အရှင်သူမြတ် ပုပ်ဖရန်စစ် ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် ပထမနေ့ (ကြာသပတေး​နေ့)

Official Logo for his visit to Thailand

အရှင်သူမြတ် ပုပ်ဖရန်စစ် ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် ပထမနေ့ (ကြာသပတေး​နေ့) အစီအစဉ်ဟာ အစိုးရအိမ်ဖြူတော်မှာ တရားဝင်ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားဖြင့်စတင်ကာ အာဏာပိုင်အဖွဲ့ဝင်များ၊ သံတမန် အဖွဲ့ဝင်များတို့နဲ့ မတွေ့ဆုံမှီ အရှင်သူမြတ်ဟာ ထိုင်းဝန်ကြီးချုပ် General Prayuth Chan-Ocha နဲ့ သီးသန့် တွေ့ဆုံသွားမှာပါ။ ဒီနောက်မှာတော့ Wat Ratchabophit Sathit Maha Simaram ဗိမာန်တော်မှာ ဗုဒ္ဓ တို့၏ အမြင့်ဆုံး ဂိုဏ်းချုပ် ဆရာတော် ကြီး Somdej Phra Maha Muneewong နှင့် တွေ့ဆုံသွားမှာပါ။ နေ့လည်စာ ဘုန်းပေး သုံးဆောင်ခြင်း မပြုခင်မှာတော့ အရှင်သူမြတ် ပုပ်ဖရန်စစ်ဟာ ဘန်ကောက်မြို့ စိန့် လူးဝစ်စ် ဆေးရုံမှ ၀န်ထမ်းများနဲ့ လူနာများကို သွားရောက် တွေ့ဆုံမှာပါ။ ဒီဆေးရုံ ရဲ့ ကျန်းမာရေး အထောက်အကူ ပစ္စည်းများဟာဆိုရင် ၁၈၉၈ ခုနှစ်က ကက်သလစ် ဘာသာဝင်များမှ စတင် ထူထောင်ခဲ့ တာဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာတော့ အရှင်သူမြတ်ပုပ်ဖရန်စစ်ဟာ ထိုင်းနိုင်ငံ Amphorn တော်ဝန် နန်းတော်သို့ ကြွရောက်ကာ ထိုင်းဘုရင် Maha Vajiralongkorn Rama X နှင့်တွေ့ဆုံ နုတ်ဆက်ကာ အမျိုးသား အားကစားရုံကြီးမှာ လူငယ်များနဲ့အတူ မစ္ဆားတရား ပူဇော်ခြင်း ဖြင့် ထိုင်းနိုင်ငံ ပထမနေ့ ခရီးစဉ်ကို အဆုံးသတ် မှာဖြစ်ပါတယ်။

Credit: Vatican News

Add new comment

7 + 3 =