အမေရိကန် ဘာသာရေးက Coronavirus ကပ်ဆိုက်သောကာလမှာ သူတို့ယုံကြည်ခြင်းက ကြံ့ခိုင်လာကြောင်း လေ့လာစမ်းစစ်သိရှိရ။

အမေရိကန် ဘာသာရေးက Coronavirus ကပ်ဆိုက်သောကာလမှာ သူတို့ယုံကြည်ခြင်းက ကြံ့ခိုင်လာကြောင်း လေ့လာစမ်းစစ်သိရှိရ။

အမေရိကန် ဘာသာရေးက Coronavirus ကပ်ဆိုက်သောကာလမှာ သူတို့ယုံကြည်ခြင်းက ကြံ့ခိုင်လာကြောင်း လေ့လာစမ်းစစ်သိရှိရ။

Pew Research ရဲ့ သတင်းပေးချက်အရ CenterDenver သတင်းဌာန က May 1, 2020 / 03:50 pm အချိန်မှာ "လူတစ်ချို့၊ ကက်သလစ်ဘာသာတူ ၂၇%အပါအဝင်၊ Coronavirus ကူးစက်ရောဂါ ပျံ့တဲ့ အချိန်ကစပြီး သဘာသာရေးကိုင်းရှိုင်ဆုံးသောသူတွေထက် ပိုကိုင်းရှိုင်းသောသူတွေကြားမှာ ကူးစက်မှုနှုန်းက မြင့်မားလာတယ်လို့ကြေငြာခဲ့ပေမဲ့ သူတို့ရဲ့ ယုံကြည်ခြင်းက ပိုမိုခိုင်မာလာတယ်လို့ " ကြေငြာပါတယ်။ "အမေရိကားမှာနေထိုင်နေကြတဲ့ သူများထဲက အမြဲဆုတောင်းကြပြီး ဝတ်ပြုဆုတောင်းခြင်းတွေမှာ(အနည်းဆုံးပုံမှန်)ပါဝင်ကြသူတွေ ပြီးတော့ ဘာသာတရားက သူတို့အတွက် အရေးကြီးတယ်ဆိုပြီး တန်ဖိုးထားကြတဲ့သူတွေက Corona Virus ဖြစ်ပွားမှုရဲ့အကျိုးဆက်ကြောင့် တခြားသူတွေလို သူတို့ရဲ့ ယုံကြည်ခြင်း ပိုမိုခိုင်မာကြောင်း ပြောကြတာမကြားရပါဘူး။" လို့ Pew Research Center မှ သုတေသနတွဲဖက် Claire Gecewicz က a April 30 မှာကြေငြာခဲ့ပါတယ်။

ဆက်လက်ပြီးသူပြောသွားတာက "ဘာသာတရားယုံကြည်မှုတိုးတက်လာခြင်းကို ပြည်သူတစ်ချို့ကြားမှာ အများဆုံးထုတ်ပြန်ပြောဆိုကြပြီး corona virus ပျံ့ပွားမှုက ဘာသာတရားကို အတော်လေး စတင်ပျိုးထောင်လာနိုင်ကြောင်း" ကိုယ်တိုင် အစီရင်ခံတင်ပြခဲ့ပါတယ်။

ဒီတွေ့ရှိစစ်ဆေးချက်တွေက April 30 မှာ ထုတ်ပြန်တဲ့ သုံးသပ်ချက်မှ တင်ပြထားတာဖြစ်ပါတယ်။ ၂၄% သောအမေရိကန်ပြည်သူများနှင့် ၃၅%သော ခရစ်ယာန်များက သူတို့ရဲ့ယုံကြည်ခြင်း ပိုမိုခိုင်မာတိုးတက်လာကြောင်း၊ Pew ကိုတင်ပြပါတယ်။ ဒါပေမဲ့လဲ ၄၇% သော အမေရိကန်ယုံကြည်သူတွေကတော့ သူတို့ရဲ့ယုံကြည်ခြင်း သိပ်ပြီးတော့မတိုးလာဘူးလို့လဲ ဆိုထားပါတယ်။

ကက်သလစ်ဘာသာဝင်တွေရဲ့ ဖွင့်ဆိုချက်အရ ၂၇% ရဲ့ ယုံကြည်ခြင်းက ပိုမိုခိုင်မာတိုးတက်လာပြီး၊ ၃၅% ကတော့ မပြောင်းလဲကြောင်း၊ ၂% က ယုံကြည်ခြင်း ပိုမိုအားနည်းလာကြောင်းနှင့် ၇% ကတော့ ဘာသာတရားမရှိတဲ့ သူတွေဖြစ်သလို ပြောင်းလဲမှုမရှိခဲ့ပါဘူး။

၂၂% သော သင်းဂိုဏ်းခွဲများနှင့် ယှဉ်ကြည့်ရမယ်ဆိုရင်၊ ဧဝံဂေလိအသင်းဝင် ၄၂% ကတော့ သူတို့ယုံကြည်ခြင်းက ပိုမိုခိုင်မာလာတယ်လို့ တင်ပြခဲ့ပါတယ်။

ဖြေကြားတဲ့သူတွေထဲက အနည်းဆုံး လစဉ် ဘာသာရေး ဝတ်ပြုဆုတောင်းပွဲ တက်ရောက်ကြတဲ့သူတွေကတော့ သူတို့ရဲ့ယုံကြည်ခြင်းက ပိုမိုခိုင်မာတိုးတက်လာတယ်လို့ ပြောကြပါတယ်။ တစ်နှစ်မှာအကြိမ်အနည်းငယ်သာတက်ကြတဲ့ သူတွေထဲက ၂၆% ကတော့ သူတို့ရဲ့ ယုံကြည်ခြင်းက ပိုမိုခိုင်မာလာတယ်လို့ ပြောခဲ့ကြပါတယ်။

ဘာသာတရားယုံကြည်ခြင်း၊ ခိုင်မာစေခြင်း၊ ကိုယ်တိုင်အစီရင်ခံတင်ပြခြင်းက အာဖရိကားနှင့် အမေရိကား တို့တွေမှာ အပြင်းထန်ဆုံးဖြစ်ပြီး ၄၁% ကယုံကြည်ခြင်း ခိုင်ခိုင်မာမာရှိပြီး၊ လူဖြူတွေ ၂၀% မျှသာ ယုံကြည်ခြင်းခိုင်မာလာတယ်လို့ ထွက်ဆိုကြပါတယ်။ အမေရိကားနေ Hispanic လူမျိုး၊ လူကြီးပိုင်း ၃၀% ကတော့ ယုံကြည်ခြင်း ပိုမို ခိုင်မာလာတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။ ကျားမခွဲပြောရရင်တော့ အမျိုးသမီး ၃၀% က ယုံကြည်ခြင်းပိုမို ခိုင်မာလာပြီး၊ ၄၆% က ပြောင်းလဲမှုမရှိကြောင်းနှင့် ၃၂%မှာ ဒိဋ္ဌိတွေဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

အသက် ၅၀ နှင့်အထက် တွေက လူငယ်တွေထက် ယုံကြည်ခြင်းပိုမို ခိုင်မာလာကြောင်း ဖြေကြားခဲ့သူတွေလဲ ပိုများကြောင်းပြောခဲ့ပါတယ်။ အသက် ၃၀ ကနေ ၄၉ ကြားမှာရှိတဲ့ လူ ၂၂% ရာခိုင်နှုန်းတွေလိုပဲ ၁၈ နှစ်နှင့် ၂၉ နှစ်တွေကြားမှာ ၁၇%ရာခိုင်နှုန်းက ယုံကြည်ခြင်း ပိုမိုခိုင်မာလာတယ်လို့ ပြောပြကြပါတယ်။

ထူးထူးထွေထွေမရှိဘူးလို့ ကိုယ့်ကိုယ်ကို ခွဲခြားသတ်မှတ်တဲ့သူထဲက ၁၁%နှုန်းကတော့ သူတို့ယုံကြည်ခြင်းက ခိုင်ခိုင်မာမာရှိနေပြီလို့ ပြောပြပါတယ်။ ဘာသာရေးအရ ဘယ်အသင်းနှင့်မှ ပူးပေါင်းမှုမရှိတဲ့သူတွေအားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ၆၅% က ပိုမိုခိုင်မာတဲ့ယုံကြည်ခြင်းဆိုတာ သူတို့နဲ့သက်ဆိုင်မှုမရှိသလို ပြောင်းလဲမှုလဲမရှိခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။ အမေရီကန် နိုင်ငံသား ၂၆% ခန့်ကလဲ ဒီလိုပဲတင်ပြပါတယ်။

"Corona Virus ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်တဲ့အထဲမှာ အစိုးရရဲ့ပိတ်ပင်တားစီးမှု (သို့) စီးပွားရေ၊း လူမှုရေး နှင့် ဘာသာရေးဆိုင်ရာ ဆိုင်ရာ ကန့်သတ်ချက်များပါဝင်ခဲ့ပါတယ်။ ကက်သလစ်ဘုရားကျောင်းတွေမှာတော့ လူထုနဲ့ကျင်းပတဲ့ မစ္ဆားတရားတွေကို တစ်နိုင်ငံလုံး ရပ်စဲထားခဲ့ပြီး တစ်ချို့သော သာသနာတွေမှာတော့ ကန့်သတ်ချက်တွေကို အခုမှစတင်နေတယ် " လို့ ဆိုပါတယ်။

Pew က ကိုယ်တိုင်တက်ရောက်နိုင်တဲ့ ဝတ်ပြုခြင်းပြုလုပ်တဲ့နေရာတွေ ရှိ/မရှိ ကိုလဲ စစ်ဆေးမေးမြန်းခဲ့ပါတယ်။
"ပုံမှန် ဘာသာတရားဝတ်ပြုကိုးကွယ်ခြင်းကို တက်ရောက်ကြတဲ့သူ အားလုံးနီးပါးရဲ့ ဖြေဆိုချက်က၊ ၉၄% သော ကက်သလစ်တွေလိုပဲ လူထုတက်ရောက်နိုင်တဲ့ ဝတ်ပြုခြင်းပြုလုပ်တဲ့နေရာတွေ အပိတ်ခံရတယ်လို့ ၉၁%က ဖြေကြားပါတယ်။ ဘယ်ပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စု လူကြီးပိုင်း ၄၅% တွေကတော့ ဝတ်ပြုပွဲတွေကို မတက်ရောက်ကြဘူး (သို့) ဘုရားကျေင်းတွေမှာ ဘာလုပ်နေကြပြီလဲဆိုတာမသိကြဘူး။ " လို့ Pew ကပြောခဲ့ပါတယ်။

ဧဝံဂေလိအသင်းဝင် ၉၂%၊ တစ်ခြား ခရစ်ယာန်အသင်းဂိုဏ်းခွဲ ၈၆% နှင့် Black protestant (အမေရိကန်ပြည်ထောင်စုတွင်ရှိသော အာဖရိကန်၊ အမေရိကန် အသင်းဖွဲ့ကို ဦးစီးသော protestant အသင်း) များနှင့် နှိုင်းယှဉ်ကြည့်ရင် ကက်သလစ်ဘာသာဝင် ၇၉% ရဲ့ ဖြေကြားချက်ကတော့ သူတို့ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေက အွန်လိုင်းနဲ့ ပြောင့်ရွေ့ပြုလုပ်ကြပြီးဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။
Pew က အမေရိကန် ပြည်သူ လူကြီးပိုင်း ၁၀, ၁၃၉ ကို April ၂၀-၂၆ ကြားမှာ ဆန်းစစ်လေ့လာခဲ့ပါတယ်။ စုစုပေါင်းကောက်ထားရစာရင်းတွေမှာ မှားတဲ့အကြိမ်ရေတွေက အပေါင်း (သို့) အနှုတ်လက္ခဏာ (၁.၃) ရာခိုင်နှုန်းအမှတ်တွေ့ရှိခဲ့ပါတယ်။

အရင်က Pew ရဲ့သုံးသပ်ချက်အရ၊ အိမ်တွင်းနေခြင်း ဆိုတဲ့အမိန့်နဲ့ တပြေးညီ နေရာအတော်များများမှာ တက်ကြွလျက်ရှိနေကြပြီး လူအနည်းစုကတော့ ဘာသာတရားဆိုင်ရာဝတ်ပြုဆုတောင်းပွဲများကို ကိုယ်တိုင်တက်ရောက်ကြကြောင်း မတ်လကုန်ပိုင်းမှာ ပရိတ်သတ်တွေကြားကြေငြာခဲ့ပါတယ်။
အနည်းဆုံးတစ်လမှာ တစ်ကြိမ် (သို့) နှစ်ကြိမ် ဝတ်ပြုပွဲပုံမှန်တက်တဲ့သူတွေကြားထဲက ၅၉% ကတော့ သူတို့ရဲ့ တက်ရောက်မှုကို ပြန်ခင်ချင့်ချိန်နိုင်ခဲ့ပြီး၊ သူတို့အဖွဲ့ထဲက ၅၇% ကတော့ အွန်လိုင
အွန်လိုင်း (သို့) တီဗွီ မှာပြသတဲ့ ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ် တွေကို ကြည့်ရှုခဲ့ကြတယ်လို့လဲ ပြောပြထားပါတယ်။
အနည်းဆုံးတစ်လတစ်ကြိမ်(သို့) တစ်လနှစ်ကြိမ် မစ္ဆားတရားနာကြတဲ့ သူတွေထဲက ၅၅% ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာကပ်ရောဂါဆိုက်ရောက်ချိန်မှာ တရားနာတဲ့အကြိမ် နည်းသွားသလို၊ မစ္ဆားတရားကို တက်ရောက်နာမယ့်အစား ၄၆% ကတော့ အွန်လိုင်း (သို့) တီဗွီ မစ္ဆားတရားနာကြရတယ်လို့ တင်ပြခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင်
အလားတူပဲ ကက်သလစ်ဘာသာဝင် ၆၈% အပါအဝင် အမေရိကန် ပြည်သူ ၅၅% က ကမ္ဘာ့ကပ်ရောဂါကြီး အဆုံးဖို့ရန်အတွက် ဆုတောင်းနေကြကြောင်းကို ဆန်းစစ်သိရှိရပါတယ်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

Photo Credit: L'Osservatore Romano

https://bit.ly/2W9rvLN

Add new comment

1 + 18 =