အလ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်များအားဆက်လက်ဖိနှိပ်ညှဉ်းဆဲနေဆဲ

အလ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်များအားဆက်လက်ဖိနှိပ်ညှဉ်းဆဲနေဆဲ

အီစ္စရေး-ဟားမာစ်စစ်ဆက်လက်အရှိန်ပြင်းစွာဖြစ်ပွားနေသော်လည်း အလ်ဂျီးရီးယားအစိုးရအနေ ဖြင့်ခရစ်ယာန်တို့အားဖိနှိပ်ညှဉ်းဆဲနေမှုဖြစ်ပွားမြဲဖြစ်ပွားလျှက်ရှိသည်။ အပြည်ပြည်ဆိုင်ရာခရစ်ယာန်များအရေး (the International Christian Concern (ICC) လုပ်ဆောင်သောအဖွဲ့ထုတ်ပြန်ချက်အရ များမ ကြာမီကလည်း အယ်ဂျီးရီးယားအစိုးရအနေဖြင့် ခရစ်ယာန်တို့၏ဘုရားရှိခိုးကျောင်းများကိုဖြိုချပစ်ခဲ့သည်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကိုလည်းဖမ်းဆီးထောင်ချခဲ့သည်။ ယခုကဲ့သို့ဖိနှိပ်ညှဉ်းဆဲမှုကိုတိုး မြင့်လုပ်ဆောင်နေခြင်း၏အကြောင်းတရားမှာ ခရစ်ယာန်တို့သည်အီစ္စရေးတို့ကိုအားပေးထောက်ခံသည်ဟုစွပ်စွဲပြီး ဤထောက်ခံမှုသည် အလ်ဂျေးရီးယားနိုင်ငံရှိ အီစ္စလာမ်ဘာသာ၀င်တို့အားလည်းရိုက်ခတ်လာနိုင်၍ ကြိုတင်ဖိနှိပ်ထားခြင်းဖြစ်သည်ဟုဆိုပါသည်။

ICC ၏တင်ပြချက်ထဲ၌ အလ်ဂျေးရီးယားအစိုးရအနေဖြင့်ဘုရားရှိခိုးကျောင်းကဲ့သို့နေရာ၌လူစု လူ‌ေ၀းကြီးနှင့်စု‌ဝေးခွင့်မပြုဘဲ အိမ်များ၌ (၁၀) ဦးခန့်သာစု‌ဝေးဆုတောင်းခွင့်ညွှန်ကြားထားသည်။ မြောက်အာဖရိကနိုင်ငံ၌ လူဦးရေ (၄၂) သန်းရှိသည့်အနက် (၂၀၀၀၀၀) မှခရစ်ယာန်များဖြစ်ကြသည်။ များ သောအားဖြင့် Kabylie၊ Bejaia၊ Tizi Ouzou၊ Annaba၊ Ouargla နှင့် Oran မြို့များ၌ပို၍နေထိုင်ကြသည်။

ယခင်နှစ်က အယ်ဂျီးရီးယားနိုင်ငံ၌ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအနည်းဆုံး (၁၆) ကျောင်းပိတ်ခံခဲ့ရသည်။ ဤသို့လူဦးရေကန့်သတ်ရခြင်းမှာ (၂၀၂၀) ခုနှစ်က COVID 19 ကိုအကြောင်းပြုကာအစုလိုက်အ ပြုံလိုက်လူများစုစည်းမှုကိုပိတ်ပင်ထားသည်။

ခရစ်ယာန်များသည်အစိုးရ၏ဖိနှိပ်ညှဉ်းဆဲမှုအမျိုးမျိုးကိုခံနေရသော်လည်း ကြောက်စိတ်ကိုဦးစားမပေးနိုင်။ အမှန်တရားနှင့်မိမိတို့၏ဘာသာတရားအပေါ်သက်၀င်ယုံ ကြည်မှုကြောင့် သတ္တိရှိစွာဖြင့်မွတ်စလင်များခရစ်ယာန်အဖြစ်သက်၀င်ယုံကြည်လာမှုသည် ကမ္ဘာပေါ်၌ အမြင့်မားဆုံးဖြစ်သည်ဟုဆိုပါသည်။ နိုင်ငံတော်၏ဥပဒေအရ အတင်းအဓမ္မမဟုတ်ဘဲ သက်၀င်ယုံကြည်၍ ကူးပြောင်းခြင်းနှင့်စပ်လျင်း၍ပိတ်ပင်ထားခြင်းမရှိပေ။ သို့သော် မွတ်စလင်များအားအခြားသောဘာသာ၀င်များအားစည်းရုံးသိမ်းသွင်းခြင်းကိုမူပြစ်မှုအဖြစ်သတ်မှတ်ထားသည်။

(၂၀၂၁) ခုနှစ်က အယ်ဂျေးရီးယားနိုင်ငံ၏အခြေအနေနှင့်စပ်လျင်း၍ အမေရိကန်ပြည်ထောင်စု၏ထုတ်ပြန်ချက်၌ ဘာသာပြောင်းခြင်းကိုပိတ်ပင်မှုမရှိဟုဆိုသော်လည်း ခရစ်ယာန်ဘာသာ၀င်အဖြစ်ပြောင်းလဲခံယူခဲ့ကြသူများအနေဖြင့် ပေါ်ပေါ်တင်တင်အသိမခံ၀ံ့ဘဲ တိုးတိုးတိတ်တိတ်နေရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အကွက်ဆင်ဖမ်းနိုင်သကဲ့သို့ မိသားစု၊ အလုပ်အကိုင်၊ စီးပွားရေး၊ လူမှု‌ရေးအရှုပ်တော်ပုံထဲသို့မရရအောင်ဆွဲသွင်း၍ဖမ်းဆီးထိန်းသိမ်းခံရမည်ကိုစိုးရိမ်ရသောကြောင့်ဖြစ်သည်ဟုဖော်ပြထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39xDh

Add new comment

2 + 1 =