အသက်(၈၁)နှစ်အရွယ်ရှိ အဖွားတစ်ယောက်၊ ပုပ်ဖရန်စစ်ထံမှ ဆုတံဆိပ် လက်ခံရရှိ

အသက်(၈၁)နှစ်အရွယ်ရှိ အဖွားတစ်ယောက်၊ ပုပ်ဖရန်စစ်ထံမှ ဆုတံဆိပ် လက်ခံရရှိ

သူမ၏သာသနာတော်နှင့် အဖွဲ့အစည်းအတွက် (၃၅)နှစ်ကြာ ပေးဆပ်ခဲ့ပြီးနောက် Anne Kelly သည် ပုပ် ရဟန်း မင်းကြီးထံမှ လေးစားဂုဏ်ပြုခြင်းကို ခံခဲ့ရသည်။

ယခုကဲ့သို့ ပုပ်ရဟန်းမင်းကြီးရုံးတော်မှ သာသနာတော်အ တွက် သူမ၏ ပေးဆပ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သောဆုတံဆိပ်ကို ရရှိရန်အတွက် သူမ၏ သာသနာအတွင်းရှိ ဘာသာတူများမှ တောင်းဆိုပေးခဲ့ကြခြင်းဖြစ်သည်။

အသက်(၈၁)နှစ်အရွယ်ရှိ အဖွား Anne Kelly သည် သူမသာသနာအတွင်းရှိ ဘာ သာတူများ Facebook live မှ လွှင့်သောမစ္ဆားတွင် ပါ၀င်နိုင်ရန်အတွက် facebook အကောင့်တစ်ခု ဖွင့်ခဲ့ပြီး online မှ ပြုလုပ်သော ဘာ သာရေးလုပ်ဆောင်မှုများတွင်လည်း ပါ၀င်ခဲ့ကာ သူမ၏ သာသနာအတွင်းရှိ နေမကောင်းဖြစ်နေသော ဘာသာ

ဝင်များအား ပြုစုသကဲ့သို့ ခရစ္စမတ်ပါတီကဲ့သို့သော အခမ်းအနားတွင်လည်း ပါ၀င်လုပ်ဆောင်ခဲ့သည်။

Reverend Mark Cassidy မှ “သူမ၏ ယခုကဲ့သို့ ဂုဏ်ပြုခံရခြင်းသည် သာသနာတော်အတွက် ပေးဆပ်ခဲ့သော သူမ ၏ပေးဆပ်မှုအတွက်သာမ ဟုတ်ဘဲ အခြားသောသူများအား မိမိတို့၏ သာသနာပြုခြင်းများကို လုပ်ဆောင်ကြရန်အတွက် တွန်းအားဖြစ်စေခြင်း၊ ခွန်အားဖြစ်စေခြင်းတို့ကြောင့် ဖြစ်ကြောင်း”ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ဂုဏ်ပြုခြင်းကို (၁၈၃၁) ခုနှစ်၊ ရဟန်းမင်းကြီး ဆဠမအကြိမ်မြောက် ပီဦး လက်ထက်တွင် စတင်ခဲ့ကာ ရဟန်းမင်းကြီးရုံးတော်တွင် အမှုထမ်းနေသော စစ်သည်များအတွက်သာ ရည်ရွယ်ခဲ့သည်။ သို့သော် (၁၉၂၅)ခုနှစ်တွင်မူ စစ်သည်အမှုထမ်းများသာမက ရဟန်းအသိုင်းအဝိုင်းနှင့် သာမာန်ဘာသာ၀င်များပါ သူတို့၏ ပေးဆပ်မှုများအ တွက် ဂုဏ်ပြုခြင်းကိုခံထိုက်ကြောင်း ပြုပြင်ခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Bjørn Christian Tørrissen | CC BY-SA 3.0

https://bit.ly/2KU5HkC

Add new comment

6 + 1 =