အရွယ်ငယ်ငယ်၊ ပညာကြွယ်သောအမေရိကားမှသခင့်သမီးပျိုလည်းရာသက်ပန်ဆက်ကပ်အပ်နှံပြီ

အရွယ်ငယ်ငယ်၊ ပညာကြွယ်သောအမေရိကားမှသခင့်သမီးပျိုလည်းရာသက်ပန်ဆက်ကပ်အပ်နှံပြီ

အရွယ်ငယ်ငယ်၊ ပညာကြွယ်သောအမေရိကားမှသခင့်သမီးပျိုလည်းရာသက်ပန်ဆက်ကပ်အပ်နှံပြီ

(၂၀၂၀) ခုနှစ်၌ တစ်သက်သစ္စာခံယူခဲ့ကြသော အမေရိကားမှအမျိုးသား၊ အမျိုးသမီးသူတော်စင်များသည် ပညာ တတ်အသိုင်းအ၀ိုင်းမှဖြစ်ကြသည်။ ထို့အတူကက်သလစ်မိသားစုနောက်ခံခိုင်ခိုင်မာမာရှိသူများဖြစ်ကြသည်။

ခေါ်တော်မူ ခြင်းလမ်းစဉ်ကိုလည်း ကြီးမှသာမဟုတ်ဘဲ ငယ်ရွယ်စဉ်ကပင်စဉ်းစားခဲ့သောသူများဖြစ်ကြကြောင်း (CARA) ဟုအတို ကောက်ခေါ်သောဘာသာရေးအဖွဲ့ ၏ စစ်တမ်းအရသိရပါသည်။

ဤအဖွဲ့ကိုအမေရိကန်ကက် သလစ်ဆရာတော်ကြီးများအ ဖွဲ့မှတာ၀န်ပေးအပ်ကောက်ခံစေသည်။ ဤစစ်တမ်းကိုနှစ် စဉ်ဖေဖော်၀ါရီလ (၂) နေ့၌ ကျင်းပသော ‘သူတော်စင်များနေ့’ မတိုင်မှီကောက်ခံခဲ့ခြင်းဖြစ်သည်။ ဤစစ်တမ်းအတွက်သက်ဆိုင်ရာအသင်း (၇၄၇) သင်းသို့ပေးပို့ခဲ့ရာ (၅၄၉) သင်းမှတာ ၀န်ခံအ ကြီးအကဲများကဖြေဆိုကပြန်လည်ပေးပို့လာခဲ့ကြသည်။

ထိုစစ်တမ်းအရ (၂၀၂၀) ခုနှစ်အတွင်းတစ်သက်သစ္စာဆိုခဲ့ ကြသူများမှာ သီလရှင် (၅၅) ပါးနှင့်အမျိုးသား (ကိုရင်၊ ဘုန်းတော်ကြီး) များမှာ (၅၇) ပါးရှိကြောင်းပြန် လည်ဖြေကြားချက် များအရသိရပါသည်။

(ခေါ်တော်မူခြင်းလမ်းစဉ်ကိုလည်းလိုက်ရန်အားပေးခြင်းလည်းခံခဲ့ရသည်။)

စစ်တမ်းများအရ တစ်သက်သစ္စာဆိုကြသောသူတော်စင်အမျိုးသား၊ အမျိုးသမီးတို့၏ ပျမ်းမျှအသက်မှာ (၃၄) ဖြစ်ပြီး၊ အချို့မှာထိုထက်ငယ်ရွယ်သူများလည်းပါသည်။ ခေါ်တော်မူခြင်းလမ်းစဉ်ကိုလိုက်ရန်စတင်တွေးတောချိန်၌ အသက် (၁၉) နှစ်ခန့်ရှိပြီဖြစ်သည်။ (၇၅) ရာနှုန်းခန့်မှာမိဘနှစ်ပါးလုံးကက်သလစ်ဖြစ်ကြပြီး၊ (၈၄) ရာခိုင်ခန့်မှာမွေးစဉ်ကပင် ကက်သလစ်မိသားစုမှမွေးဖွားခဲ့သည်။ (၈၉) ရာခိုင်နှုန်းအနက်အချို့သည် ခေါ်တော်မူခြင်းလမ်း စဉ်ကိုလျှောက်လှမ်းရန် အား ပေးခံခဲ့ရဖူးကြောင်း၊ အချို့မှာကျောင်းထိုင်၏အားပေးခြင်းကိုလည်းကောင်း၊ အချို့ကားသူငယ်ချင်းများ၏အားပေး အားမြှောက်ခြင်း၊ အချို့မှာအဆိုပါဆက်ကပ်ခြင်းအသက်တာကိုခံယူထားကြသူများ ၏ အားပေး ဖိတ်ခေါ်မှု၊ အချို့မှာအသိ မိတ်ဆွေများ၏အားပေးအားမြောက်မှုနှင့်အနည်းငယ်မှာမိခင်၏အားပေးတိုက်တွန်ခြင်းကြောင့်ခံယူလျှောက်လှမ်းခဲ့ကြ သည်ဟုဖြေဆိုထားသည်။

(ပညာတတ်များဖြစ်ကြသည်။)

စစ်တမ်းအရ (၂၀၂၀) ခုနှစ်အတွင်း တစ်သက်သစ္စာဆိုခဲ့ကြသောသူများအနက်အများပိုင်းသည် ‘ပညာတတ်’ များ စွာပါ၀င်ကြောင်း၊ အချို့သည်သီလရှင်ဖြစ်သင်ကျောင်းသို့မ၀င်ရောက်မည်ကပင်ဘွဲ့ရထားပြီးဖြစ်သည်။ (၇၅) ရာ ခိုင်နှုန်း ခန့်မှာ သီလရှင်ဖြစ်သင်ကျောင်းသို့၀င်ရောက်ချိန်၌ဘာချာလာ (Bachelor) ဘွဲ့ကိုရယူထားကြပြီးဖြစ် သည်။ ထို့အတူအ ချို့သည်အလုပ်အတွေ့အကြုံသုံးလေးနှစ်လည်းရှိကြသူများဖြစ် သည်။

လူမျိုးနွယ်စုနှင့်ပတ်သက်၍ (၁၀) ဦး၌ (၇) ဦ:သည်ကော်ကေးရှင်များ၊ ဥရောပအမေရိကန်လူမျိုးစပ်၊ (၁၃) ရာခိုင် နှုန်းမှာ အာရှပစီဖိတ်၊ ဟာဝိုင်ယီကျွန်းစုဒေသမှ၊ (၇) ရာခိုင် နှုန်းမှာ အာဖရိကတိုက်မှဖြစ်ပြီး၊ (၅) ရာခိုင်နှုန်းသည် စပိန်လူမျိုးစပ်များဖြစ်ကြသည်။

စစ်တမ်းကောက်ခံမှုကိုပြန် လည်ဖြေကြားသူများအနက် လေးပုံ၊ သုံးမှာအမေရိကား၌ မွေး ဖွားကြီးပြင်းလာခဲ့ကြသူများဖြစ်သည်။ အမေရိကားပြင်ပ၌မွေးဖွားလာခဲ့ကြသူအများပိုင်းမှာဗီယက်နမ်နိုင်ငံမှဖြစ်သည်။

(ယေဇူးသခင်၏ချစ်ခြင်းစံ)

‘ကမ္ဘာ့သူတော်စင်များနေ့ (သို့) ကမ္ဘာ့သူတော်စင်များအတွက်ဆုတောင်းပေးရသည့်နေ့’ အားစိန့်ဂျွန်ပေါလ် (၂) မှ (၁၉၉၇) ကစတင်သတ်မှတ်ခဲ့သည်။ ထိုပွဲသည်ဖေဖော်၀ါရီလ (၂) ရက်နေ့ဖြစ်ပြီး၊ ထိုနေ့သည် ‘ယေဇူးသူငယ်တော်အား ဂျေရူးဆလင်ဗိမာန်တော်၌ပူဇော်တော်မူသည့်ပွဲနေ့’ ဖြစ်သည်။ ထိုနေ့ကို ‘ဖယောင်းတိုင်ကောင်းကြီးပေးသောပွဲ’ ဟုလည်း တင် စားခေါ်ကြသည်။ အဘယ် ကြောင့်ဆိုသော် ယေဇူးခင် သည်လောကအလင်းဖြစ်သည်ကိုပြန်လည်အမှတ်ရသည့်အ နေ ဖြင့်ထိုနေ့၌ဘုရားဖယောင်းတိုင်ကောင်းကြီးပေးသည့်အခမ်းအနားလည်းရှိသည်။ ထို့ကြောင့်ခေါ်တော်မူခြင်းလမ်းစဉ်၌ လျှောက်လှမ်းနေကြသောသူတော်စင်များ သည်လည်း ခရစ္စတူးသခင်၏ အလင်းကိုဆောင်ကျင်းပေးရမည့်အလင်းဆောင်သူ များဘ၀ကိုပြန်လည်အောက်မေ့သတိရဆင်ခြင်ရန်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/3r3milf

Add new comment

2 + 4 =