အမျိုးသမီးများ၏ဂုဏ်သိက္ခာနှင့်လုံခြုံရေးအတွက် မက္ကဆီကိုဆရာတော်ကြီးများမှတောင်းဆို

အမျိုးသမီးများ၏ဂုဏ်သိက္ခာနှင့်လုံခြုံရေးအတွက် မက္ကဆီကိုဆရာတော်ကြီးများမှတောင်းဆို

အမျိုးသမီးများ၏ဂုဏ်သိက္ခာနှင့်လုံခြုံရေးအတွက် မက္ကဆီကိုဆရာတော်ကြီးများမှတောင်းဆို

အမျိုးသမီးများအားလေးစားပြီးလွတ်လပ်မှုနှင့်လုံခြုံမှုရှိသော ပတ်၀န်းကျင် ရရှိစေရေးအတွက် မက္ကဆီကို ကက်သလစ်ဆရာတော်ကြီးများမှ ထုတ်ပြန်ချက်ဖြင့် မေတ္တာရပ်ခံလိုက်ပါသည်။
အထက်ပါထုတ်ပြန်ချက်မှာ ၂၀၁၉ ခုနှစ်က အမျိုးသမီးများနင့်မိန်းကလေးငယ် ၃၀၀၀ ကျော် သေဆုံးခဲ့ကြ၍ဖြစ်ပါသည်။
အချို့အမျိုးသမီးများသည် ၄င်းတို့၏ အဖော်များ သို့မဟုတ်ခင်ပွန်းသည်တို့မှ သတ်ခြင်း​ဖြစ်ပြီး အမုန်းပွားခြင်းများ​ကြောင့်သတ်ဖြတ်ခြင်းများလည်းတိုးပွားလာသည့်အတွက် အမျိုးသမီးများအားကာကွယ်ပေးရန်နှင့် အရေးတယူဆောင်ရွက်ခြင်းများပြုရန် ပြည်သူများကဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း
အမျိုးသမီးများအားအကြမ်းဖက်မှုအပေါ် ကျွန်ုပ်တို့ အမှန်ပဲနာကြင်ခံစားရပါတယ်လို့ ဆရာတော်ကြီးများရဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း
ခါးသီးမှုတွေ ၀မ်းနည်းငိုကျွေးခြင်းတွေ လက်တုန့်ပြန် ကလဲ့စားခြေခြင်တဲ့ စိတ်အသွင်ပုံစံတွေကို သိသိသာသာမြင်တွေ့နေရကြောင်း
မိန်းကလေးငယ်လေး ၂ဉီး နှင့် ကလေးငယ်လေးတဉီး သေဆုံးမှုအပေါ်မှာ တနွင်္ဂနွေနေ့မှာ မက္ကဆီကိုဆရာတော်ကြီးများက ၄င်းတို့ သဘောထားကိုထုတ်ပြန်ခဲ့ကြောင်း
အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်ပြီး ကက်သလစ်ဆရာတော်ကြီးများနှင့်ဘုန်းတော်ကြီးများက အရင်နှစ်များကထဲက ၄င်းတို့ဆန္ဒကို ဖော်ထုတ်လာခဲ့ကြတယ်လို့ ဗာတီကန်သတင်းကဆိုပါတယ်။

By Sr Lucia Thandar Aung,SJA
Source: VaticanNews

 

https://www.vaticannews.va/en/church/news/2020-02/mexico-bishops-statement-against-femicide.html

 

Add new comment

1 + 1 =