အသက်(၇၀) ကျော်နှင့်အထက် အနာကြီးရောဂါသည် မိသားစု (၁၂၀) အား အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်း။

အလိုအပ်ဆုံးသူများကို အထူးပြုကာ လူတိုင်းဘဝကိုမြှင့်တင်ပေးနိုင်ရန် ဆိုသည့်အတိုင်း ကိုဗစ်(၁၉) ကပ်ရောဂါကာလအတွင်း လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်သော အသက်(၇၀) ကျော်နှင့်အထက် အနာကြီးရောဂါသည် မိသားစု (၁၂၀) အား အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခြင်း။

(၉.၁.၂၀၂၁)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ ရည်မှန်းချက်နှင့် သိန္နိဌာန် ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် အလိုအပ်ဆုံးသူများကို အထူးပြုကာ လူတိုင်းဘဝကိုမြှင့်တင်ပေးနိုင်ရန်ဆိုသည့်အတိုင်း ကိုဗစ်(၁၉) ကပ်ရောဂါကာလအတွင်း လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေသော နံ့သာမြိုင်ကျေးရွာရှိ အသက်(၇၀) ကျော်နှင့်အထက် အနာကြီးရောဂါသည် မိသားစု (၁၂၀)စု ၊ ရေနံသာ အနာကြီး ရောဂါကုသရေး ဆေးရုံတွင် ကုသမှုခံယူနေသော ဝေဒနာရှင် (၂၅) ဦးနှင့် ၊ ရေနံ့သာ ဆေးရုံဝင်းအတွင်းနေထိုင်သော မိသားစု (၄) စုတို့အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ခေါက်ဆွဲ၊နှင့်လက်သန့်စင် ဆေးရည်များကို (၉.၁.၂၀၂၁) ရက်နေ့ ၊ ယနေ့ နံနက်ပိုင်းက မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ Covid 19 Response Team မှ ဦးဆောင်ကာ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ၎င်းပြင် နံ့သာမြိုင်ကျေးရှာ ရှိ အနာကြီးရောဂါသည် ပရဟိတ လူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ဆောက်လုပ်လျှက်ရှိသော မီးသဂြိုလ်စက် ပြီးမြောက်ရန်အတွက် မန္တလေး ကက်သလစ်သာသနာနှင့် စိန့်ကိုလန်ဘမ် အသင်းဂိုဏ်းတို့ ပူးပေါင်း၍ အလှူငွေကျပ် နှစ်သိန်းကိုလည်း ထည့်ဝင်လှူဒါန်းပေးခဲ့ပါသည်။

News by - Pinky

#rvapastoralcare​ #MandalayArchdiocese​ #Covid19ResponseTeam​

Add new comment

12 + 8 =