အမေရိကန်ရှိ ကက်သလစ်ဆရာတော်ကြီးများမှ မြန်မာပြည်သူများနှင့်တစ်လုံးတစ်ဝတည်းရှိကြောင်း ပြသ

အမေရိကန်ရှိ ကက်သလစ်ဆရာတော်ကြီးများမှ မြန်မာပြည်သူများနှင့်တစ်လုံးတစ်ဝတည်းရှိကြောင်း ပြသ

အမေရိကန်ရှိ ကက်သလစ်ဆရာတော်ကြီးများမှ မြန်မာပြည်သူများနှင့်တစ်လုံးတစ်ဝတည်းရှိကြောင်း ပြသ

အကြမ်းဖက်ဖြိုခွဲမှုများ၊ဒဏ်ရာအနာတရများနှင့်သေဆုံးမှုများရှိသော်လည်း ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဆန့်ကျင်ရေးသည် အရှိန်အဟုန်ကောင်းနေဆဲဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရှိ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ တရားမျှတမှုနှင့်ငြိမ်းချမ်းရေးကော်မတီအတွင်းရေးမှူးမှလည်း" ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူတို့နှင့်အတူရှိကြောင်း" စာတစ်စောင်ကို မြန်မာနိုင်ငံရှိကက်သလစ်ဆရာတော်ကြီးများအဖွဲ့သို့ပေးပို့ခဲ့သည်။

အဆိုပါ Bishop David J. Malloyက "အရှင်သူမြတ် ပုပ်ဖရန်စစ်သည်လည်း ထိုအာဏာသိမ်းမှုနှင့်သတ်ဖြတ်မှုကိုရှုတ်ချပြီး ငြိမ်းချမ်းရေးအတွက်အမြန်ဆုံးညှိနှိုင်းကြရန်"တောင်းဆိုပေးခဲ့ကြောင်း၊မိမိတို့သည်လည်း ပုပ်ဖရန်စစ်၏အသံကို မီးမောင်းထိုးပြခြင်းဖြစ်ပြီး မြန်မာပြည်သူများအတွက် ဆုတောင်းပေးမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

သူသည် အမေရိကန်အစိုးရကိုလည်း လိုအပ်သော အကူအညီများပေးရန်တောင်းဆိုထားကြောင်း ထပ်လောင်း၍ဖော်ပြခဲ့သည်။

ထိုအာဏာသိမ်းရေးဆန့်ကျင်မှုများတွင် မြစ်ကြီးနားရှိ ကက်သလစ်သီလရှင်တစ်ပါး၏ သတ္တိသည် လူမှုကွန်ရက်တွင် ပျံနှံလာသည်။အသက်၄၅နှစ်ခန့်ရှိသော Sr. Ann Rose Nu Tawng သည် ဆန္ဒပြသူများကို ရိုက်နှက်ဖြိုခွဲရန်ကြိုးစားသော ရဲတပ်ဖွဲ့များနှင့်စစ်သားများ၏အရှေ့တွင် ငိုကြွေး၍ တားဆီးခဲ့သည့်ပုံများသည် လူမှုကွန်ရက်အသုံးပြုသူတို့၏နှလုံးသားကို လှုပ်ခတ်စေခဲ့လေသည်။

 

ဘာသာပြန်-Agnes Lawh Lun

http://bit.ly/3sSp4L6

Add new comment

4 + 11 =