အမျိူးသမီးတစ်ဉီး စပိန်မှ ဂျေရုဇလင်သို့ ဘုရားဖူးခရီးလမ်းလျှောက်

အမျိူးသမီးတစ်ဉီး စပိန်မှ ဂျေရုဇလင်သို့ ဘုရားဖူးခရီးလမ်းလျှောက်

အမျိူးသမီးတစ်ဉီး စပိန်မှ ဂျေရုဇလင်သို့ ဘုရားဖူးခရီးလမ်းလျှောက်

 

စပိန်မှ ဂျေရုဆလင်သို့ လမ်းလျှောက်ပြီးဘုရားဖူးခရီးစဥ် စတင်ခဲ့သော အမျိုးသမီး
Carlota Valenzuela အမည်ရှိသော အမျိုးသမီးတစ်ဦး သွားမည့်ခရီးသည် မိုင်ပေါင်း ၃၇၀၀ လျှောက်လမ်းပြီး ဖြစ်ကာ နိုင်ငံပေါင်း ၁၂ နိုင်ငံက စောင့်မျှော်နေကြတာပါ။ 

 သူမဟာ Finisterre ကနေ ဂျေရုဆလင်ကို တစ်နှစ်အတွင်း သွားဖို့  စပိန်မှာ သူမရဲ့နေ့စဉ်ဘဝအသက်တာ အလုပ်အကိုင်တွေကို ချန်ထား ခဲ့ကြောင်း၊  ၂၀၂၂  ခုနှစ် ဇန်နဝါရီ ၂  ရက်မှစပြီး သူမသည် ၁၃ ပေါင် ထက်မပိုသည့် အိတ်တစ်အိတ်နှင့် မြေပုံတစ်ခုသာ ဘုရားဖူးခရီးကို  စတင်ခဲ့တာဖြစ်ပါတယ်။ 

"ကျွန်မရဲ့ ပထမနေ့ ခြေလှမ်းကို စတင်လျှောက်လှမ်းနေပါပြီ။ အမှန်တကယ်ခံစားရတာကတော့ ဒီမနက်မှာ ကျမ အရင်ကထက် ကြိုတင်ပြင်ဆင်မှု နည်းပါးတယ်လို့ ခံစားရပေမယ့် ငါတစ်ယောက်တည်း မလုပ်နိုင်ဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလိုအပ်ပြီး နှိမ့်ချခြင်းဖြင့် အစပြုရမယ့် နည်းလမ်းဆိုတာ စိတ်ကူးထဲကနေ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်"လို့ သူမကပြောခဲ့ပါတယ်။ 

Carlota Valenzuela အတွက်၊ ဤဘုရားဖူးခရီးစဉ်သည်  Finisterre မှ အရာအားလုံး၏မူလအစဖြစ်တဲ့ ဂျေရုစလင်မြို့ ပန်းတိုင်ကို သွားဖို့ ပုံဥပမာဆောင်သည်။ 

"ဂျေရုစလင်မြို့ဟာ ငါ့အတွက် အရာရာရဲ့အစကို ကိုယ်စားပြုပြီး ငါ့ရဲ့ အတွင်းစိတ် အချက်အချာ ခရီးလည်းဖြစ်တယ်။ အပြင် ခန္တာကိုယ်အရနဲ့လမ်းလျောက်နေသော်လည်း အတွင်းစိတ်မှာပါ ဘုရားဖူးသွားနေခြင်းဖြစ်တယ်" လို့ သူမ ကဆိုပါတယ်။ 

Carlota သည် သူမ၏တိုးတက်မှုကို ဆိုရှယ်မီဒီယာပေါ်တွင်  တင်ပြီး လမ်းတစ်လျှောက်တွင် တည်းခိုခန်းရှာရန် သူမ၏ Social media follower နောက်လိုက်များအား အကူအညီတောင်းနေပါတယ်။ 

သူမ၏ စိတ်ကူးသည် ဇွန်လတွင် အီတလီနှင့် ဒီဇင်ဘာတွင် အစ္စရေးသို့ ရောက်ရှိဖို့ဖြစ်ကြောင်း  ထိုလမ်းကြောင်းသည် သူမအတွက် အရေးကြီးတဲ့ ဘုရားဖူးခရီးစဉ် ၃ ခုဖြစ်တဲ့ ဆန်တီယာဂို၊ ရောမနဲ့ ဂျေရုစလင်တို့ကို ချိတ်ဆက်ထားပေးမှာ ဖြစ်ကြောင်း၊ 

"ကျွန်မသည် ဒီလမ်းလျောက်ခြင်းခရီးစဥ်ကို နှိမ့်ချခြင်းဖြင့် စတင်ခဲ့သည်။ အဲ့ဒီအတွက်ကြောင့် ကျွန်မဟာ တလှမ်းချင်းတလှမ်းပဲသွားနိုင်သည်။ အဲ့ဒီအတွက်ကြောင့်ပဲ ကျွန်မဟာ သေးငယ်တဲ့အရာကနေပဲ စတင်ရတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု မဟုတ်ပါဘူး။ဖြစ်လာမယ့်အရာတွေအတွက် နေရာချန်ထားပြီး ခရီးစဉ်ကို ပျော်ရွှင်စွာ ဖြတ်သန်းချင်တယ်" ဆိုပြီး Carlota ကပြောပါတယ်။ 

သူမရဲ့ ပထမဆုံးခြေလှမ်းကို ရဲရဲဝံ့ဝံ့ တက်လှမ်းနိုင်စေခဲ့တဲ့ မိမိကိုယ်ကို ရှာဖွေတွေ့ရှိမှုရဲ့ စွန့်စားခန်းတစ်ခုဖြစ်စေနိုင်ခဲ့ပြီး Carlota Valenzuela အတွက် မသေချာမရေရာမှုတွေ ပြည့်နှက်နေတဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ 

 

ဘာသာပြန်- RVA Myanmar
https://bit.ly/3zs5kTm

Add new comment

16 + 2 =