အမေရိကားမှကျောင်းသားများ ရောမသို့ခရီးဆန့်လာပြီး၊ ရဟန်းမင်းကြီးနှင့်လည်းတွေ့ဆုံခဲ့

အမေရိကားမှကျောင်းသားများ ရောမသို့ခရီးဆန့်လာပြီး၊ ရဟန်းမင်းကြီးနှင့်လည်းတွေ့ဆုံခဲ့

အမေရိကားမှကျောင်းသားများ ရောမသို့ခရီးဆန့်လာပြီး၊ ရဟန်းမင်းကြီးနှင့်လည်းတွေ့ဆုံခဲ့

‘ဗာတီကန်၀င်းအတွင်းရှိ စိန့်ပီတာဘာစီးလီကာဘုရား‌ကျောင်း၏ မြေအောက်ခန်းရှိအုတ်ဂူများသည် ကမ္ဘာအနှံ့မှလာရောက်လည်ပတ်သူများအား အံ့ဩမှင်သက်စေဦးမည်ဖြစ်သည်’ ဟု ရောမသို့ရောက်ရှိလည်ပတ်နေသော အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်ရှိ DePaul တက္ကသိုလ်မှ ကျောင်းသားအဖွဲ့ကမှတ်ချက်ပြုခဲ့သည်။ ခရစ် ယာန်သာသနာတော်ကြီးအကြောင်းလေ့လာရန်မှာ ရောမထက်ကောင်းသောနေရာမရှိကြောင်းနှင့်ကက်သလစ်သာ သနာတော်ကြီး၏ဇစ်မြစ်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ရဟန်းမင်းကြီးများဘုရားကျောင်းဟုလူသိများသော ဆစ္စတင်း ဘုရားကျောင်းသို့လည်းလည်ပတ်ခဲ့ကြောင်း၊ ဘုရားကျောင်းအတွင်းရှိအရာများအားလုံးသည် စိတ်၀င်စားစရာ၊ စိတ် လှုပ်ရှားစရာများဖြင့်ပြည့်နေကြောင်းရောမသို့ရောက်ရှိနေသော အမေရိကန် တက္ကသိုလ်ကျောင်းသားအဖွဲ့မှ SHERYL OVERMYER ကသူ၏ခံစားချက်ကိုပြောကြားခဲ့သည်။

၄င်းတို့အထဲမှ SARAH WALTON ဆိုသူကလည်း ယခုကဲ့သို့လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် ကက်သလစ် သာသနာတော်ကြီးအကြောင်းကိုများစွာလေ့လာသိရှိခွင့်ရခဲ့ကြောင်း၊ ယခုခရီးစဉ်မတိုင်မှီက များများစားစားမသိခဲ့ ကြောင်း၊ ယခုမှာမူ မှီငြမ်းကိုးကားနေသောအရာအားလုံးကို ပိုမိုလေးနက်စွာသိရှိနားလည်လိုက်ရကြောင်းပြောပါ သည်။

အဖွဲ့၀င်တစ်ဦးဖြစ်သူ AIDAN MORRISEY ကလည်း ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံခွင့်ရခဲ့၊ ရင်းနှီးစွာလက် စွဲနှုတ်ဆက်ပြီး နမ်းခွင့်ရခဲ့သည့်အတွေ့အကြုံနှင့်စပ်လင်း၍ အလွန်စိတ်ချမ်းသာရကြောင်း၊ အဘယ်သို့ပြောရမည်ကို လည်းမသိကြောင်း၊ နှစ်သက်သဘောကျမိကြောင်း၊ ယခုကဲ့သို့သောအတွေ့အကြုံမျိုးကိုစိတ်ကူး၌ပင်မရနိုင်ကြောင်း၊ တီဗွီဖန်သားပြင်ပေါ်၌ရူစားနေရသကဲ့သို့ပင်ခံစားခဲ့ရကြောင်း၊ သုတစွယ်စုံစာအုပ်ကြီးကိုလှန်လှောဖတ် ရူနေရသကဲ့ သို့ဖြစ်ရကြောင်း၊ ရဟန်းမင်းကြီး၏လက်ကိုကိုကိုကိုင်ဆွဲနှုတ်ဆက်ခဲ့ရ၊ နမ်းခဲ့ရ၊ စကားပြောခဲ့ရသည့်အခွင့်အရေးမျိုးမျှော် လင့်သော်လည်းအမှန်ဖြစ်လာမည်ဟုမထင်မှတ်ဘဲဖြစ်လာသောအခါ အလွန်စိတ်အေးချမ်းရကြောင်းဖြင့်ပီတိစကား ကို ပြောကြားခဲ့သည်။

ဤအမေရိကန်တက္ကသိုလ်ကျောင်းသားအဖွဲ့သည် အမေရိကားမှ အကြီးဆုံးသော ကက်သ လစ်တက္ကသိုလ်မှကျောင်းသားများဖြစ်သည်။ ၄င်းတို့သည်သမိုင်းကြောင်းကိုလေ့လာနေကြသူများဖြစ်သည်။ ရဟန်း မင်းကြီး၏လက်တော်ကို ရင်းနှီးစွာကိုင်ဆွဲနှုတ်ဆက်လိုက်ရခြင်းကြောင့်လည်း ၄င်းတို့၏ယုံကြည်ခြင်းကိုပိုမိုနက်ရှိုင်း သွားစေခဲ့သည်။ ၄င်းတို့သည် ရောမ၌ နှစ်ပတ်တာတည်းခိုပြီး၊ သာသနာတော်ကြီး၏သမိုင်းကိုလေ့လာကြမည်ဖြစ် သည်။

RVA ဘာသာပြန်- ဖာသာရ်ကလဲမင်းအားတယ်

https://bit.ly/3E1vahw

Add new comment

7 + 4 =