အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား အထူးသံတမန်အဖြစ်ခန့်အပ်

အမေရိကား ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ဖရန်စစ်မှ ကာဒီနယ် တာ့ဂလယ်အား အထူးသံတမန်အဖြစ်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ၊ ဖိလစ်ပိုင် နိုင်ငံမှ ယခင် မနီလာ ဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်ခဲ့သော ကာဒီနယ် လူး၀စ်စ် အန်တိုးနီယို တာ့ဓလယ်အား အမေရိကားမှာ ကျင်းပမဲ့ ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ပုပ်ရဟန်းမင်းကြီးရဲ့ အထူးသံတမန် အဖြစ် ခန့်အပ်လိုက်ပါတယ်။

အဆိုပါကိုယ်တော်မြတ်ပွဲတော်ကြီးရဲ့ ပိတ်ပွဲ မစ္ဆားတရားကြီးကို ကာဒီနယ် တာ့ဂလယ်က ဉီးဆောင် ပူဇော်​ပေးသွားမှာပါ။

ကိုယ်တော်မြတ်ပွဲတော်ကြီးမှာကက်သလစ် ဘာသာ၀င် ၅၀၀၀၀ ခန့် တက်ရောက်မယ်လို့ ခန့်မှန်းထားပြီး Lucas Oil Stadium ကြီးကြီးထဲမှာ ကျင်းပသွားမှာ ဖြ၀်ပါတယ်။

ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Timothy P. Broglio က အထူးသံတမန် ရရှိခြင်းအတွက် ကိုယ်တော်မြတ်ပွဲတော်ကြီးအတွက် ဘုရားရဲ့လက်ဆောင်ပါပဲ လို့ ကျေချီးမွမ်းကျေးဇူးတင်ထားတာဖြစ်ပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်

https://shorturl.at/3H2Fs

Add new comment

1 + 0 =