"အများကောင်းကျိုးအတွက် အစေခံ ကြိုးပမ်းခြင်းဟာ၊ တစ်ဉီးတစ်ယောက် ပြုလုပ်နိုင်သည့် မြင့်မြတ်လှသည့် လုပ်ငန်းတာဝန် တစ်ရပ်ပင်ဖြစ်သည်"

"အများကောင်းကျိုးအတွက် အစေခံ ကြိုးပမ်းခြင်းဟာ၊ တစ်ဉီးတစ်ယောက် ပြုလုပ်နိုင်သည့် မြင့်မြတ်လှသည့် လုပ်ငန်းတာဝန် တစ်ရပ်ပင်ဖြစ်သည်"

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟာ ၄င်းရဲ့ ထိုင်းနိုင်ငံ ပထမနေ့ ခရီးစဉ် ကို အာဏာပိုင် အဖွဲ့ အစည်းများ ဘာသာရေးခေါင်းဆောင်များ၊ သံတမန် အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ "အများကောင်းကျိုးအတွက် အစေခံ ကြိုးပမ်းခြင်းဟာ၊ တစ်ဉီးတစ်ယောက် ပြုလုပ်နိုင်သည့် မြင့်မြတ်လှသည့် လုပ်ငန်းတာဝန် တစ်ရပ်ပင်ဖြစ်သည်" ဟု မြွက်ကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံသို့ အရှင်သူမြတ်ဟာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ခရီးစဉ် နှင့်ပတ်သက်သော အစီအစဉ်များကိုတော့ ကြာသပတေးနေ့မှာ စတင်ခဲ့တာပါ။ ကြာသပတေးနေ့ နံနက်ပိုင်း အစိုးရအိမ်ဖြူတော်မှာ ထိုင်းဝန်ကြီးချုပ်၊ အာဏာပိုင် အဖွဲ့ဝင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ သံတမန် အဖွဲ့ဝင်များတို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ၄င်း၏ မိန့်ခွန်းတွင် အရှင်သူမြတ်က ထိုင်းနိုင်ငံ သည် ယဉ်ကျေးမှုနှင့် ၀ိညာဉ်ရေးဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သူ၊ လူမျိုးနွယ်စု များစွာအကြား၊ သဟဇာတဖြစ်စွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် တည်ရှိလာခဲ့ ခြင်းဖြင့် ထင်ရှားသည့် တိုင်းနိုင်ငံ တစ်ခု ဖြစ်ကြောင်း၊ ရိုသေလေးစား မှုနှင့် ညီညွတ်စွာ ယှဉ်တွဲနေထိုင်ခြင်းများသည် မတူကွဲပြားမှုများကြားက၊ လမ်းစ ဖွင့်ပေးခြင်းဖြစ်ကာ ဤအချက်အလက်များသည်ပင်လျင် နောင်လာနောင်သား ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်များ အတွက် ကျွန်ုပ်တို့ ထားပေးခဲ့ခြင်ကြ သည့်အမွေအနှစ်၊ ကောင်းသော နှိုးဆော်ချက်များပင်ဖြစ်​သည်ဟု မြွက်ကြားခဲ့ပါသည်။ ထို့အပြင်၊ အရှင်သူမြတ်က ၄င်းအနေဖြင့် ဗုဒ္ဓသာသနာတော်၏ ဉီးသျှောင် ဂိုဏ်းချုပ် ဆရာတော်ကြီးနှင့် တွေ့ဆုံရန် အတွက် တင်ကြို ၀မ်းသာပီတိ ဖြစ်မိကြောင်းနှင့် ဤသည်မှာ၊ ဘာသာတရားအချင်းချင်းနှီနှောဖလှယ်ခြင်းနှင့် အရေးကြီးသည့် မိတ်သဟာယ ဖွဲ့ခြင်းကို တိုးမြှင့်စေမည့် အမှတ်သင်္ကေတ တစ်ခု ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဟူသည့် အဓိပ္ပာယ်မှာ လွတ်လပ်သော နယ်မြေဖြစ်ကြောင်း၊ တစ်ဉီးနှင့်တစ်ဉီး၊ တာဝန်ယူတတ်သည့် အသိစိတ်နှင့် ခံစားချက်တို့ရှိမှသာလျင်၊ မတူညီမျှမှုတွေကို ဖယ်ရှားပစ်နိုင်မည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာ ပြောင်းရွေ့နေထိုင်ကြ ရသည့် အချက်သည် ယနေ့ခေတ်ရာစုနှစ် လူအများ ရင်ဆိုင်နေကြရသည့် အခက်အခဲ ပြဿနာ တစ်ခု ဖြစ်ကြောင်း မြွက်ကြားကာ၊ ခိုလှုံရာရှာ ဒုက္ခသည်များကို ကြိုဆိုနေရာပေးခဲ့သည့် ထိုင်းနိုင်ငံ အပေါ် အရှင်သူမြတ်က အသိအမှတ်ပြု ခဲ့ပါသည်။ နာကြင်မှုတွေ၊ အကြမ်းဖက်မှုမျိုးစုံ၊ ဒုက္ခ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေကြရ သည့် အမျိုးသမီးများ၊ ကလေးငယ်များ အကြောင်းကိုလည်းဖွင့်ဟပြောဆိုကာ ၊ ဤမကောင်းမှုများအား ကြိုးပမ်းအားထုတ်၊ ဖယ်ရှားသုတ်သင်မှုများ အတွက် ထိုင်းအာဏာပိုင် အဖွဲ့အစည်း အပေါ် ကျေးဇူးတင်ကြောင်းကိုလည်း အရှင်သူမြတ်က မြွက်ကြားခဲ့ပြီး၊ နောက်ဆုံးမှာတော့ လူ့ဘောင်အဖွဲ့အစည်း အတွင်း၊ တရားမျှတခြင်း၊ ညီရင်းအကိုပမာ သဟဇာတ ဖြစ်စွာ ယှဉ်တွဲ နေထိုင်မှုများ တိုးပွားလာစေရန် ကြိုးပမ်းမှုများ၊ ဧည့်ဝတ်ကျေပွန် မှုများအပေါ် ထိုင်းအာဏာပိုင်များနှင့် သံတမန် အဖွဲ့ဝင်များတို့အား အသိအမှတ်ပြုကာ၊ "အများကောင်းကျိုးအတွက် အစေခံ ကြိုးပမ်းခြင်းဟာ၊ တစ်ဉီးတစ်ယောက် ပြုလုပ်နိုင်သည့် မြင့်မြတ်လှသည့် လုပ်ငန်းတာဝန် တစ်ရပ်ပင်ဖြစ်သည်" ဟု မြွက်ကြားရင်း၊ အရှင်သူမြတ် ပုပ်ဖရန်စစ်က ၄င်း၏ မိန့်မြွက်ချက်များကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဗာတီကန်သတင်းမှကောက်နုတ်ဖော်ပြသည်။

Add new comment

10 + 7 =