အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၉

(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်း အနားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ညနေ ၃ နာရီခွဲက  ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ အမှတ်(၁)ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်း၊ အမှတ်(၅၄)ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဖေ့ဘွတ် လူမှု့စာမျက်နှာ ၌ ဖော်ပြထားပါသည်။

ထိုအခမ်းအနားသို့ကက်သလစ် ခရစ်ယာန် သာသနာ ကိုးကွယ်မှု ဘာသာတရားများ အချင်းချင်း နှီးနှောဖလှယ်ခြင်း ကော်မတီ ဥက္ကဌ ပုသိမ် ဂိုဏ်းအုပ်ဆရာတော် ဂျွန်မန်ဆိန်းဟှီ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူထုဆက်သွယ်ရေးရုံး ဒါရိုက်တာ Fr.Marino Soe Naing တို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

ထို ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား၌ ဆရာတော် ကြီး ဂျွန်ဆိန်းဟှီမှ ဆုတောင်းစကား မြွတ်ကြားပေးခဲ့ကြောင်းလည်း သိရှိပါသည်။

Myanmar State Councellor Office ( Facebook စာမျက်နှာမှ ဖော်ပြချက်ကို ) ပြန်လည်ကိုးကားခြင်း။

News – Pinky

Add new comment

3 + 3 =