အမေရိကန် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးသည် သန့်ရှင်းသောရက်သတ္တပတ်အတွင်း (၇၃) နာရီအာပတ်ဖြေနားထောင်ပေးမည်။

အမေရိကန် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးသည် သန့်ရှင်းသောရက်သတ္တပတ်အတွင်း (၇၃) နာရီအာပတ်ဖြေနားထောင်ပေးမည်။

အမေရိကန် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးသည် သန့်ရှင်းသောရက်သတ္တပတ်အတွင်း (၇၃) နာရီအာပတ်ဖြေနားထောင်ပေးမည်။

 

            သန့်ရှင်းသောရက်သတ္တပတ်အတွင်း အာပတ်ဖြေခြင်းကို (၇၃) နာရီနာထောင်ပေးမည့်ဘုန်းတော်ကြီး မှာ  ဖာသာရ် David Michael Moses ဖြစ်သည်။ သူသည် Fulshear မှ စိန့်ဖောစတီးနာဘုရား ကျောင်း၏ ကျောင်းထိုင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်၌ ယခုနှစ်သန့်ရှင်းသော ရက်သတ္တပတ်၏လှုပ်ရှားမှုအဖြစ် (၇၃) နာရီ အာပတ်ဖြေနားထောင်ပေးကြရန်ဆုံးဖြတ်ခဲ့ကြသည်။ ဖာသာရ်သည် ဤလှုပ်ရှားမှုဆုံးဖြတ်ချက်ကို သူ၏လူမှုကွန်ရက်ပေါ်၌ ‘ဘုရားသခင်၏သနားခြင်းသည် အလွန်ကြွယ်၀လှသည်။ အမြဲအသင့်ရှိသည်။ အနည်းငယ်ရူးသွပ်မှုလည်းဖြစ်သည်။ ကျွန်ုပ်တို့၏အာပတ် ဖြေနား‌ထောင်ပေး သည့်အချိန်ကို ဤသို့ နားလည်စေချင်ပါသည်။ သင်တို့နှင့်နောက်အပတ်၌ဆုံဆည်းရန် မျှော်လင့်ပါသည်’ ဟုရေးတင်ခဲ့သည်။  

            အာပတ်ဖြေချင်သူများအတွက် သန့်ရှင်းသောရက်သတ္တပတ်၏တနလ်ာနေ့မှစ၍စနေနေ့ကြီး အထိဘုန်းတော်ကြီးများမှ အလှည့်ကျထိုင်ဖြေပေးသွားမည်ဖြစ်သည်။ သာသနာအုပ်စုတစ်ခု၌ အာပတ် ဖြေနားထောင်ပေးသောအချိန်အကြာဆုံးအစီအစဉ်မှာ ယခုတစ်ကြိမ်သည် ပထမဦးဆုံးစီစဉ်ခြင်းဖြစ်သည်။ သောကြာနေ့ကြီး၌မှု ဘုန်းတော်ကြီးများသည် နံနက် (၆) နာရီမှညသန်းခေါင်ယံအထိထိုင်ပေးမည်ဖြစ်ကြောင်း

ယခုကဲ့သို့စီစဉ်ပေးသော ဘုန်းတော်ကြီးသည် အသက် (၁၈) နှစ်ကပင် ကက်သလစ်ရဟန်းတစ်ပါး ဖြစ်ရန် ဆန္ဒပြင်းပြခဲ့သူဖြစ်ကြောင်း  ထိုစဉ်က သူသည် ကောလိပ်ကျောင်းပြီးသွားပြီး၊ Houston တက္ကသိုလ်၌ ဥပဒေ ကျောင်းတက်ရောက်ရန်စာရင်းပေးသွင်းပြီးဖြစ်သည်။ သူသည် Galveston-Houston ဂိုဏ်း ချုပ်သာသနာ၏ ရဟန်းဖြစ်တက္ကသို့လ်သို့၀င်ရောက်ခဲ့ပြီး၊ သင်ကြားရသောဘာသာရပ်များကိုသင်ကြား ပြီးနောက် (ဇွန် ၁၊ ၂၀၁၉) ခုနှစ်တွင် ထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။

            သူသည် သီချင်းများကိုလည်းရေးသားနေခဲ့သည်မှာ လွန်ခဲ့သော (၁၆) နှစ်ခန့်ကပင်ဖြစ် သည်။ သူသည် သူ၏တေးဂီတတင်ဆက်မှုဖြင့် အမေရိကန်ဒေါ်လာ (၅၀၀၀၀၀) ကျော်ကိုလည်း ‘ကိုယ် ၀န်ဖျက်ချခြင်းကိုဆန့်ကျင်သောအဖွဲ့’ အတွက်ရံပုံငွေ ရှာဖွေပေးနိုင်ခဲ့သည်။ ဤရံပုံငွေသည် စီးပွားရေးကြောင့်၊ ဘ၀ရပ်တည်ရန်ခက်ခဲသောကြောင့် ကိုယ်၀န်ဖျက်ချနေကြသောအမျိုးသမီးများအားထေက် ပံ့ကူညီရန် ဖြစ်သည်။ သူ၏လာမည့် ဂီတဖျော်ဖြေရေးအစီအစဉ်ကို လာမည့် (ဇူလိုင် ၂၈) ရက်နေ့၊ Texas ပြည်နယ်၊ Houston မြို့တွင်တင်ဆက်မည်ဖြစ်သည်။         

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy : SW News

https://bit.ly/3uPglgR

 

Add new comment

2 + 7 =