အသက်မပြည့်သေးသူများအားကူညီစောင့်ရှောက်သည့်စီမံကိန်း

အသက်မပြည့်သေးသူများအားကူညီစောင့်ရှောက်သည့်စီမံကိန်း

အသက်မပြည့်သေးသူများအားကူညီစောင့်ရှောက်သည့်စီမံကိန်း

စက်တင်ဘာလ (၁၆-၁၈) အထိပုပ်ရဟန်းမင်းကြီး၏ရုံးတော်များအနက်တစ်ခုဖြစ်သောအသက်မပြည့်သေးသူများ အားကူညီစောင့် ရှောက်ရေးကော်မရှင်ကမျက် နှာစုံညီအစည်းအ​ေဝေးကိုကျင်းပခဲ့သည်။

ထိုအစည်းအဝေး၌ရောမ မှကိုယ် စားလှယ်အချို့နှင့်အွန်လိုင်းမှကိုယ် စားလှယ်အချို့ပါ၀င်ဆွေးနွေးခဲ့ကြသည်။ ဤကော်မရှင်ကို (၂၀၁၄၊ မတ်လ) ၌ရဟန်းမင်းကြီးဖရန်စစ်မှဦးစီးဖွဲ့စည်းခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့သည်ထိုအ စည်းအဝေး ၏နောက်ဆုံးနေ့ဖြစ် ရာလုပ်ငန်းများနှင့်ပတ် သက်၍သတင်းသမားများအားရှင်းလင်းထုတ်ပြန်ခဲ့သည်။ ကိုဗစ် (၁၉) ကြောင့်ကော်မရှင်၏ လုပ် ငန်းစဉ်များသည်အွန်လိုင်းမှသာလုပ် ဆောင်နေရာသည်ဖြစ်ရာ
အွန်လိုင်းမှလုပ်ဆောင်မူနှင့်ပတ် သက်၍ထိရောက်မူ၊ လေ့ လာတွေ့ရှိမူ၊ စစ်တမ်းကောက် ယူမူနှင့်ပညာပေးသည့်အစီ အစဉ်များနှင့်ပတ် သက်၍ သုံးသပ်မူများပြုစေခဲ့သည်။

အသက်မပြည့်သေးသည့်သားကောင်းများ၏ရှင်သန်ရပ် တည်မူကော်မရှင်သည်အ လုပ်၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ၊ လုပ်ငန်းဌာန၌ဖြစ်စေသား ကောင်ဖြစ်ခဲ့ရသောသူများနှင့်လည်း ချိပ်ဆက်လုပ်ဆောင်လျှက်ရှိသည်။ ၄င်းတို့နှင့်လည်းပုံမှန်တွေ့ဆုံလေ့ရှိသည်။ ဤတွေ့ဆုံခြင်းမှတွေ့ရှိ၊ သိရှိရသမျှကို တစ်ဖက် သားမနစ်နာစေရန်ရှောင်ရှား ၍ပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ အကြံပေးကာကွယ်သည့်နည်းလမ်း များ၌ပြန်လည်အသုံးပြုလေ့ရှိသည်။

ဘရာဇီးလ်နိုင်ငံ၌ကယ်တင်ထားသောသူများတွေ့ဆုံဆွေး နွေးပွဲကိုကော်မရှင်၏ အသေးစားစီမံကိန်းအဖြစ်လုပ်ဆောင်လျှက်ရှိသည်။ ဤသို့ပြုလုပ်ခြင်းဖြင့်ကော်မရှင်အတွက်မိမိတို့၏လုပ်ငန်းကို အ ကျိုးရှိ ထိရောက်စွာလုပ်ကိုင်နိုင်သောကောင်းကျိုးကိုပေးသည်။

ပညာပေးခြင်းနှင့်ပြုစုပျိုး ထောင်ခြင်း

‘ကိုဗစ်ကာလအတွင်း က လေးများနှင့်အကာအကွယ်မဲ့သောသူများအားစောင့် ရှောက်စို့’ အွန်လိုင်းအစီ အစဉ်တစ် ခုကိုသူတော်စင်အသင်း၏အကြီးအကဲများနှင့်ကော်မရှင်တို့ပူးပေါင်းတင်ဆက်ခဲ့သည်။ ထိုအစီ အစဉ် ၌ပါ၀င်ခဲ့သူများ၏ သုံးသပ်ချက်များအရယခုကဲ့သို့အွန်လိုင်းမှလက်တွေ့ကျသောကိစ္စများ၌ပညာပေးခြင်း၊ ပြုစုပျိုးထောင်ခြင်းကိုပြုလုပ်စေ
လိုကြောင်း၊ ထို့ကြောင့်ကော် မရှင်အနေဖြင့်ဤကဲ့သို့သောအစီအစဉ်ကိုမကြာတော့သည့်အနာဂါတ်၌ ဆက်လက်တင် ဆက်ရန်ရှိပါသည်။

လမ်းညွှန်ချက်နှင့်စည်းကမ်းများကိုလိုက်ရန်လို

အွန်လိုင်းတင်ဆက်မူ၌ ကော် မရှင်အနေဖြင့်ပညာရှင်များ၏ တည်း ဖြတ် မူများကိုရယူပြီး၊ လိုက်နာရမည့်လမ်းညွှန် ချက်နှင့်စည်းကမ်းများကိုထုတ်ဝေမည်ဖြစ်ပါသည်။ ယခုကဲ့သို့ပြုလုပ်ခြင်းသည်စော် ကားခံရသောသူများအားတရားမျှ တစွာနှင့်အကြမ်းဖက်စော် ကားခံများ၏အသံကိုပိုမိုကြားသိနိုင်ရေးဖော်ထုတ်လိုသောကြောင့်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3cvYQY4

Add new comment

17 + 0 =