အမေရီကားမှ ဆရာ၀န်တစ်ဉီး ကက်သလစ်ရဟန်းတစ်ပါးဖြစ်လာ

အမေရီကားမှ ဆရာ၀န်တစ်ဉီး ကက်သလစ်ရဟန်းတစ်ပါးဖြစ်လာ

အမေရီကားမှ ဆရာ၀န်တစ်ဉီးဖြစ်တဲ့ ဒေါက်တာ ကိုလွန်ဘာသောမတ်စ် ဟာ အခြား ၈ ပါးနဲ့အတူ ဒေါ်မိနစိကန်ပိုင် စိန့်ဂျိုးဇက်သာသနာ နယ်မှာ မေလ ၂၀ ရက်နေ့က ရဟန်းသိက္ခာခံယူလိုက်ပါပြီ။

၀ါရှင်တန်ဒီစီ မှာရှိတဲ့ အပြစ်မဲ့သန္ဓေယူသော ဘာဆီးလီကာ မယ်တော့် ဗီမာန်တော်မှာခံယူခဲ့တာ ဖြစ်ပြီး ကိုလန်ဘတ်စ် ဆရာတော်ကြီး Bishop Earl K Fernandes က ရဟန်းသိက္ခာတင်မစ္ဆားကို ဉီးဆောင်ပူဇော်ကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်။

အသင်းတော်ကြီးအတွက်ရော ဒေါ်မိနိကန် အသင်းဂိုဏ်းအတွက်ပါ ၎င်းတို့ဟာ ကောင်းကြီးတော်ဖြစ်တယ်လို့ ဆရာတော်ကြီးက ရဟန်းသစ် ၈ ပါးတို့ကို မိန့်ကြားခဲ့ပါတယ်။

ဒေါက်တာ ဘုန်းတော်ကြီးဖြစ်လာပြီဖြစ်တဲ့ ဖာသာရ်သောမတ်စ်ဟာ အိုဟိုင်းယိုးပြည်နယ်မှာကြီးပြင်းလာခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ဆရာ၀န်ဘွဲ့ရရှိခဲ့တာဖြစ်ပါပြီး ရဟန်းဖြစ်သင်ကျောင်းကိုတော့ ၂၀၁၆ ခုနှစ်မှာစတင်ခဲ့တယ်လို့ ဒေါ်မိနိကန် အင်တာနက်၀ဘ်ဆိုက်က ဖော်ပြထားပါတယ်။

"မြင့်မြတ်သပ္ပာယ်လှတဲ့ ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ္ တွေနဲ့ ဟောကြားချက်တွေက ကျွနု်ပ်ကို ဒေါမိနိကန် အသင်းဂိုဏ်းကို ပထမ ဉီးဆုံးအချက်အနေနဲ့ ဆွဲဆောင်မှုရှိစေခံ့တာပါ။ ဒီနောက်တော့ တဖြေးဖြေးနဲ့ ဒေါမိနစ်ကန်တွေဟာ ဧ၀ံဂေလိတရားဟောကြားခြင်းမှာ တစ်စိုက်မတ်မတ် ဆက်ကပ်သက်သေခံကြသူများဖြစ်တယ်ဆိုတာကို ကျွနု်ပ်သိရှိလာတာကနေ ကျွန်ုပ်ရဲ့ ခေါ်တော်မူခြင်းလမ်းစဉ္ စတာပါပဲ " လို့ ဆရာ၀န် ဘုန်းဘုန်းက ဆိုပါတယ်။

Order of prechers, O.P တရားဟောသူများအသင်း ကို ရဟန္တာ ဒေါမိနစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒေါမိနိကန် နယ်ပိုင် စိန့်ဂျိုးဇက် သာသနာဟာဆိုရင် အမေရိကား မှာ ဒေါမိနိကန် နယ်ကြီး ၄ ခု ထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/43qLEwT

.

Add new comment

6 + 12 =