အမေရိကား ပါတာဆန် အတွက် ပုပ်ဖရန်စစ်မှ ဆရာတော်ကြီး အသစ်ခန့်အပ်

အမေရိကား ပါတာဆန် အတွက် ပုပ်ဖရန်စစ်မှ ဆရာတော်ကြီး အသစ်ခန့်အပ်

အမေရိကား ပါတာဆန် အတွက် ပုပ်ဖရန်စစ်မှ ဆရာတော်ကြီး အသစ်ခန့်အပ်

New Jersey Paterson သာသနာ အတွက် ဂိုဏ်းအုပ်ဆရာတော်အဖြစ် Brooklyn သာသနာ မှ ဘုန်းတော်ကြီး Fr.Kevin J Sweeney ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ဆရာတော်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်းဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။

Fr Sweeney ဟာ 1997 ခုနှစ်က Brooklyn သာသနာ မှာ ရဟန်းသိက္ခာ ခံယူခဲ့သူဖြစ်​ကြောင်း

အထက်ပါ ဆရာတော်ကြီးအသစ်သည် စာသင်ကျောင်းများတွင် ကျောင်းအုပ်ဘုန်းတော်ကြီးအဖြစ်၄င်း၊ ဝိညာဉ်လမ်းညွှန်အဖြစ်၄င်း၊ ခေါ်တော်မူခြင်းကဏ္ဍ ဒါရိုက်တာဘုန်းတော်ကြီးအဖြစ်၄င်း၊ ရဟန်းဖြစ်သင်ကျောင်း၀င်ခွင့် ဘုတ်အဖွဲ့ တွင်၄င်း Brooklyn သာသနာ အတွက် နယ်ထိန်းအဖြစ်၄င်း သာသနာ့အမှုတော် အသီးသီးကို ထမ်းဆောင်ခဲ့သူဖြစ်ပြီးယခု အခါ New Jersey ရှိ Paterson Diocese အတွက် ဆရာတော်ကြီးအသစ် အဖြစ် အရှင်သူမြတ် ပုပ်ဖရန်စစ်မှ ခန့်အပ်လိုက်ကြောင်းကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

https://bit.ly/3ciGLeC

 

Add new comment

6 + 5 =