အရေကြီးသည့် အချက်ကိစ္စ များကို သိမြင်ခြင်းက သူတော်စင်ဘ၀ သက်တာရဲ့ အဓိပ္ပာယ်ဖြစ်သည်ဟု ပုပ်ဖရန်စစ် ပြောကြား

အရေကြီးသည့် အချက်ကိစ္စ များကို သိမြင်ခြင်းက သူတော်စင်ဘ၀ သက်တာရဲ့ အဓိပ္ပာယ်ဖြစ်သည်ဟု ပုပ်ဖရန်စစ် ပြောကြား

သစ္စာသုံးပါး ခံသူတော်စင်ဘ၀သက်တာရဲ့ အဓိပ္ပာယ်ဟာ အရေးကြီးသည့်အဓိက အချက်ကိစ္စ များကိုသိမြင်ခြင်းပင်ဖြစ်​ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က မြွက်ကြားလိုက်ပါတယ်။
သူငယ်တော်ယေဇူးလေးကို ဗိမာန်တော်မှာ ပူဇော်သောပွဲနေ့ဖြစ်ပြီး သစ္စာသုံးပါးခံ သူတော်စင်များပွဲနေ့မှာ အရှင်သူမြတ်က ၄င်း၏ သြ၀ါဒမှာ မြွက်ကြားခဲ့တာဖြစ်ပါတယ်။
ကယ်တင်ရှင်ကို ကျွန်ုပ်၏ မျက်စိနှင့်ကိုယ်တိုင်မြင်တွေ့ရပြီဟူသည့် စီမေအုန်၏ စကားအတိုင်း သစ္စာသုံးပါးခံ သူတော်စင်များ တို့သည် လောကတပ်မက်ဖွယ်ရာများထက် တန်ဖိုးကြီးသော တန်ဖိုးရှိသော အရာကို ရိုးရှင်းသော အမျိုးသား အမျိုးသမီးများအဖြစ် မြင်တွေ့နိုင်ကြရမည်ဖြစ်ကြောင်း၊
သခင်ခရစ်တော်ကို မြင်နိုင်သော စွမ်းအား သခင်ခရစ်တော်ကို သိမှတ်နိုင်ခြင်းကသာလျင် သီလသည် ဘ၀သက်တာ၏ နှလုံးသည်းပွတ် အရေးကြီးသည့်အဓိက အချက်ဖြစ်သည် ဆိုခြင်းကို ဗာတီကန် သတင်းမှ သတင်းရယူထားပါတယ်။

By Sr.Lucia Thandar Aung, SJA

Add new comment

4 + 10 =