အမေရိကန်၌ကက်သလစ်များအားအကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နေသည်ကို အမေရိကန်ကက်သလစ်ဆရာတော်ကြီးများကမေတ္တာဖြင့်အမုန်းကိုအနိုင် ယူရန်တိုက်တွန်းထား

အမေရိကန်၌ကက်သလစ်များအားအကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နေသည်ကို အမေရိကန်ကက်သလစ်ဆရာတော်ကြီးများကမေတ္တာဖြင့်အမုန်းကိုအနိုင် ယူရန်တိုက်တွန်းထား

အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ကြေငြာချက်တစ်ခုကို ဗုဒ္ဓဟူးနေကထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ရခြင်းမှာကက်သလစ် သာသနာတော်၏ဘုရားကျောင်းများ၊ ဆင်းတုရုပ်တုများနှင့်ဘာသာရေးသင်္ကေတများကိုလိုက်လန်ဖျက်ဆီးနေခြင်းနှင့်ပတ်သက်ပါသည်။

ကြေငြာချက်ထဲ၌ ‘ကျွန်ုပ်တို့၏ နိုင်ငံသည်သူမတူသောယဉ်ကျေးမူပွတ်တိုက်မူကြီးကိုကြုံနေရကြောင်း၊ မကြာမီရက်သတ္တပတ်အတွင်းကျူးလွန်ခဲ့သောအကြမ်းဖက်လုပ်ရပ် များစွာကိုလည်းဖော်ပြထားပြီး၊ ဖလောရီဒါ၌ဖြစ်ပွားခဲ့သောအကြမ်းဖက်တိုက်ခိုက်မူ ၌မူ ကားသမားတစ်ဦးသည်ရည်ရွယ်ချက်ချက်ရှိရှိဖြင့်မိမိ၏ကားဖြင့်ဘုရား ကျောင်းအား၀င်တိုက်ခဲ့သည့်အပြင်၊ ဘုရားကျောင်းကိုလည်းမီးတင်ရှို့ရန်ကြိုးစားခဲ့ကြောင်း၊ ယေဇူးသခင်၏ဆင်းတုတော်နှင့်အမိမယ်တော်၏ဆင်းတုတော်အ တော်များများသည်လည်း မျက်နှာများဖျက်ဆီးခံရ၊ ခေါင်းများရိုက်ဖြတ်ခံရခြင်းများကိုကျူးလွန်ခဲ့ကြောင်း၊ လော့စ်အိန်ဂျေလ်မြို့၌ရှိ သမိုင်း၀င်သော San Gabriel ဘုရားကျောင်းလည်း ဇူလိုင်လအစေားပိုင်းကမီးတင်ရှိုဖျက်ဆီးခဲ့ရကြောင်း၊ အဘယ်သူ၏လက်ချက်ဖြစ်သည်၊ အဘယ်ကြောင့်ပြုလုပ်သည်ကိုလည်း ယခုအချိန်ထိမသိရသေးကြောင်း၊

ယခုကဲ့သို့ရည်ရွယ်ချက်ရှိရှိဖျက်ဆီးရခြင်း၏အကြောင်းအရင်းကိုမူယခုထိမသိရသေးကြောင်း၊ ဤသို့ကျူးလွန်သူများသည် အကူအညီလိုအပ်နေသောကြောင့်လော၊ သို့မဟုတ်အမုန်းဓာတ်ခံဖြင့်ထိတ်လန့်အောင်ဖန်တီးခြင်းလောမသိရကြောင်း၊ မည်သို့ပင်ဆိုစေယခုကဲ့သို့အကြမ်း ဖက်လုပ်ရပ်များပြုလုပ်နေခြင်းသည် လူမှုအသိုင်းအ၀န်းအနေဖြင့်ကုစားရန်လိုအပ်သည့်ပြယုဂ်ဖြစ်ကြောင်း၊

ဤလုပ်ရပ်သည်အဘယ်ကြောင့်ဆိုသည်ကိုမသိ ရသော်လည်း ကျူးလွန်သူများအတွက်ဆုတောင်းပေးကြောင်း၊ တစ်ဆက်တည်း၌လည်းကျွန်ုပ်တို့လည်းဆက်လက်မဖြစ်ပွားစေရန်သတိဖြင့်နေထိုင်ရမည်ဖြစ် ကြောင်း၊ မကောင်းမှု၊ ရန်ဆောင်ခြင်းကို ယေဇူးသခင်နှင့်သူ၏မိခင်သင်ကြားခဲ့သည့်အတိုင်းနားလည်မှု၊ သနားကြင်နာမှုဖြင့်ပြန်လည်တုန့်ပြန်ရမည်ဖြစ် ကြောင်း၊ ကျူးလွန်သူများ၏ပျက်စီးခြင်းထက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုအာရုံပြုကြရန်၊ ဆရာသခင်၏လမ်းစဉ်ကိုလိုက်ကြရန်၊ ရှုပ်ထွေးမူကိုနားလည် မူဖြင့်လည်းကောင်း၊ အမုန်းကိုချစ်ခြင်းမေတာဖြင့်လည်းကောင်းတုန်ပြန်ကြပါရန် ကြေငြာချက်ထဲ၌ တိုက်တွန်းနိုးဆော်ထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/2WWZZ4d

Add new comment

4 + 4 =