Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အများကောင်းကျိုးအတွက်လုပ်ဆောင်ကြရန် အစိုးရများအား ပုပ်ဖရန်စစ်တိုက်တွန်း
အများကောင်းကျိုးအတွက်လုပ်ဆောင်ကြရန် အစိုးရများအား ပုပ်ဖရန်စစ်တိုက်တွန်း
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ မှာ အများကောင်းကျိုးအတွက် ကြိုးပမ်းကြဘို့ အစိုးရအာဏာပိုင်များအား ပုပ်ဖရန်စစ် တိုက်တွန်းနှိုးစော်လိုက်ပါတယ်။
PAN AMERICAN ကော်မတီရဲ့ ဉက္ကဌ ၏ စာကို အရှင်သူမြတ်က ပြန်ဖြေခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိကမ္ဘာ့တဝှမ်းဗိုင်းရပ်စ် ပြန့်ပွားလာခြင်းကို ကျွန်ုပ်တို့ လတ်တလော အာရုံစိုက်နေကြရပါတယ် ဉက္ကဌ Dr.Roberto Andres Gallardo ကို မတ်လ ၂၈ ရက်နေ့က စာပို့ခဲ့တာပါ
ကိုရိုနာဗိုင်းရပ်စ်ဟာ ပြန့်ပွားနေပေမယ့် ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့၀န်ထမ်းများ အမျိုးသား အမျိုးသမီး သူတော်စင်များ ရဟန်းဘုန်းတော်ကြီးများ တို့၏ တပါးသူအားကယ်ဘို့ မိမိတို့အသက်ဘေးကိုပင်မမှုအားတော့ပဲ ကူညီပေးဆပ်ကြခြင်းများအတွက် ကျွန်ုပ်အနေနဲ့ များစွာခွန်အားဖြစ်မိပါတယ်လို့ဆိုပြီး အစိုးရအဖွဲ့အစည်းအချို့၏ အများကောင်းကျိုးအတွက် အားထုတ်ကြိုးပမ်းမှုများကိုလည်း အရှင်သူမြတ်က အသိအမှတ်ပြုခဲ့ ပြီး အများကောင်းကျိုးအတွက်လုပ်ဆောင်ကြရန်ကိုလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က တိုက်တွန်းခဲ့သည်ကို ဗာတီကန်သတင်းအရ သိရှိရပါသည်။
By Sr.Lucia Thandar Aung,SJA
Photo credit: AFP or Licensors
Add new comment