အလိုအပ်ဆုံးသူများကို အထူးပြုကာ လူတိုင်းဘဝကိုမြှင့်တင်ပေးနိုင်ရန် ဆိုသည့်အတိုင်း ကိုဗစ်(၁၉) ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်သောနံ့သာမြိုင်ကျေးရွာမှ အနာကြီးရောဂါသည်များဆီသို့ သွားရောက်လှူဒါန်းခြင်း။

****************************************************

7.10.2021 (RVA Myanmar)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ ရည်မှန်းချက်နှင့် သိန္နိဌာန် ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် အလိုအပ်ဆုံးသူများကို အထူးပြုကာ လူတိုင်းဘဝကိုမြှင့်တင်ပေးနိုင်ရန်ဆိုသည့်အတိုင်း ကိုဗစ်(၁၉) ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်နေသော ရေနံသာမြို့နယ် ၊ နံ့သာမြိုင်ကျေးရွာရှိ ကိုယ်လက်အင်္ဂါ မသန်စွမ်း အနာကြီးရောဂါသည် မိသားစု (၂၀၀) ဦး ၊ ရေနံသာ အနာကြီး ရောဂါကုသရေး ဆေးရုံမှ ရောဂါသည် (၂၀) ဦးတို့ အား ၊

အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ကော်ဖီ ၊ သွားတိုက်ဆေး၊ ဆပ်ပြာ နှင့် အသီးအနှံ့အချို့ တို့ကို ၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ Social Development Sector မှ တာဝန်ခံဘုန်းတော်ကြီး Rev. Fr. Augustine Win Myint နှင့် အလှူရှင်အချို့တို့ က အောက်တိုဘာလ (၇) ရက်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြပါသည်။

အလှူကို လက်ခံရရှိသောသူများကလည်း '' ယခုလို ခေတ်ကာလအချိန်အခါတွင် လာရောက်လှူဒါန်းပေးသည့် အလှူရှင်များအား အတိုင်းမသိကျေးဇူးတင်ကြောင်း၊ ၎င်းတို့ဘဝအခြေအနေရ လမ်းပေါ်ထွက်၍ တောင်းရမ်းမှသာ စားရေးသောက်ရေး အဆင်ပြေကြောင်း သို့သော်လည်း ယခုကာလသည် ကူးစက်ရောဂါပျံ့ပွားနေချိန် ဖြစ်သည့်အတွက် တောင်းရမ်းစားသောက်ရသည်မှာလည်း ခက်ခဲသဖြင့် ယခုကဲ့သို့ လာရောက်လှူဒါန်းကြသည့်အခါ ၎င်းတို့အနေဖြင့် အလွန်ပျော်ရွှင်မိကြောင်း ပြောပြ၍ အလှူရှင်များအား ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပါသည်။

Photos News - Pinky

#rvamyanmar #rvapastoralcare #DonationtoLaprosy #Leprosy #ArchdioceseofMandalay #MandalayLeprosyCenter

အလိုအပ်ဆုံးသူများကို အထူးပြုကာ လူတိုင်းဘဝကိုမြှင့်တင်ပေးနိုင်ရန် ဆိုသည့်အတိုင်း ကိုဗစ်(၁၉) ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်သောနံ့သာမြိုင်ကျေးရွာမှ အနာကြီးရောဂါသည်များဆီသို့ သွားရောက်လှူဒါန်းခြင်း။

အလိုအပ်ဆုံးသူများကို အထူးပြုကာ လူတိုင်းဘဝကိုမြှင့်တင်ပေးနိုင်ရန် ဆိုသည့်အတိုင်း ကိုဗစ်(၁၉) ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း လုပ်ကိုင်စားသောက်ရန် အခက်အခဲဖြစ်သောနံ့သာမြိုင်ကျေးရွာမှ အနာကြီးရောဂါသည်များဆီသို့ သွားရောက်လှူဒါန်းခြင်း။

Add new comment

11 + 2 =