အမေရိကားတွင်ကိုယ်တော်မြတ်စက္ကရာမင်တူးအား လှေဖြင့်ပင့်ဆောင်လှည့်လည်မည်

အမေရိကားတွင်ကိုယ်တော်မြတ်စက္ကရာမင်တူးအား လှေဖြင့်ပင့်ဆောင်လှည့်လည်မည်

အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်အလယ်ပိုင်း၌ နှစ်စဉ် ဩဂုတ်လ (၁၅) ရက်နေ့၌ ကိုယ်တော်မြတ်စက္ကရာမင်တူးကို လှေငယ်ဖြင့်ပင့်ဆောင်၍ စီတန်းလှည့်လည်ရင်း အမိမယ်တော်အားဂုတ်ပြုလေ့ရှိသည်။

အဆိုပါစီတန်းလှည့်လည်ခြင်းကို Fête-Dieu du Teche ဟုခေါ်ကြသည်။

ယခုနှစ်သည် Louisiana ပြည်နယ်သို့ ပြင်သစ်စကားပြောသောကနေဒါဒေသခံများ Acadiana သို့ရွေ့ပြောင်းခဲ့သည့် (၂၅၈) နှစ်ပြည့်နှစ်ပတ်လည်လည်းဖြစ်သည်။

အမိမယ်တော်သည် Acadiana ဒေသအားမှိုင်းမသောအမိအဖြစ်ဂုတ်ပြုအပ်နှံထား သည်။ ပွဲနေ့မစ္ဆာအား Lafayette သာသနာ ပိုင်ဆရာတော် Douglas Deshotel မှ မယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံဘွဲ့ခံယူထားသောဘုရားကျောင်းတွင်ပူဇော်မည်ဖြစ်သည်။

လှေငယ်ဖြင့်ကိုယ်တော်မြတ်ပင့်ဆောင်ကြွချီမည့်ရေမိုင်ခရီးသည် (၄၀) မိုင်ရှည်လျားသည်။ လိုက်ပါလိုသောဘာသာတူများကလည်း လှေကိုယ်စီဖြင့်လိုက်ပါကြမည်ဖြစ်သည်။ ရေလမ်းတစ်လျှောက်ကိုယ်တော်မြတ်ကြွမြန်းရာ၌ ခေတ္တရပ်နား၍ကိုယ်တော်မြတ်ကိုးကွယ်ခြင်း၊ ကောင်းချီးမင်္ဂလာခံယူခြင်းကိုပြုလုပ်ကြမည်ဖြစ်ပြီး စုရပ်များစွာကိုစီစဉ်ထားသည်။

၀ိညာဉ်ကိုအကောင်းဆုံးပြင်ဆင်၍ ပွဲတော်ကိုပါ၀င်ကျင်းပနိုင်ရန် အာပတ်ဖြေခြင်းကိုလည်းရွေ့လျားတဲဖြင့်မတူညီသောနေရာများ၌စီစဉ်ပေးထားသည်။ ထိုတစ်နေ့တာ၏၀တ်ပြုဆုတောင်းခြင်း၊ စီတန်းလှည့် လည်ခြင်းအစီအစဉ်သည် ညနေ (၆) နာရီ ညနေမေတ္တာစုပေါင်းရွတ်ဆိုခြင်း၊ ကိုယ် တော်မြတ်ကောင်းချီးတော်ခံယူခြင်းများပြုလုပ်၍အဆုံးသတ်မည်ဖြစ်သည်။

အဆုံးသတ်မည့်အစီအစဉ်ကိုမူ New Iberia ရှိစိန့်ပီတာကက်သလစ်ဘုရားကျောင်း၌ကျင်းပမည်ဖြစ်ကြောင်းကြေငြာထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/Rpr4

Add new comment

2 + 0 =