Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
အလယ်ခေတ်ကဘင်ခရာအဖွဲ့ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူ
စိန့်ပီတာဘုရားကျောင်းကြီး၏အပြင်၌ တီးလုံးသံများဖြင့်ညံနေပါသည်။ အဘယ်ကြောင့်ဆိုသော် အလယ်ခေတ်ကဘင် ခရာတပ်ဖွဲ့ ရဟန်းမင်းကြီးထံမှကောင်းကြီးခံယူပြီးနောက် ပြန်လည်ထွက် ခွာနေ ခြင်းဖြစ်သည်။ သူတို့သည် တူစကားနာခရိုင်၊ စီအဲ နာမြို့နယ်အတွင်းရှိ Torrita မြို့အား ကိုယ်စားပြု သောအဖွဲ့ဖြစ်သည်။ ယခုကဲ့သို့သော အခမ်းအနားကို စိန့်ဂျိုးဇက်ပွဲနေ့၌ကျင်းပ လေ့ရှိသော်လည်း ယခုနှစ်၌မူ ကပ်ရောဂါဆိုးကြောင့် ရွေ့ဆိုင်းထားခဲ့ရာ ယခုမှကျင်းပဖြစ်သည်။
ရဟန်းမင်းကြီးက ၄င်းတို့အဖွဲ့အားကြိုဆိုနှုတ်ဆက်ရင်း ၄င်းတို့အဖွဲ့ကိုယ်စားပြုသော မြို့သူ မြို့သားများကိုလည်း နှုတ်ဆက်ပါကြောင်း၊ ထို့အတူ ထိုမြို့၏ဆရာတော် Stefano Manetti အား လည်းနှုတ်ဆက်ပါကြောင်းမိန့်ကြားခဲ့သည်။
ဤဘင်ခရာအဖွဲ့ကို စိန့်ဂျိုးဇက်ဘင်ခရာအဖွဲ့ဟုအမည်ပေးထားသည်။ယခုကဲ့သို့လာရောက်ဂါရ၀ ပြုရခြင်း၏ရည်ရွယ် ချက်နှင့်ပတ်သက်၍ အဖွဲ့၏ဥက္ကဌဖြစ်သူ Yuri Carini က ရဟန်းမင်းကြီးက ယခုနှစ် ကို စိန့်ဂျိုးဇက်နှစ်အဖြစ်ကြေညာထားသကဲ့သို့ စိန့်ဂျိုးဇက်၏နှစ်ကိုကြိုဆိုသောအားဖြင့် ပြိုင်ပွဲကို ကျင်း မည်ဖြစ်ပြီး၊ ထိုပြိုင်ပွဲ၌အနိုင်ရသည့်အဖွဲ့ကို ရဟန်းမင်းကြီးမှကောင်းကြီး ပေးထားသော အလံကိုပေးရန် စီစဉ်ထားကြောင်း၊ ပြိုင်ပွဲမှာမြဲပြိုင်ပွဲဖြစ်ပြီး၊ ဤပြိုင်ပွဲကိုနှစ်စဉ် မတ်လ (၁၉) ရက်နေ့၊ စိန့်ဂျိုးဇက်ပွဲ နေ့၌ကျင်းပလေ့ရှိကြောင်း၊ ယခုရဟန်းမင်းကြီးကောင်းကြီးတော်ကိုခံယူအပြီး၊ မြို့သည်အစစအရာရာ အဆင်ပြေချောမွေ့သွားမည် ဟုမျှော်လင့်ကြောင်း၊ ပွဲတော်ကိုလည်းလပေါင်းများစွာနှောင်းပြီးမှ ကျင်းပရ ကြောင်း သူကရှင်းပြခဲ့သည်။
မြို့တော်၀န် Giacomo Grazi ကလည်း ပွဲတော်ကိုကျင်းပရန်အတွက် ထူးခြားသော ရဟန်းမင်း ကြီး၏ကောင်းကြီးကိုခံယူရ ရှိပြီဖြစ်၍အတိမ်းအစောင်းမရှိကျင်းပနိုင်ပြီဖြစ်ပြီး၊ ဤကောင်းကြီးကိုခံ ယူရရှိခြင်းသည် မည်သည့်ခံစားချက်နှင့်မျှမတူကြောင်းထုတ် ဖော်ပြောဆိုခဲ့သည်။ ဤဘင်ခရာ အဖွဲ့နှင့်အတူ ၄င်းတို့၏ဆရာတော်ကိုယ်တိုင်လည်းလိုက်ပါလာပြီး၊ ဘုရားဖူးများနှင့် တွေ့ဆုံပြီး သော ရဟန်းမင်းကြီးနှင့်လည်းခေတ္တခဏစကားပြောဆိုခွင့်ရခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်နှင့်ခေတ္တ ခဏတွေ့ဆုံနှုတ်ဆက်စကားပြောခွင့်ရခဲ့သောဆရာတော်အား ရဟန်းမင်းကြီး၏ကျန်းမာ ရေးနှင့်ပတ်သက်၍ မေးမြန်းကြည်ရာ ကျန်းမာကြောင်း၊ ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားတမန်တော်ခရီးစဉ်နှင့်ပတ်သက်၍ အလွန် ကျေနပ်နေကြောင်း၊ ပို၍ကျန်းမာ နေကြောင်း၊ အကြီးစားခွဲစိတ်မှုအပြီး၊ ခံစားခံထမ်းနေရသောေ၀ဒနာများပေါ့ပါးသွားသော ကြောင့် အင်အားပိုမိုပြည့်၀နေပြီး၊ မျက်နှာမှာလည်းရွှင်ပြ၀င်းပနေကြောင်း၊ သူ၏တမန်တော်ခရီးစဉ်နှင့် ပတ်သက်၍ အကောင်းမြင် ပြီး၊ အသီးအပွင့်ကောင်းများသီးပွင့်လာမည်ဟုမျှော်လင့်နေကြောင်း ဖြေကြားခဲ့သည်။ ဆရာတော်အနေဖြင့် ရဟန်းမင်းကြီး၏ ကောင်းကြီး၊ သတင်းစကားများကို ဘာသာတူများနှင့်တွေ့ဆုံရန်ပြင်ဆင်နေသော အကောင်းဆုံးအချိန်၌ပြန်လည်လက်ဆင့်ကမ်း ပါးပေးမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment