို ထည့်သွင်းအသုံးပြုလာခြင်း

အသင်းတော်၏ လုပ်ငန်းများတွင် အမျိုးသမီးများကို ထည့်သွင်းအသုံးပြုလာခြင်း

အသင်းတော်၏ လုပ်ငန်းများတွင် အမျိုးသမီးများကို ထည့်သွင်းအသုံးပြုလာခြင်း
ဇူလိုင်လ ၈၊ ၂၀၁၉

ဘုရားသခင်အားဆက်ကပ်ထားသောဘဝအသက်တာအဖွဲ့အစည်းများ အသင်း နှင့် တမန်တော်လုပ်ငန်း အသက်တာ အဖွဲ့အစည်းများ အတွင်းသို့ ၂၀၁၉ ခု ဇူလိုင်လ ၈ ရက်နေ့ အဖွဲ့ဝင် အသစ် ၂၃ ဦးဖြည့်တင်းခဲ့ပါသည်။ ယင်း တို့အထဲတွင် အမျိုးသမီး ၇ ဦးပါဝင်လာပါသည်။ ယခင်က ယင်းအဖွဲ့အစည်းများတွင် ကာဒီနယ်များ ဆရာတော်များ နှင့် ဘုန်းတော်ကြီးများသာ ဖွဲ့စည်း ထားသော အဖွဲ့အစည်းများ ဖြစ်ပါသည်။ ယင်းအမျိုးသမီး ၇ ဦးတွင် ဘာသာရေး အသင်းဂိုဏ်းအကြီး အကဲ ၆ ဦး နှင့် အမျိုး သမီး လူဝတ်ကြောင့် အဖွဲ့အစည်း၏ အကြီးအကဲ တစ်ဦး တို့ပါဝင်ပါသည်။

ရဟန်းမင်းကြီး ရုံးတော်အဖွဲ့အစည်းအတွက် ၁၉၈၈ ခုနှစ်က ထုတ်ပြန်ခဲ့သော Pastor bonus စာချွန်တော်အရ ဘုန်းတော်ကြီးများ အဖွဲ့ဝင် သာမက သာမာန် ယုံကြည်သူ ဘာသာဝင်များသည်လည်းပဲ ရဟန်းမင်းကြီး ရုံးတော်အဖွဲ့အစည်းဖြစ်သော ကာဒီနယ်များ ဆရာတော်ကြီးများ အဖွဲ့တွင် ထည့်သွင်းနိုင်သည် ဟူသော အချက်အရ
အသင်းတော်၏ ခေါင်းဆောင်ပိုင်း အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်လာသောအမျိုးသမီးများမှာ

အသင်းတော်၏ သာသနာပြုလုပ်ငန်းအဖွဲ့အစည်း၏ အဖွဲ့ဝင် ပထမဦးဆုံး အမျိုး သမီးများ အဖြစ်
~ Comboni သာသသနာပြု များ၏ အကြီး အကဲ စစ္စတာ Irma Premoli နှင့် စစ္စတာ Luigia Coccia တို့ကိုလည်းကောင်း၊
~ စိန့် ဗင်းဆင်းဒီပေါ၏ သမီးများ ကရုဏာရေး အသင်းဂိုဏ်း အကြီး အကဲ စစ္စတာ Kathleen Appler ကိုလည်းကောင်း၊
~ ခရစ်ယာန်တို့အား မှိုင်းမတော်မူသော သခင်မ အသင်းဂိုဏ်း အကြီးအကဲ စစ္စတာ Yvonne Reungoat ကိုသော်လည်ကောင်း
~ စိန့် ဖရန်စစ် သာသနာပြု သီလရှင် များ အသင်းဂိုဏ် အကြီးအကဲ စစ္စတာ Francoise Massy ကိုသော်လည်းကောင်း
~ နှစ်သိမ့်အားပေးခြင်း အသင်းဂိုဏ်း အကြီးအကဲစစ္စတာ Brambilla ကိုသော်လည်းကောင်း
~ ကျွနု​ပ်တို့၏ မယ်တော်သခင်မ အသင်းအဖွဲ့အကြီးအကဲစစ္စတာ M. Rita Calvo Sanz တို့ နှင့်
~ ဒွန်ဘော်စကို သာမာန်လူဝတ်ကြောင်များ နှင့်ဆိုင်သော အသင်းအဖွဲ့အကြီးအကဲ Olga Krizova တို့ ဖြစ်ကြပါသည်။
By Kyi Maung

https://bit.ly/2LmIiaj
Photo credit to vatican news.

Add new comment

3 + 16 =