အမျိုးသမီးနှစ်ဦး နှင့် အမျိုးသားတစ်ဦး အားသူတော်မြတ်အဖြစ်တင်မြောက်နိုင်ရေးစီစစ်ခွင့်ပြု

အမျိုးသမီးနှစ်ဦး နှင့် အမျိုးသားတစ်ဦး အားသူတော်မြတ်အဖြစ်တင်မြောက်နိုင်ရေးစီစစ်ခွင့်ပြု

ရဟန်းမင်းကြီးဖရန်စစ်သည်Maria Cristina Cella Mocellin နှင့် Enrica Beltrame Quattrocchi အမျိုးသမီးနှစ်ဦးနှင့်အတူ Placido Cortese အား သူတော်မြတ်များအဖြစ် တင်မြောက်နိုင်ရေးအတွက် လိုအပ်သောစီစစ်ချက် များကိုစတင်လုပ်ဆောင်နိုင်ရန်ခွင့်ပြုချက်ထုတ်ပေးလိုက်သည်။

Maria Cristina Cella Mocellin သည် မိခင်တစ်ဦးဖြစ်ပြီး၊ အီတလီမှဖြစ်သည်။ သူသည် (၁၉၉၅) ခုနှစ်ကကွယ် လွန်ခဲ့သည်။ သူကွယ်လွန်ချိန်၌ (၂၆) နှစ်သာရှိသေးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားရသည့်အကြောင်း အရင်းမှာ ကိုယ်၀န်ရှိနေစဉ်က သူသည်ကင်ဆာရောဂါ ရှိကြောင်း သိရှိသွားပြီး ကုသရန်လိုအပ်လာခဲ့သည်။ သို့သော် ကင်ဆာရောဂါ၏ကုထုံးသည်ပြင်းထန်ပြီး၊ ဆေးများလည်းအလွန်ပြင်းသောကြောင့် လွယ်ထားရသောကိုယ်၀န်ကိုမ ထိခိုက်မနစ်နာစေလို။ အသက်မဆုံးရှုံးစေလိုသောကြောင့် ကီမိုသွင်းသောကုထုံးကိုသူလက်မခံခဲ့ပေ။ သူ၏ဘ၀သည် Chiara Corbella နှင့်တူသည်။ ဤအမျိုးသမီးသည်လည်း အသက် (၂၈) နှစ်၌ကွယ်လွန်သွားခဲ့သည်။ ၄င်းတို့နှစ်ဦး၏ အခြေအနေမှာတူနေသည်။ ယခုအခါ Chiara Corbella သည်လည်းသူတော်မြတ်အဖြစ်တင်မြောက်ရန် အလွန်နီးစပ်လာပြီ ဖြစ်သည်။

Enrica Beltrame Quattrocchi ၏မိဘနှစ်ပါးမှာသူတော်မြတ်များဖြစ်ကြသည်။ သူ၏မိဘနှစ်ပါးကို (၂၀၀၁) ခု နှစ်က စိန့်ဂျွန်ပေါလ် (၂) မှသူတော်မြတ်များအဖြစ်တင်မြောက်ခဲ့သောမိသားစုမှ ဖြစ်သည်။ သူမသည် (၂၀၁၂) ခုနှစ်၊ အသက် (၉၈) နှစ်တွင်ကွယ်လွန်ခဲ့သည်။ သူမသည် သူတော်မြတ်မိဘနှစ်ပါး၏သမီးဖြစ်သည့် အလျှောက် အနေအထိုင် အလွန်ရိုးသားလှသည်။ သူမ၏ဘ၀သည်ငွေကြေးပြေလည်လှသည်မဟုတ်သော်လည်း ကရုဏာရေးလုပ်ငန်းများလုပ်ရင်း အခြားသူများအား ကူညီရှင်သန်ခဲ့သူဖြစ်သည်။ ယခုကဲ့သို့ဘ၀ကိုဖြတ်သန်းနေသော်လည်း သူမသည် ပရော်ဖက်ဆာတစ်ဦးဖြစ်ခဲ့သည်။ သူမကိုယ်တိုင်စား၀တ်နေရေးခက်ခက်ခဲခဲရုန်းကန်နေရပြီး၊ သူမ၏နောက်ဆုံးအချိန်ထိ သူမထက်အခြေအနေဆိုးရွားနေ သောသူများအားကူညီပေးခဲ့သည်။

၄င်းတို့နှင့်အတူ ခရိုအေးရှားနိုင်ငံမှ Placido Cortese အားလည်းသူတော်မြတ်အဖြစ် တင် မြှောက်နိုင်ရေး စီစစ်ခွင့်ပြုလိုက်ပြီဖြစ်သည်။ သူသည် Gestapo (နာဇီဂျာမဏီလက်ထက်က လက်မရွံ့ရဲများ) မှ အပြစ်မဲ့ပြည်သူများအား မတရားအကြောင်းမဲ့ဖမ်းစီးနှိပ် စက်သတ်ဖြတ်ခံနေရသူများအား တတ်နိုင်သလောက်ကူညီ ကယ်တင်ရာမှဖမ်းဆီး ခံခဲ့ရပြီး၊ စစ်ကြောရေးစခန်း၌ နှိပ်စက်ခံရပြီးကွယ်လွန်သွားခဲ့သူဖြစ်သည်။

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

Credit: https://youtu.be/ChDhFILN5VI 

Add new comment

7 + 11 =