အရှေ့အလယ်ပိုင်း၌ ခရစ်ယာန်များအား ဆက်လက်ညှဉ်းပန်းနှိပ်စက်မှုများရှိနေဟု အီရတ်ဂိုဏ်းချုပ်ဆရာတော်နှင့် ဆီးရီးယားမှသီလရှင်ကထောက်ပြလာ

အရှေ့အလယ်ပိုင်း၌ ခရစ်ယာန်များအား ဆက်လက်ညှဉ်းပန်းနှိပ်စက်မှုများရှိနေဟု အီရတ်ဂိုဏ်းချုပ်ဆရာတော်နှင့် ဆီးရီးယားမှသီလရှင်ကထောက်ပြလာ

အရှေ့အလယ်ပိုင်း၌ ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်မှုဆက်လက်ဖြစ်ပွားနေကြောင်းနှင့်ဆင်းရဲမွှဲတေမှုများ လည်းရှိနေကြောင်းဖြင့် အီရတ်မှဂိုဏ်းချုပ် ဆရာတော်တစ်ပါးနှင့်ဆီးရီးယားမှကက်သလစ်သီလရှင်တစ်ပါးတို့က ပြီးခဲ့ သောအဂ်ါနေ့၊ ဇူလိုင် (၅) ရက်နေ့က ဗြိတိန် ဥပဒေပြုအဖွဲ့၀◌င်များအားပြောကြားခဲ့သည်။

အဆိုပါဂိုးဏ်းချုပ်ဆရာ တော်မှာ Bashar Warda ဖြစ်ကာ၊ Erbil မြို့မှဖြစ်သည်။ သီလရှင်မှာမူ Annie Demerjian ဖြစ်ပြီး Aleppo မြို့မှဖြစ်သည်။ ‘Aid to the Church in Need’s (ACN)’ ဟုခေါ်သောအဖွဲ့သည် ‘လိုအပ်သောသာသနာများအားကူညီထောက်ပံ့ရသော ကရုဏာအဖွဲ့’ ဖြစ်ကာ အဂ်လန်နိုင်ငံ၌လည်းရုံးခွဲဖွင့်လှစ်ထားသည်။ ဤအဖွဲ့သည် နိုင်ငံတကာ၌ မိမိတို့၏သက်ဝင်ကြည်မှုကို လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ အစည်းအဝေးကိုစီစဉ်ကျင်းပခဲ့သည်။

ပြည်သူများသည် ၄င်းတို့၏သက်၀င်ယုံကြည်မှုများကြောင့် ဆက်လက်၍ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်းနှင့် Aid to the Church in Need’s (ACN) အဖွဲ့အနေဖြင့်ခရစ်ယာန်တို့ဖက်မှရပ်တည်ထောက်ခံပေးသည့်အတွက်အထူးကျေးဇူးတင်ရပါ ကြောင်း၊ ကျောင်းများဖွင့်လှစ်နိုင်ရန်ကူညီပေးသည့်အတွက်လည်း ကျေးဇူးတင်ကြောင်း၊ ISIS တို့၏လူမျိုးတုန်းသတ်ဖြတ်သည့်ရာဇ၀တ်မှုကိုခါးစီးခံနေရသော အီရတ်မှခရစ်ယာန်များအား ပညာရေး၌ရင်းနှီးမြှုံနှံနိုင်ရန်ကူညီပေးသည့်အတွက်လည်းကောင်း၊ ညှဉ်း ပန်းနှိပ်စက်ခံခရစ်ယာန်တို့အတွက် နိုင်ငံတကာကြားနိုင်ရန်ရပ်တည်ပြောဆိုပေးသောကြောင့်လည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

စစ္စတာရ် Annie ကလည်း လက်ရှိ၌ခရစ်ယာန်များသည် စစ်ကာလကထက်ပို၍ ရုန်းကန်နေကြရကြောင်း၊ ဆီးရီးယားနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စားလှယ်ဖြစ်ခဲ့သော ကာဒီနယ် Zenari ပြောကြားခဲ့သည့်အတိုင်း ဆီးရီးယားနိုင်ငံသား (၉၀) ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေနေကြသည်ဟုကိုးကားပြောကြားခဲ့သည်။ စစ္စတာရ်သည် (၂၀၁၁) ခုနှစ်၊ ပြည်တွင်းစစ်စတင်သည်မှစ၍ ဒုက္ခအမျိုးမျိုး နှင့်ကြုံနေသောဆီးရီးယားခရစ်ယာန်များအားကူညီစောင့်ရှောက်ပေးနေခဲ့သူဖြစ်သည်။

အဂ်လန်နိုင်ငံ၊ Birmingham သာသနာ၏အငြိမ်းစားယူပြီဖြစ်သော အကူဆရာတော် William Kenney ကလည်း ညှဉ်းပန်း နှိပ်စက်ခံနေရသော ခရစ်ယာန်တို့အရေးနှင့်စပ်လျင်း၍ အကြမ်းဖက်မှုမှုကျယ်ပြန့်လာနေသည့်အကြောင်းကိုပြောကြားခဲ့သည်။ ‘ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် တတိယကမ္ဘာစစ်ကြီးစတင်ပြီဟုယုံကြည်နေကြောင်း၊ သို့သော် ပြန့်ကြဲလျှက်ဖြစ်နေကြောင်း၊ ကမ္ဘာပေါ်၌ ကြီးမားသောပဋိပက္ခပေါင်း (၄၀) ကျော်ဖြစ်ပွားလျှက်ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ်အနည်းငယ်မှစ၍ အီရတ်၌ ခရစ်ယာန်ဘာသာဝင်ဦးရေ စိုးရိမ်ရလောက်သည်အထိလျော့နည်းလာခဲ့သည်။ (၁၉၅၁) နှစ်၏သန်းခေါင်စာရင်းအရ အီရတ်နိုင်ငံအတွင်း၌ ခရစ်ယာန်ဘာသာ၀င်ဦးရေသည် နိုင်ငံလူဦးရေ၏ (၆.၄) အထိရှိရာ ယနေ့၌မှု (၀.၅) သာကျန်ရှိတော့သည်။ သမ္မတဆဒမ်ဟူလက်ထက်၌ ခရစ်ယာန်များ (၁-၂) သန်းမှသည် ယခုအခါ (၂၀၀၀၀၀) ခန့်အ ထိထိုးကျလာခဲ့ကြောင်း၊ လူမှုရေး၊ ငွေကြေးအကြပ်အတည်းများကြောင့်လည်း နေရပ်စွန့်ခွာထွက်ပြေးနေမှုများလည်းရှိနေဆဲပင်ဖြစ်ကာ ဆီးရီးယားနိုင်ငံ၌လည်း ခရစ်ယာန်ဘာသာ၀င်ဦးရေမှာ နိုင်ငံလူဦးရေ၏ (၁၀) ရာခိုင်နှုန်းမှသည် (၂၀၁၁) ပြည်တွင်းစစ်စတင်သည့် နောက်ပိုင်း၌ (၃) ရာခိုင်နှုန်းအထိကျဆင်းလာခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of ACN
https://bit.ly/3OkhOC9

Add new comment

5 + 7 =