အမေရိကန်မှ (၂၀၂၂) နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်သောအစီရင်ခံထုတ်ပြန်

အမေရိကန်မှ (၂၀၂၂) နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်သောအစီရင်ခံထုတ်ပြန်

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်သောကော်မရှင် (USCIRF) ၏အစီရင်ခံစာကို (၂၀၂၃) တွင်ထုတ်ပြန်လာသည်။ ဤအစီရင်ခံစာ၌ ဘာသာရေးလွတ်လပ်ခွင့်နှင့်ဖိနှိပ်ခံရသည့်အကြောင်းအရာ၊ အခြေအနေ၊ အချက်အလက်များနှင့်အာဖဂန်နီစ္စတန်နိုင်ငံ၊ တရုတ်၊ ကျူးဘား၊ အီရန်၊ နီဂါရာဂွာနှင့်ရုရှားနိုင်ငံတို့၏ဘာသာရေးဖိနှိပ်မှုအခြေအနေများကိုလည်းတစ်ပါတည်းထည့်သွင်းဖော်ပြထားသည်။

အစီရင်ခံစာထဲ၌ဖိနှိပ်ညှဉ်းဆဲခံရမှုများကိုသာဖော်ပြထားခြင်းမဟုတ်ဘဲ အမေရိကန်အစိုးရအနေဖြင့် ဤဆိုး၀ါသောဘာသာရေးဖိနှိပ်မှုနှင့်လွတ်လပ်စွာ တွေးခေါ်မှုများအားဖိနှိပ်မှုများမှပြုပြင်ပြောင်းလဲလာစေရန် အဘယ်သို့လုပ်ဆောင်သင့်ကြောင်းအကြံပြုတင်ပြချက်များကိုလည်းထည့်သွင်းထားသည်။ ဤဖော်ပြချက်၌ ယခင့်ယခင်နှစ်များကထက်လျော့ပေါ့လာခြင်းမတွေ့ရသည့်အခြေအနေကိုလည်းထည့်သွင်းတင်ပြထားသည်။ အမေရိကန်အစိုးရအနေဖြင့် နိုင်ငံတကာ၌ဘာသာရေးနှင့်ပညာရေးလွတ်လပ်မှုရှိလာစေရန်အားပေးတိုးမြှင့်လုပ်ဆောင်ရန်တိုက်တွန်းထားသည်။

ဤသို့လုပ်ဆောင်ရန်လိုအပ်ကြောင်းတိုက်တွန်းချက်ထဲ၌ နိုင်ငံ (၁၂) နိုင်ငံကိုဖော်ပြထားသည်။ ၄င်းတို့မှာ မြန်မာ၊ တရုတ်၊ ကျူးဘား၊ အဲရိထရေယာ၊ အီရန်၊ နီဂါရာဂွာ၊ မြောက်ကိုးရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆောဒီအရေးဗျ၊ တာဂျီကီစတန်၊ ထူမေနီစတန်နိုင်ငံတို့ဖြစ်ကြသည်။ ထို့အတူ ထပ်လောင်း၍ဖြည့်စွက်ထားသောနိုင်ငံ (၅) ခုမှာ အာဖဂန်နီစတန်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဆီးရီးယားနှင့်ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြသည်။ အုပ်ချုပ်သောအစိုးရ၏ဘာသာရေးအပေါ် ပေါ်ပေါ်တင်တင်ပိတ်ပင်ဖိနှိပ်မှုများကြောင့် ယခုအစီရင်ခံစာ၌သာလျှင် နီဂါရာဂွာနှင့်ကျူးဘားတို့ကိုဘာသာရေးဖိနှိပ်သောနိုင်ငံစာရင်းထဲသွင်းခြင်းဖြစ်သည်။

(၂၀၂၂) အစီရင်ခံစာထဲ၌ အဲလ်ဂျီးရီးယား၊ အာဖရိကအလယ်ပိုင်းဒေသမှနိုင်ငံများပါ၀င်ခဲ့သည်။ ထို့အတူ အာဇာဘိုင်ဂျန်၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကာဇက်စတန်၊ မလေးရှား၊ သီရိလက်ာ၊ တူရကီ၊ ဥဘက်ကီစတန်နိုင်ငံတို့ပါ၀င်ခဲ့သည်။

အစီရင်ခံစာထဲ၌ အစိုးရမဟုတ်ဘဲအစိုးရတစ်ရပ်ကဲ့သို့လွှမ်းမိုးမှုရရှိရန်လှုပ်ဆော်စည်းရုံးနေသော အဖွဲ့ (၇) ဖွဲ့ဖြစ်သည်။

Al-Shabaab, Boko Haram, the Houthis, Hay'at Tahrir al-Sham, Islamic State in the Greater Sahara, Islamic State in West Africa, Jamaat Nasr al-Islam wasl အဖွဲ့တို့သည်အထူးစောင့်ကြည့်လေ့လာရမည့်အဖွဲ့အဖြစ်ဖော်ပြသတ်မှတ်ထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3AMvYrh

Add new comment

11 + 6 =