အမေရိက အတွက် ကညာစင် ဂွါပုလို မယ်တော့်ပုံတော်အား ၂၀၂၀ ခရစ္စမတ် တံဆိပ်ခေါင်းအဖြစ်ထုတ်

အမေရိက အတွက် ကညာစင် ဂွါပုလို မယ်တော့်ပုံတော်အား ၂၀၂၀ ခရစ္စမတ် တံဆိပ်ခေါင်းအဖြစ်ထုတ်

အမေရိက အတွက် ကညာစင် ဂွါပုလို မယ်တော့်ပုံတော်အား ၂၀၂၀ ခရစ္စမတ် တံဆိပ်ခေါင်းအဖြစ်ထုတ်

၁၈ ရာစု ပုံတော်တစ်ခု ဖြစ်တဲ့ ပီရူးလက်ရာ၊ မယ်တော်နဲ့သားတော် ပါရှိသောပုံတော်အား ၂၀၂၀ ခရစ္စမတ် တံဆိပ်ခေါင်းအဖြစ်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း အမေရိကား စာပို့လုပ်ငန်းမှ ကြေငြာလိုက်ပါတယ်။

အထက်ပါပုံတော်မှာ လက်ရှိတွင်နယူးယောက် ပန်းချီ အနုပညာပြတိုက်တွင်ထားရှိသောပုံတော်ဖြစ်ကြောင်း၊ တံဆိပ်ခေါင်းကို သံဘောင်ခတ်ထားကာ အတွင်းတွင် ပုံတော်အထက်၌ ခရစ္စမတ် ဆိုတဲ့ စာသားလေးကို အနက်ရောင်ဖြင့်ရေးသားထား​တာဖြစ်ပါတယ်။

ပုံတော်ဟာ အီကွေဒေါ ရဲ့ ပထမဆုံး မယ်တော့်ဗိမာန်တော်ဖြစ်တဲ့ Guapulo မယ်တော် အမည်ကို ယူထားခြင်းဖြစ်ကြောင်း အထက်ပါတံဆိပ်ခေါင်းကို နိုင်ငံတစ်ဝှမ်း အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း

ထုံးတမ်းစဉ်လာ အရ မယ်တော်နဲ့သားတော်ပါရှိတဲ့ ခရစ္စမတ် တံဆိပ်ခေါင်းကို ၂ နှစ် တစ်ကြိမ်ထုတ်ဝေလေ့ရှိကြောင်းနှင့် အမေရိကား စာပို့လုပ်ငန်းမှ ၂၀၂၀ ခရစ္စမတ် ရာသီအတွက် တခြား တံဆိပ်ခေါင်း ၁၆ မျိုးကိုလည်း ထုတ်ဝေသွားမည်ဖြစ်​သည်။ CNA News

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: USPS

https://bit.ly/2SRvSZs

Add new comment

11 + 4 =