အရေးကြီးသောဆုံးဖြတ်ချက်ချမှတ်ရာတွင်ဒေသခံအဖွဲ့အစည်းများလည်းပါ၀င်ခွင့်ရမည်

အရေးကြီးသောဆုံးဖြတ်ချက်ချမှတ်ရာတွင်ဒေသခံအဖွဲ့အစည်းများလည်းပါ၀င်ခွင့်ရမည်

အရေးကြီးသောဆုံးဖြတ်ချက်ချမှတ်ရာတွင်ဒေသခံအဖွဲ့အစည်းများလည်းပါ၀င်ခွင့်ရမည်

ပြင်းထန်လှသည့်ကိုဗစ် (၁၉) ရိုက်ခတ်မူနောက်ဆက်တွဲရလဘ်များကို အလူးအလဲခံနေရသောကမ္ဘာ့လူဦးရေ၏ (၆) ရာခိုင်နှုန်းသာရှိသောဒေသခံများကိုလည်းအလေးထားပြီးထည့်သွင်းစဉ်းစားပေးရန်တောင်းဆိုရင်းဒေသခံများနှင့်အတူ ရှိကြောင်းဗာတီကန်ကပြသလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံများသည်များသောအားဖြင့်အပယ်ခံ၊ အမေ့ခံနေ ကြရသည်။ အမှန်မှာလူမူအသိုင်းအ၀◌ိုင်းအတွက်၄င်းတို့ပါ၀င်ကူညီနိုင်သည်များကိုလည်းသိထားလေ့လာသင့်ကြောင့်ကု လ၌ဗာတီကန်၏ကိုယ်စားလှယ်ဖြစ်သောဂိုဏ်းချုပ်ဆရာတော် Ivan Jurkovič ကဆွီဇီလန်နိုင်ငံ၊ ဂျာနီဇာမြို့၌ကျင်းပသော (၄၅) ကြိမ်မြောက်လူ့အခွင့်အရေးကောင်စီအစည်းအ‌ေ၀◌း၌ပြောကြားခဲ့သည်။

ဒေသခံပြည်သူများ၏စိန်ခေါ်ခံနေရမူ

ဒေသခံများသည် အလွန်အမင်းဆင်းရဲမွှဲတေမူကိုကြုံတွေခံစားနေရခြင်းသည် ပိုမို၍ထိခိုက်ပျက်စီးလွယ်စေ ကြောင်း၊ ဤသို့ဆိုရာ၌ကိုဗစ် (၁၉) အကြောင်းကိုသာဆိုလိုခြင်းမဟုတ်။ အခြားလတ်တလောစိန်ခေါ်ချက်များဖြစ်သည့် ရာသီဥတုပြောင်းလဲခြင်း၊ သဘာ၀ဘေးဒဏ်သင့်ရောက်ခြင်းစသည်တို့ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မူဆက်လက် ကောင်းမွန်စေရန်မှာအစားအစာနှင့်ရေလုံခြုံမူမရှိခြင်း၊ ဆေး၀ါးထောက်ပံ့ပစ္စည်းများရရှိမူနှောက်နှေးခြင်းများသည်ကပ် ရောဂါဆိုး၏ဒဏ်ကိုအလူးအလဲခံကြရသည်။ ကမ္ဘာကြီး၏အစိပ်အပိုင်းအတော်များများ၌လည်းဒေသခံများ၏လူ့အခွင့်အ ရေးများသည်နည်းလမ်းအဖုံဖုံဖြင့်ချိုးဖောက်ခံနေရသည်။ ဥပမာအားဖြင့်တရားမျှတခြင်း၊ ပညာရေး၊ တရားစီရင်ရေး၊ အ ခွင့်အရေးများကိုဦးဆောင်တောင်းခံသူများအားဖမ်းဆီးခြင်း၊ ယဉ်ကျေးမူကိုလစ်လျူရူခြင်း၊ ဖျက်ဆီးခြင်းစသောကဣများ ၌ဖြစ်သည်။

 

မြေယာနှင့်အမှတ်သကေ်တများ

ယခင်နှစ်အမေဇုံမြစ်၀ှမ်းဒေသအစည်းအ‌ေ၀း၌ရဟန်းမင်းကြီးဖရန်စစ်၏မိန့်ကြားချက်ကိုပြန်လည်ကိုးကား၍ ဆရာတော်ကြီးက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအားမေတ္တာရှေ့ထားပန်ကြားလိုက်သည်မှာ ဒေသခံများအား၏မြေ ယာများ၊ စီးပွားရေးအမြတ်ထုတ်ခံရမူများကိုကာကွယ်ပေးခြင်းဖြင့်တရားမျှတသောဥပဒေကိုပြဌာန်းပေးကြရန်၊ ဒေသခံ များအတွက်မြေယာနှင့်သဘာ၀အရင်းအမြစ်သည်၄င်းတို့၏ယဉ်ကျေးမူနှင့်အမှတ်သကေ်တသာမဟုတ်။ ၄င်းတို့၏ကာယ နှင့်၀◌ိညာဉ်နှင့်လည်းဆက်စပ်နေသည်။ ထို့အပြင်၄င်းတို့သည်ကမ္ဘာ့သဘာ၀ထိန်းသိမ်းရေးလုပ်ဆောင်ချက်၌များစွာပံ့ပိး ပေးသည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာ့ဇီ၀မျိုးစိပ် (၈၀) ရာခိုင်းနှုန်းကိုကာကွယ်ထားပေးသောကြောင့်ဖြစ်သည်။ ဒေသခံ လူမျိုးစုများသည်မြေယာကိုစီပွားဖြစ်သောကုန်အဖြစ်မသတ်မှတ်ဘဲဘုရားသခင်ထံမှလည်းကောင်း၊ ၄င်းတို့၏ဘိုးဘေးများ ထံမှလည်းကောင်းလက်ခံရရှိသောလက်ဆောင်အဖြစ်တန်ဖိုးထားသည်။ ထို့ကြောင့်အကောင်းဆုံးစောင့်ရှောက်သည်။ အ ခြားဒေသသို့ထွက်မသွားဘဲထိုဘိုးဘေးတို့ရိုးဖြေကျခဲ့သောမြေယာ၌သာမှီသင်းနေထိုင်ကြသည်ဟုရှင်းပြခဲ့သည်။ ခေတ်သစ် အကြီးစားစီမံကိန်းကြောင့်မူအမျိုးမျိုး၊ ဥပဒေအမျိုးမျိုးချမှတ်ကာ ဒေသခံများ၏မြေယာနယ်နိမိတ်များဖဲ့ယူနေမူ၊ ပဲ့ပါနေမူ ကိုလည်းဆရာတော်ကထောက်ပြခဲ့သည်။

ဒေသခံအဖွဲ့အစည်းများအားလည်းထည့်သွင်းစဉ်းစားပေးရန်ပန်ကြားချက်

ဒေသခံလူမျိုးစုများသည်အမှန်ဆိုသော် ဆွေးနွေးခြင်း၌ပါ၀င်ရမည့်အဓိကမိတ်ဖက်များဖြစ်သည်။ ထို့အတူအရေး ကြီးသောမူ၀ါဒဆုံးဖြတ်ချက်ချမှတ်ရာ၌လည်းကောင်း၊ အထူးသဖြင့်၄င်းတို့၏အကျိုးကိုတိုက်ရိုက်ထိပါးသောဆုံးဖြတ် ချက်များချမှတ်ရာတွင်မပါမပြီးသောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၄င်းတို့သည်အခြားသူများကြား၌လူနည်းစု လည်းမဟုတ်ကြပေ။ ဤနေရာ၌လည်းဆရာတော်ကြီးသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေးဆွဲသောမည်သည့်မူ၀◌ါဒ၌မ ဆိုဒေသခံလူမျိုးစုများပါ၀င်စေရန်နှင့်၄င်းတို့၏ယဉ်ကျေးမူ၊ ထုံးတမ်းစဉ်လာများနှင့်၄င်းတို့၏အသံကိုလည်းကြားစေသင့်လှ သည်။ ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကာလ၌၄င်းတို့အားအလေးပေးမူအားနည်းနေခဲ့သည်။ ဤလတ်တလောအကြောင်းအ ရာများသည် ကျွန်ုပ်တို့အားလုံးအားပုတ်နိုးလိုက်ခြင်းဖြစ်သည်။ လူသားသည်သဘာ၀ကိုအစိုးရသူမဟုတ်ဘဲ စီမံကွပ်ကဲပေး ရသူဖြစ်သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် ရှင်သန်မူနည်းလမ်းသစ်များဖြင့်ဖွံ့ဖြိုးတိုးတက်ရေးကိုစဉ်းစားရမည်။ ထိုရှင်သန်မူ နည်းလမ်းဖြင့် လူသားထုဖွံ့ဖြိုးမူဆိုသည်မှာမည်ကဲ့သို့သောအခြေအနေကိုဆိုလိုသည်ကို ကျယ်ပြန့်နက်ရှိုင်းစွာနားလည် အောင်ကြိုးစားရမည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/336xLHH

Add new comment

1 + 1 =