အမေရိကန်ရှိကက်သလစ်ကျောင်းသို့ အမည်မဖော်လိုသူအလှူရှင်မှ ဒေါ်လာတစ်သန်းလှူဒါန်း

အမေရိကန်ရှိကက်သလစ်ကျောင်းသို့ အမည်မဖော်လိုသူအလှူရှင်မှ ဒေါ်လာတစ်သန်းလှူဒါန်း

အမေရိကန်ပြည်ထောင်စု၊ဖီလာဒေးဖီးယားပြည်နယ်ရှိ ကက်သလစ်စာသင်ကျောင်းသို့ အမည်မဖော်လိုသူအလှူ ရှင်က ဒေါ်လာတစ်သန်းလှူခဲ့သဖြင့် ထိုငွေများကို ချို့တဲ့နွမ်းပါးကလေးများကိုကျောင်းထားပေးရန် အသုံးပြုမည်ဟုဆိုသည်။

St. Francis De Sales အ မည်ခံ ကက်သလစ်စာသင် ကျောင်းသည် ထိုလှူဒါန်းငွေကို ပဲန်ဆေလ်ဗေးနီးယား ပညာရေးထောက်ပံရေးအဖွဲ့မှ ရခဲ့ခြင်းဖြစ်ပြီး ထိုအဖွဲ့မှတစ်ဆင့် အလှူရှင်က လှူဒါန်းခဲ့သည်။

ကျောင်းအုပ်ဖြစ်သော အပြစ်မဲ့သန္ဓေယူသောသခင်မဂိုဏ်းမှ Sr. Mary McNulty ကမူ "ဤအရာသည် ထူးဆန်းသေား ဘုရား၏ကျေးဇူးတော်ဖြစ်ပြီး အလွန်အံ့သြပျော်ရွှင်ရပါကြောင်း၊ကျောင်းသားမိဘများလည်း ပျော်ရွှင်ကြ

လိမ့်မည်ဟုပြောကြားခဲ့သည်။

ထိုကျောင်းသည် ကျောင်း သား ၄၆၂ ယောက်ကို ပညာ သင်ကြားပေးပြီး သူငယ်တန်းမှ ရှစ်တန်းအထိရှိသည်။ကျောင်းသားများ၏တစ်နှစ်ကုန်ကျစရိတ်မှာ ဒေါ်လာ ၅၀၀၀ ခန့် ဖြစ်ပြီး အချို့မိဘများက မတတ်နိုင်ချေ။

ထိုကျောင်းရှိ မိဘများသည်လည်း သားသမီးများအား ပညာတတ်မြောက်စေလိုပြီး ကျောင်းမထုတ်လိုကြသဖြင့် ဤခက်ခဲသော အချိန်ကာလတွင် ဤအလှူငွေသည် သူတို့အတွက် အလွန်အသုံးဝင်မည်ဟုဆိုသည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Sla Sla/ShutterStocks

https://bit.ly/37Rp0DZ

Add new comment

2 + 8 =