အမျိုးသမီးများသည်ငြိမ်းချမ်းရေးနှင့်ပြန်လည်ဆန်းသစ်ခြင်းကိုဆောင်ယူပေးသူများဖြစ်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား 

အမျိုးသမီးများသည်ငြိမ်းချမ်းရေးနှင့်ပြန်လည်ဆန်းသစ်ခြင်းကိုဆောင်ယူပေးသူများဖြစ်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား 

အမျိုးသမီးများသည်ငြိမ်းချမ်းရေးနှင့်ပြန်လည်ဆန်းသစ်ခြင်းကိုဆောင်ယူပေးသူများဖြစ်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား 

ရဟန်းမင်းကြီး၏အသိအမှတ်ပြုခံထားရသော ယဉ်ကျေးမူနှင့်ဆိုင်သောအမျိုးသမီးအကြံပေးအဖွဲ့များနှင့်တွေ့ဆုံ စဉ် ‘ပထမအကြိမ် Dicastery သည် အမျိုးသမီးရေးရာ၌ပါ၀င်ခြင်းဖြစ်သည်။ ပါ၀င်ရခြင်းမှာယဉ်ကျေးမူဖွံ့ဖြိုးရေးနှင့်ချဉ်း ကပ်ရာ၌ အမျိးသမီးများအားရှေ့တန်းတင်ပေးရန်ဖြဖစ်သည်။ ဤသို့ဆို၍အမျိုးသမီးအရေးကိုသာဦးစားပေးလုပ်ဆောင်ရန် မဟုတ်။ သင်တို့ဤနေရာ၌စု‌ေ၀◌းရောက်ရှိနေခြင်းသည် သင်တို့သည် Roman Curia ကိုကိုယ်စားပြုသည်’ ဟုမိန့်ခွန်း ချွေခဲ့သည်။

(လေးစားမူ၌အတူတကွလက်တွဲလုပ်ဆောင်ကြစို့)

ဆွေးနွေးပွဲ၌အမျိုးသမီးများသည် လူမူဘ၀၏အပိုင်းများစွာ၌ပါ၀င်သည်။ ‘အမျိုးသမီးများသည်စာဖတ်ကြသည်။ ထောက်ရူကြသည်။ သံဇဉ်များကိုနားထောင်ကြသည်’ စသည့်ဆွေးနွေးချက်များကို “Evangelii Gaudium” (၀မ်းမြောက် ဖွယ်ရာဧ၀ဂေလိ) ခေါင်းစဉ်ဖြင့်အစပြုကြသည်။ အချင်းချင်းအပြန်အလှန်လေးစား၍ အသွင်မတူညီသောလုပ်ဆောင် ချက်များဖြင့်တူညီသောဦးတည်ချက်ဆီသို့အရောက်သွားရမည်ဖြစ်ကြောင်းရဟန်းမင်းကြီးကမိန့်ခွန်းတွင်ထည့်သွင်းသွားသည်။ ဖတ်ကြားခြင်းအစီအစဉ်အတွက် ရဟန်းမင်းကြီး၏စာချွန်တော်သုံးခုဖြစ်သော Evangelii gaudium ၊ Laudato si’ နှင့်လောလောလတ်လတ်ဖြန့်ချီလိုက်သော Human Fraternity for World Peace and Living Together ကိုရွေးချယ်ထား သည်။ ဤရွေးချယ်မူသည်အလွန်အဓိပ္ပါယ်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော်စာချွန်တော်သုံးစောင်လုံးသည် ဧ၀ဂေလိသ တင်းကောင်းပျံ့ပွားရေး၊ ဖန်ဆင်းခြင်းနှင့်ညီရင်းအစ်ကိုမောင်နှမစိတ်ကိုသူနည်းသူ့ဟန်ဖြင့်မီးမောင်းထိုးပြနေပါသည်။ ထို့ ကြောင့်ဆွေးနွေးဖလှယ်ကြမည့်အမည့်အဖွဲ့၏စိတ်နေသဘောထား၊ မတူညီသောအမြင်၊ သဘောထား၊ ရင်းနှီးချစ်ခင်သော ဆွေးနွေးမူများဖြင့်တူညီမူကိုအရယူကြမည်ဖြစ်သည်။

(ပညာနှင့်ဝိညာဉ်ရေး)

ယခုစုရုံးနေရခြင်း၏ဦးတည်ချက်ကာ ပညာနှင့်၀◌ိညာဉ်ရေး၊ တူညီမူနှင့်အသွင်မတူမူ၊ မြူးစိနှင့်၀တ်ပြုခြင်းကိုညှိ နှိုင်းဆွေးနွေးခြင်းကိုလုပ်ဆောင်ရန်ဖြစ်သည်။ ဤသို့ဖြင့်အခြေခံကျသောဦးတည်ချက်တစ်ခုဆီသို့သွားရမည်။ ထိုဦးတည် ချက်သည်လည်းစကြ်ာ၀ဋာတစ်ခုလုံးအားလွှမ်းခြုံသောချစ်ကြည်ရင်းနှီးမူနှင့်ယုံကြည်မူကိုတည်ဆောက်ရမည်ဖြစ်သည်။ ဤသို့အမျိုးသမီးထုကိုကိုယ်စားပြုသောအသံကိုမြှင့်တင်လုပ်ဆောင်ခြင်းဖြင့်ရောဂါခံစားနေရသောကမ္ဘာကြီးအားကုစား ရန်ဖြစ်ပါသည်။ ကယ်တင်ခြင်းလုပ်ငန်းစဉ်၌လည်းဘုရားသခင်၏နှုတ်တော်ထွက်စကားကိုလက်ခံရှင်သန်ခဲ့သူမှာအမျိုး သမီး (မယ်တော်) ပင်ဖြစ်သည်။ အမျိုးသမီးများသည်အမိသာသနာ၏သူရဲကောင်းများဖြစ်ကြသည်။ ၄င်းတို့သည်အခြား သူများ၏လိုအပ်ချက်ကိုဂရုစိုက်နားထောင်သည်။ တရားမျှတခြင်းဖြစ်စဉ်ကိုလည်းအားပေးအားမြောက်ပြုတတ်ကြသည်။

(မျှော်လင့်ချက်ကိုစေ့ဆော်ပေးသည်။)

ရဟန်းမင်းကြီးသည်သူ၏မိန့်ခွန်း၌ ‘သင်တို့သည်ငြိမ်းရေးနှင့်ဆန်းသစ်မူသတင်းကောင်းကိုသယ်ဆောင်သူများဖြစ် ကြပါစေ။ သင်တို့သည်နှိမ့်ချခြင်းနှင့်ရဲစွမ်းသတ္တိဖြင့်လူ့အသိုင်းအ၀◌ိုင်း၌ရှိနေခြင်းဖြင့်သစ်လွင်ခြင်းကိုနားလည်ပြီး၊ လက်ခံ ကာ ညီရင်းအစ်ကိုမောင်နှစိတ်ဓာတ်ဖြင့်တည်ဆောက်သောကမ္ဘာကြီးကိုတည်ဆောက်မည့် မျှော်လင့်ချက်ကိုစေဆော်လှုပ် နှိုးပေးနိုင်ကြပါစေဟုဆုတောင်းပေးထားသည်။

 

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: (AFP or licensor)

https://bit.ly/30TsNwi

Add new comment

6 + 4 =