Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ပုပ်ဖရန်စစ်ရှုတ်ချ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ပုပ်ဖရန်စစ်ရှုတ်ချ
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့နဲ့ တိုက်ဆိုင်တဲ့ ဘုရား၏မိခင်ပွဲ နေ့ စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မစ္ဆားတရားကို ကျင်းပခြင်းဖြင့် ၂၀၂၂ ခုနှစ်ကို စတင်လိုက်ပါတယ်။
မိခင်များအားအလေးထားပေးရန်နှင့် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရန် ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ကြပါစို့လို့ဆိုရင်း "ဘယ်လောက်တောင်များ အမျိုးသမီးများအပေါ် အကြမ်းဖက် နေကြပြီလည်း။ တော်လောက်ပါပြီ။အမျိုးသမီးတစ်ဦးကို နာကျင်စေခြင်းဟာ အမျိုးသမီးတစ်ဦးထံမှ လူ့အဖြစ်ကို ယူတော်မူသော ဘုရားသခင်ကို စော်ကားခြင်းဖြစ်သည်"ဟု အရှင်သူမြတ်ကမြွက်ကြားပါတယ်။
ပုပ်ရဟန်းမင်းကြီးသည် သန့်ရှင်းသော မယ်တော်မာရီယားအား
မိခင်တစ်ဉီးအနေနဲ့ ဆင်ခြင်သုံးသပ်တာကတော့ ထိုမိခင်သည် သားသမီးများနာမကျန်းချိန်၊ ဒုက္ခအခက်အခဲတွေ့ဆုံချိန်မှာ မျှော်လင့်ချက်တွေကို ပေးနိုင်တဲ့သူ၊ ကူညီပေးနိုင်တဲ့ ခွန်အား ရှိသူအဖြစ် မိခင်များ၏ ရဲစွမ်းသတ္တိကို ဆင်ခြင်သုံးသပ်ခဲ့တာပါ။
"အမေဆိုတာ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ပြီး သဘောထားကွဲလွဲမှုတွေနဲ့ အတိုက်အခံအတားအဆီးတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို သိသော သူများဖြစ်ပါတယ်။
ဒါတွေကို သိလို့ အမေတွေက ပြဿနာတွေကို အခွင့်ကောင်းအဖြစ် ပြောင်းလဲပေးပြီး သူတို့ဟာ ဘဝရဲ့ အချိုးအကွေ့တွေကို ဘယ်လို စုစည်းကိုင်တွယ် ရမလဲ ဆိုတာကို သိကြတာဖြစ်တယ်" လို့ အရှင်သူမြတ်က ဆိုပါတယ်။
ငြိမ်းချမ်းရေးဟာ ဘုရားသခင်ထံ တောင်းဆိုရမယ့် လက်ဆောင်တစ်ခုဖြစ်သလို လူတိုင်းလုပ်ဆောင်ရမယ့် ပန်းတိုင်ဖြစ်ကြောင်း၊
သံဆူးကြိုးလို တားဆီးထားတဲ့ ပဋိပက္ခနဲ့ ကွဲလွဲမှုဖြစ်မယ့်အစား ပေါင်းစည်းခြင်းရဲ့အက်ကြောင်းကို ဖာထေးပေးနိုင်စွမ်းရှိတဲ့ လူတွေကို ကျွန်ုပ်တို့လိုတယိ။ ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ မိခင်တွေကသိကြောင်းဆိုပါတယ်။
နှစ်စဥ် ဇန်နဝါရီလ ၁ ရက်နေ့တိုင်းမှာ ပညာရှိမင်းသုံးပါးကဲ့သို့ ၀တ်ဆင်ထားတဲ့ ကလေးသူငယ်အများအပြားဟာ အရှေ့ဆုံးတန်းခုံတွင် ထိုင်ကြတာပါ။ ဒီအဖွဲ့ဟာ "ကြယ်ပွင့် အဆိုတော်များ"(star singers) လို့ လူသိများတဲ့ ဩစတီးယားနိုင်ငံမှလာတဲြ အဖွဲ့ဖြစ်ပါတယ်။
သူတို့ဟာ ခရစ္စမတ်သီချင်းကို သီဆိုဧကျူးရင်း ဂရုဏာရေးလုပ်ငန်း တွေအတွက် ရန်ပုံငွေကောက်ခံကြတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
ဘာသာပြန်-RVA Myanmar
Add new comment