အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုယ်တော်မြတ်ပင့်ယူခွင့်ဆက်လက်ရရှိမည်ဟုမျှော်လင့်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုယ်တော်မြတ်ပင့်ယူခွင့်ဆက်လက်ရရှိမည်ဟုမျှော်လင့်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကိုယ်တော်မြတ်ပင့်ယူခွင့်ဆက်လက်ရရှိမည်ဟုမျှော်လင့်

            အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကက်သလစ်ဘာသာ၀င် သမ္မတတစ်ဦးဖြစ်သည်။ သူသည်အမေရိကန်နိုင်ငံ၏သမ္မတသက်တမ်း၌ ကက်သလစ်ဖြစ်သော်လည်း သမ္မတအဖြစ်ရွေးချယ်ခံရသောဒုတိယသမ္မတဖြစ်သည်။ ပထမတစ် ဦးမှာသမ္မတဂျွန်အက်ဖ်ကနေဒီဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒင်သည် သန္ဓေတားဆီးခြင်း၊ ဖျက်ချခြင်းကိုအားပေးသောနိုင်ငံရေးပါတီကိုကိုယ်စားပြုထားသောသမ္မတဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍အမေရိကန်နိုင်ငံမှကက်သလစ်ဆရာတော် ကြီးများက သူ့အားကိုယ်တော်မြတ်ပင့်ခွင့်မပြုရန် ပြင်းပြင်းထန်ထန်‌ဝေဖန်နေကြသည်။ ထို့အတူ သန္ဓေဖျက်ချခြင်းကို အားပေးသောမည်သည့်ကက်သလစ်နိုင်ငံရေးသမားများကိုမဆို ကိုယ်တော်မြတ်ပင့်ယူခွင့်မပြုရန်ဆုံးဖြတ်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် သန္ဓေဖျက်ချခြင်းသည် အမိကက်သလစ်သာသနာတော်ကြီးမှပြင်းပြင်းထန်ထန်ပိတ်ပင်ထားသောသွန်သင်ချက်ဖြစ်သည်။ သူနှင့်ပတ်သက်သော အမေရိကန်ကက်သလစ်ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍သူ့အားမေးမြန်းရာ တသီးပုဂ္ဂလိကနှင့်ဆိုင်သောကိစ္စဖြစ်၍ ဆုံးဖြတ်ချက်အတိုင်းဖြစ်လာဖွယ်မရှိဟုဖြေကြား ခဲ့သည်။      

            အ‌မေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ၄င်းတို့၏ပုံမှန်နွေဦးအထွေထွေအစည်းအ‌ဝေးကိုယခင်အပတ်ကကျင်းပခဲ့သည်။ ထိုအစည်းအ‌ဝေး၌ သန္ဓေဖျက်ချခြင်းကိုအားပေးထောက်ခံသော ကက်သလစ်နိုင်ငံရေး သမားများအား ကိုယ်တော်မြတ်ပင့်ခွင့်ပြုခြင်း၊ မပြုခြင်းကိုကိစ္စကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ဆရာတော်များ အနေဖြင့် နိုင်ငံရေးသမားများနှင့်အရေးကြီးသောရာထူးများကိုထမ်းဆောင်နေကြသော ကက်သလစ်ဘာသာ၀င် ပြည်သူ့ ၀န်ထမ်းများအနေဖြင့် အမိကက်သလစ်သာသနာတော်ကြီး၏သွန်သင်ချက်များကို တည်ကြည်မြဲမြံစွာအထူးလိုက်နာ ကြရန်တိုက်တွန်းထားသည်။

            ဂျိုးဘိုင်ဒင်သည် အမေရိကန်သမ္မတသမိုင်း၌ ဒုတိယကက်သလစ်သမ္မတဖြစ်လာသူဖြစ်ပြီး၊ သန္ဓေဖျက်ချခြင်းကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကိုအားပေးရုံမက၊ ငွေကြေးထောက်ပံ့ခြင်းများလည်းတိုးမြှင့်လုပ်ဆောင်နေသည်။ အမေရိကန် နိုင်ငံ၌ သန္ဓေဖျက်ချခြင်းကိုတစ်နိုင်ငံလုံးအတိုင်းအတာနှင့်လုပ်ပိုင်ခွင့်ကို အထက်လွတ်တော်မှ (၁၉၇၃) ခုနှစ်တွင်အ တည်ပြုပြဒါန်းခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို Roe v. Wade  ဟုလူသိများသည်။ လက်ရှိအမေရိကန်သမ္မတနှင့်ဒုသမ္မတ တို့သည် အဆိုပါဆုံးဖြတ်ချက်ကိုထောက်ခံကြောင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ သန္ဓေဖျက်ချရာ၌သုံးစွဲရန်ကူညီပံ့ပိုးပေးသောရံပုံငွေအားပိတ်ပင်တားဆီးသည့် မက်ဆီကိုစီးတီး၏မူကို ဂျိုးဘိုင်ဒင်က ထပ်ခါထပ်ခါကိုးကားပြောဆိုနေသည်။        

            ပြည်တွင်း၏သန္ဓေဖျက်ချခြင်းမူနှင့်ပတ်သက်၍ဘိုင်ဒင်သည် မိမိတို့၏ဆုံးဖြတ်ချက်ဖြင့်သန္ဓေဖျက်ချမည့်သူများ အားလည်းငွေကြေးထောက်ပံ့ပေးရေးကို(၂၀၂၂) အတွက်ဘဏ္ဏာငွေကိုတောင်းခံထားပြီးဖြစ်သည်။ ထိုမူသည် (၁၉၇၆) နှစ်မှစ၍ကုန်ကျစရိတ်ကို ဗဟိုရန်ပုံငွေမှကူညီရန်တားမြစ်ထားခဲ့သည်။

            မျက်မှောက်ကာလ၏အခြေအနေနှင့်ပတ်သက်၍ ‘Gaudium et spes’ ဗာတီကန် (၂) အစည်းအ‌ဝေးကြီး၌ ‘သန္ဓေတည်သောအချိန်မှစ၍ လူ့အသက်ကိုအထူးဂရုစိုက် ကာကွယ်စောင့်ရှောက်ရမည်။ ထိုအခြေအနေ၌သန္ဓေဖျက်ချ ခြင်းနှင့်ကလေးအားသတ်ဖြတ်မှုများသည် ရာဇ၀တ်မူကြီးဖြစ်သည်’ ဟုဆိုထားသည်။

            ယုံကြည်ခြင်းဆိုင်ရာသွန်သင်ချက် များစီစစ်သောဌာန၏ (၂၀၀၂) ထုတ်ပြန်ကြေညာချက်၌လည်း ကက်သလစ် နိုင်ငံရေးသမားများလိုက်နာရမည့်လမ်းညွှန်မှုကိုချပြထားသည်။ ကြေညာချက်ထဲ၌ ကက်သလစ်နိုင်ငံရေးသမားများအနေဖြင့် အမိသာသနာတော်ကြီး၏ သွန်သင်လမ်းညွှန်ချက်ကိုလိုက်နာကျင့်ကြံရမည်ဖြစ်ကြောင်း၊ အထူးသဖြင့်အလွန်အရေးပါသောအကြောင်းအရာများနှင့်ပတ်သက်လာလျှင် (ဥပမာအားဖြင့် သန္ဓေဖျက်ချခြင်း၊ ဒုက္ခခံစားနေရသည်ကို မကြည့်ရက်၍သော်လည်းကောင်း၊ လူနာဖြစ်သူမှပြင်းထန်သော‌ဝေဒနာကိုမခံစားနိုင်တော့၍ တောင်းခံ၍သေစေရန်လုပ်ဆောင်ခြင်း) သာသနာ၏လမ်းညွှန်သွန်သင်ချက်အတိုင်းလိုက်နာရမည်ဟုထည့်သွင်းဖော်ပြထားသည်။ ကာဒီနယ် Luis Ladaria ၏အမေရိကန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ထံသို့ မေလကပေးပို့သောစာထဲ၌လည်း အမိသာသနာ တော်၏သွန်သင်လမ်းညွှန်ချက်နှင့်လွဲချော်သွေဖီသော ကက်သလစ်နိုင်ငံရေးသမားများအားနှင့်ပတ်သက်၍ ပြောဆို ထောက်ပြထားသည်။

            (၂၀၁၉) သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းနေစဉ်၌ Charleston ၏ သာသနာအုပ်စုတစ်ခု၌ မစ္ဆားတရားအတွင်း ကိုယ်တော်မြတ်ပင့်ရန်သွားရောက်ခဲ့သော ထိုစဉ်ကသမ္မတလောင်း ဂျိုးဘိုင်ဒင် ကိုယ်တော်မြတ်ပင့် ခွင့်မရခဲ့ပေ။ Charleston ၏ကိုယ်တော်မြတ်ပင့်ခွင့်မူသည် Atlanta နှင့် Charlotte ကဲ့သို့ပင်ကျင့်သုံးသည်။ ထိုမူကား ‘ကက်သလစ်နိုင်ငံ့၀န်ထမ်းများအနေဖြင့် သန္ဓေဖျက်ချခြင်းကိုအားပေးအားမြောက်ပြုခြင်း၊ အတင်းတိုက်တွန်းခြင်းကိုပြု လုပ်သူအားလုံးအားကိုယ်တော်မြတ်ပင့်ခွင့်မပြုရန်၊ အဘယ်ကြောင့်ဆိုသော် မကောင်းမှုကိုပူးတွဲလုပ်ဆောင်အားပေးခြင်းဖြစ်သည်’ ဟုဖြစ်သည်။ သန္ဓေဖျက်ချနိုင်ခွင့်ဥပဒေကိုအားပေးခြင်းဖြင့် အပြစ်ကြီးထဲသို့ကျရောက်စေရန်ကူညီပေးနေရာရောက်သည်။ ထို့ကြောင့် ထိုပါ၀င်ပတ်သက်မှု၌ရှိနေသ‌ရွေ့ ကိုယ်တော်မြတ်ပင့်ယူခြင်းကိုဆိုင်းငံ့ ထားရမည်ဟု ဖြစ်သည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of WGBH

https://bit.ly/3xEjA9f

Add new comment

2 + 2 =