အလုပ်များစွာလုပ်ပြီး၊ ဆုတောင်းဖို့အချိန်မပေးခြင်းဟာ လူမဆန်ဘူး’ ဟုပုပ်ရဟန်းမင်းကြီးမိန့်ကြား

အလုပ်များစွာလုပ်ပြီး၊ ဆုတောင်းဖို့အချိန်မပေးခြင်းဟာ လူမဆန်ဘူး’ ဟုပုပ်ရဟန်းမင်းကြီးမိန့်ကြား

အလုပ်များစွာလုပ်ပြီး၊ ဆုတောင်းဖို့အချိန်မပေးခြင်းဟာ လူမဆန်ဘူး’ ဟုပုပ်ရဟန်းမင်းကြီးမိန့်ကြား

          အီတလီနိုင်ငံ၌ ကူးစက်မြန်ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်မှုတစ်စတစ်စရှိလာသောကြောင့် ယခုတစ်ပတ် ရဟန်းမင်းကြီးနှင့်စိန့်ပီတာရင်ပြင်တွင်လာရောက်တွေ့ဆုံနှုတ်ဆက်ကြသောဘုရားဖူးများမှာ ကပ်ရောဂါစတင်ဖြစ်ပွားနေခဲ့သော ကာလတလျှောက်၌ လူဦးရေအများဆုံးဖြစ်ခဲ့သည်။  ထို့ကြောင့်လည်း ရဟန်းမင်းကြီးသည် ခါးတိုင်းထက်ပို၍အချိန်ပေးပြီး ဘုရားဖူးများအား ရင်းရင်းနှီးနှီး နီးနီးကပ်ကပ်နှုတ်ဆက်ခဲ့သည်။ 

သူသည် မကြာမီကလက်ထပ်ထိမ်းမြှားခြင်းစက္ကမင်တူးကို ခံယူထားသော ဇနီးမောင်နှံများနှင့်လည်းစကားပြောဖြစ်ခဲ့သည်။ ထိုဇနီးမောင်နှံတို့အသင့်ပြင်ဆင်ယူ‌ဆောင်လာသော ၄င်းတို့၏မင်္ဂ လာဆောင်ဓာတ်ပုံစာအုပ်၊ ၄င်းတို့၏မိတ်ဆွေများမှ ရင်တွင်းဖြစ်ဆုတောင်းစကားမှတ်တမ်းစာအုပ်များကို ရဟန်းမင်းကြီးအားအမှတ်တရလက်မှတ်ရေးထိုးစေခဲ့သည်။ ရဟန်းမင်းကြီးထံမှလည်း အမှတ်တရလက်ဆောင်လက်ခံရ ရှိခဲ့ကြသည်။

          ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်တွေ့ဆုံခြင်းကို တစ်နှစ်ကျော်ကြာပြတ်တောက်ခဲ့ပြီးမှ ပြန်လည်အစပြုလိုက်သော ယခုတစ် ကြိမ်၌ ရဟန်းမင်းကြီး၏ပုံမှန် ဟောပြောနေကျ ‘ဆုတောင်းခြင်း’ အကြောင်းသည် ယခုတစ်ကြိမ်နောက်ဆုံးအခန်းဖြစ် ကြောင်း၊ ထို့ကြောင့် စိန့်ပေါလ်ကပေးသော တရားတော်ကိုနာခံ၍ ‘ဆုတောင်းခြင်း’ ကိုမပြတ်တန်းဆည်းကပ်နိုင်သည့် နည်းလမ်းကိုရှင်းပြသည်။       

 နေ့စဉ်အသက်တာ၌ ဆုတောင်းခြင်းကိုမပျက်မကွက်ဖြည့်ဆည်းရန်မှာမလွယ်ကူလှပေ။ သို့ သော် ရှုပ်ထွေးပွေလီသည့် နေ့စဉ်အလုပ်များကြားဆုတောင်းခြင်းဖြင့်ဘုရားသခင်နှင့်အဆက်အသွယ်မပြတ်ရန်နှိုးဆော် လိုက်သည်။  

          အလုပ်၌သာ စိတ်လုံး၀နစ်ထားပြီး ဇွပ်လုပ်ခြင်း၊  ဆုတောင်းရန်အချိန်ဖဲ့မပေးနိုင်ခြင်းသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်။ ထို့ အတူမိမိ၏ဆုတောင်းခြင်းကိုနေ့စဉ်အသက်တာနှင့်ကွဲနေ၊ ခွဲနေလျှင်လည်း တန်း၀င်သောဆုတောင်းခြင်းမဟုတ်။ ဆု တောင်းခြင်းကိုနေ့စဉ်ဘ၀နှင့်ဒွန်တွဲမသွားစေဘဲ သီးခြားခွဲထွက်နေလျှင်လည်း အကျိုးရှိထိရောက်မူမရှိသောဆုတောင်း ခြင်းဖြစ်သည်။ ပုံမှန်အလုပ်တစ်ခုရှိနေခြင်းသည် နေ့စဉ်အဖြစ်အပျက်နှင့်ထိတွေ့မူရှိသည်။ သားသမီးများသောမိသားစု သည် ဆုတောင်းရန်အချိန်ကိုခက်ခဲစွာရယူကြရသည်။

ဆုတောင်းခြင်းသည် လွယ်ကူသည်ဟူသော စိတ်ကူးဆန်လွန်း သောအတွေးမျိုး၌သာယာမနေသင့်တော့ပေ။ ကလေးများ၊ အလုပ်၊ မိသားစုအမှုကိစ္စနှင့်သက်ကြီးရွယ်အိုများ အိမ်၌ရှိနေ လျှင် မည်သည့်အလုပ်မျှမတွင်ကျယ်ဟုသဘောပေါက်လာကြသည်။  အချင်းချင်းအတွက်ဆုတောင်းပေးဖို့မမေ့နှင့်။ ထို့ကြောင့်ကျွန်ုပ်တို့လည်း ‘သူ့’ အားသတိတရားဖြင့်ပြောဆိုဆက်ဆံရမည်။   

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Rome Reports

https://bit.ly/3cxl0Kt

Add new comment

12 + 6 =