အလောင်းများမြှုပ်နှံရန်နေရာမရှိသည်ကို ပါလဲရ်မို ဂိုဏ်းချုပ်ဆရာတော်ကြီး ဝမ်းနည်းကြေကွဲ

အလောင်းများမြှုပ်နှံရန်နေရာမရှိသည်ကို ပါလဲရ်မို ဂိုဏ်းချုပ်ဆရာတော်ကြီး ဝမ်းနည်းကြေကွဲ

အလောင်းများမြှုပ်နှံရန်နေရာမရှိသည်ကို ပါလဲရ်မို ဂိုဏ်းချုပ်ဆရာတော်ကြီး ဝမ်းနည်းကြေကွဲ

 

ပါလဲရ်မို ဂိုဏ်းချုပ်ဆရာတော်ကြီး သည် နိုဝင်ဘာ ၂ ရက်နေ့ သေလွန်သူများအတွက် ဆုတောင်းရသောနေ့ မှာ စစ်စလီမြို့ရဲ့ အကျယ်ဆုံးသချိုင်း Santa Maria dei Rotoli သို့ကြွရောက်ခဲ့ပါတယ်။

ဆရာတော်ကြီးဟာ အခေါင်းများထပ်ထားတဲ့ တဲတစ်ခုသို့သွားရောက်ကာ မြှုပ်နှံရန်နေရာမရှိခြင်းနဲ့ မီးသဂြိုလ်ရန် တန်းစီ နေရသည့် အလောင်း ၈၀၀ တို့အားကောင်းကြီးပေးခဲ့တာဖြစ်ပါတယ်။

လူ့ဂုဏ်သိက္ခာကိုဆည်ဘို့၊ သူတို့ဆီလည်ပတ်တာ အောက်မေ့ဘွယ်ရာနေ့တွေပြုလုပ်ပေးနိုင်ဘို့ ပါလဲရ်မို မှ သေလွန်သူများအတွက် မြှုပ်နှံဘို့နေရာသို့မဟုတ် မီးသဂြိုလ် ဘို့ အတွက် သချိုင်းအသစ် ကျွန်ုပ်တို့ လိုအပ်လာပါပြီလို့ ထိုဒေသရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Corrado Lorefice က နိုဝင်ဘာ ၂ ရက်နေ့ ၎င်းရဲ့ ဩဝါဒမှာ ဝမ်းနည်းစွာနဲ့ မြွက်ကြားခဲ့တာဖြစ်ပါတယ်။

မသိကျိုးကျွံပြုခြင်းတွေက သေခြင်းနဲ့ရုန်းကန်နေရတဲ့ ဒီနေ့ဒီချိန်မှာတောင် ငွေနောက်ကိုလိုက်ကြတဲ့ တစ်ဘို့ထဲသမားတွေကြောင့် ရလာဒ်က ကျွန်ုပ်တို့ရဲ့ သေလွန်သူတွေဟာ မြှုပ်နှံစရာနေရာလေးတောင် မရှိဖြစ်နေကြရတယ်လို့ ဆရာတော်က ဆိုပါတယ်။

ရိုတိုးလီ သချိုင်းဟာ ကိုဗစ်ကြောင့် မြှုပ်နှံရန်ခက်ခဲတဲ့ အလောင်းတွေအများကြီးပုံနေတဲ့ နေရာဖြစ်တယ်လို့လည်း Insider report သတင်းဌာနကထုန်ပြန်ထားတာပါ။

“ကျွန်ုပ်တို့ရဲ့ သချိုင်းတွေကို ဂရုစိုက်ကြရပါမယ်။ ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်နေစဉ်နဲ့ ထာဝရအဖအိမ်တော်မှာ အချင်းချင်းပြန်မဆုံမချင်း ကျွန်ုပ်တို့ရဲ့ ချစ်ရတဲ့သေလွန်သူတွေ  ဂုဏ်သိက္ခာရှိရှိနဲ့ငြိမ်သက်စွာ အိပ်စက်နိုင်ဘို့ ကျွန်ုပ်တို့လုပ်ဆောင်ကြရမှာပါ” လို့လည်း ဆရာတော်ကြီးက မြွက်ကြားးခဲ့တာဖြစ်ပါတယ်။

 

ဘာသာပြန်_စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 Photo courtesy of Culture Trip

https://bit.ly/3nZjoOy

Add new comment

1 + 0 =