အသက်ရှင်ခြင်းသည် လူတိုင်း၏ အခွင့်အရေးဖြစ်သည်ဟု ပုပ်ဖရန်စစ် မြွက်ကြား

အသက်ရှင်ခြင်းသည် လူတိုင်း၏ အခွင့်အရေးဖြစ်သည်ဟု ပုပ်ဖရန်စစ် မြွက်ကြား

အသက်ရှင်ခြင်းသည် လူတိုင်း၏ အခွင့်အရေးဖြစ်သည်ဟု ပုပ်ဖရန်စစ် မြွက်ကြား

အသင်းတော်ဟာ သေကြောင်းကြံစည်မှုကို ကူညီပေးခြင်းမရှိကြောင်း၊ အသက်ရှင်ခြင်းရဲ့ ရပိုင်ခွင့်သာရှိပြီး သေခြင်းရဲ့ ရပိုင်ခွင့်ဆိုတာမရှိကြောင်း ဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့မှာ မြွက်ကြားခဲပါတယ်။

ဗာတီကန်ရှိ အပတ်စဉ် အထွေထွေ လူထုပရိတ်သတ်နှင့်တွေ့ဆုံရာ မှာ အာဂျင်တီးနားလူမျိုး ဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ဆိုသည်မှာ လက်ခံနိုင်ဖွယ်မရှိတဲ့ဆေးထိုးသတ်ခြင်းနဲ့ ဆေးအကူညီအားဖြင့် အသက်ဆုံးစေခြင်းကို လက်မခံကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

သေခါနီး လူတွေကို အဖော်ပြုပေးရတာ လိုအပ်ပေမယ့် ထိုသူများကို မိမိကိုယ်ကို သေ ကြောင်းကြံရန် ကူညီဆောင်ရွက်ပေးခြင်း မပြုကြရန် ကိုလည်း ပုပ်ရဟန်းမင်းကြီးက သတိပေးနှိုးစော်ခဲ့ပါတယ်။

"အသက်ရှင်ခြင်းဟာ လူတိုင်းရဲ့ ရပိုင်ခွင့်ဖြစ်ပြီး ၊ သေခြင်းဟာ မည်သို့မျှ ရပိုင်ခွင့်မဖြစ်နိုင်ပါ။ ဒါကြောင့် သေခြင်းကို ပို့ဆောင်တဲ့သူ မဟုတ်ဘဲ သေခြင်းကို စောင့်စားတဲ့သူ ဖြစ်ကြရပါမယ်" ဆိုပြီး အရှင်သူမြတ်က. မိန့်ကြားခဲ့ပါတယ်။

ဘာသာပြန်- အာဗီအေမြန်မာ
https://bit.ly/3sqRuxi

Add new comment

8 + 9 =