အလုပ်လက်မဲ့များအား ကူညီကြရန် အာဏာပိုင်များအား ပုပ်ဖရန်စစ်တောင်းဆို

အလုပ်လက်မဲ့များအား ကူညီကြရန် အာဏာပိုင်များအား ပုပ်ဖရန်စစ်တောင်းဆို

အလုပ်လက်မဲ့များအား ကူညီကြရန် အာဏာပိုင်များအား ပုပ်ဖရန်စစ်တောင်းဆို

ကိုဗစ် ကြောင့် လူများစွာဟာဒုက္ခရောက်နေကြရပြီး ဆင်းရဲသူများပြားလာကာ အလုပ်လက်မဲ့ပြဿနာများလည်းရှိတဲ့ အတွက် ကူညီပံ့ပိုးပေးကြပါရန် အာဏာပိုင်များကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တောင်းဆိုလိုက်ပါတယ်။

“အလုပ်လက်မဲ့ပြဿနာဟာ အရေးပေါ်ဖြေရှင်းရမဲ့ အရာတခုဖြစ်လာနေတာမို့ သေချာတိကျတဲ့ အဖြေတခုထွက်လာမှကိုဖြစ်ပါမယ်။ အလုပ်လက်မဲ့ကြောင့် အမျိုးသမီးများ၊ လူငယ်များ အိမ်ထောင်ဉီးစီးများရဲ့ အခြေအနေတွေပျက်ပြားနေပါပြီ။ မသမာတဲ့ ငွေကြေးကိစ္စများဟာလည်း ဆင်းရဲမှုကို ပိုဖြစ်စေတဲ့ ထောင်ချောက်သဖွယ်ဖြစ်နေပါပြီ။ ဆင်းရဲမှုဟာ သိက္ခာမစောင့်စည်းနိုင်တဲ့ စနစ်တခု ရဲ့အဖြေပါ။ ကျင့်ဝတ်ကို မစောင့်ထိန်းပဲ မသိကျိုးကျွံ ပြုတဲ့ ဈေးကွက်တခုဟာ လူမဆန်တဲ့ အခြေအနေကိုဖန်တီးနေတာဖြစ်ပြီး ဘေးမကင်းတဲ့ အခြေအနေမှာနေနေကြရတဲ့ လူတွေအပေါ်ကို ပုံကျ သက်ရောက်စေတာပါ။ ဆင်းရဲသားများဟာ မိမိတို့ရဲ့ သိက္ခာကို ပြန်ဆယ်နိုင်ကြရပါမယ်။ ခရစ်ယာန်များဟာ ကြွယ်ဝမှုနဲ့ အာဏာကို စွန့်လွှတ်ကြရမှာပါ။ ရာထူးတာဝန်နဲ့ ပတ်သက်ရင်လည်း အမျိုးသမီးများကို နှိမ်တာ၊ ခွဲခြားဆက်ဆံတာတွေ အများကြီးရှိနေပါသေးတယ်”လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တနင်းလာနေ့မှာ မြွက်ကြားခဲ့တာဖြစ်ပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of RIPRODUZIONE RISERVATA

https://bit.ly/3iRqKTi

 

 

 

 

Add new comment

4 + 11 =