အမေရိကန်မှကက်သလစ်ဆရာတော်ကြီးများက ဒုက္ခသည်များအား၀င်ရောက်ခွင့်ပြုသည့် သမ္မတ၏ဆုံးဖြတ်ချက်ကို ကြိုဆို

အမေရိကန်မှကက်သလစ်ဆရာတော်ကြီးများက ဒုက္ခသည်များအား၀င်ရောက်ခွင့်ပြုသည့် သမ္မတ၏ဆုံးဖြတ်ချက်ကို ကြိုဆို

အမေရိကန်မှကက်သလစ်ဆရာတော်ကြီးများက ဒုက္ခသည်များအား၀င်ရောက်ခွင့်ပြုသည့် သမ္မတ၏ဆုံးဖြတ်ချက်ကို ကြိုဆို

ဒုက္ခသည်များဆိုင်ရာ သမ္မတဂျိုးဘိုင်ဒင်၏ ဆုံးဖြတ် ချက်ကို အမေရိကန်ကက်သလစ်ဆရာတော်ကြီးများက ကြိုဆိုလိုက်သည်။ လာမည့်ဘဏ္ဍာရေးနှစ် (၂၀၂၂) ၌ ဒုက္ခသည် (၁၂၅၀၀၀) ဦးအထိလက်ခံမည့်ဆုံးဖြတ်ချက်ကို ပြီးခဲ့သောတပတ်ကချမှတ်လိုက်သည်။
ယခုဆုံးဖြတ်ချက်သည် (၁၉၉၃) ခုနှစ်မှစ၍ ယနေ့အထိ အမေရိကန်နိုင်ငံ၏ဒုက္ခ သည်များလက်ခံသည့် အမြင့်ဆုံးစာရင်းဖြစ်သည်။ ဤဆောင်ရွက်ချက်သည် သမ္မတဂျိုးဘိုင်ဒင် မဲဆွယ်စည်းရုံးစဉ်က ပေးခဲ့သောကတိကိုဖြည့်ဆည်းခြင်းဖြစ်သကဲ့သို့ ယခင်သမ္မတထရမ့် ၏ဒုက္ခသည်များဆိုင်ရာမူ၀ါဒကိုပြောင်းပြန်လှန် လိုက်ခြင်းလည်းဖြစ်သည်။

စက်တင်ဘာလ (၃၀) ရက်နေ့က ပြီးဆုံးသွားပြီဖြစ်သော (၂၀၂၁) ခုနှစ်၏ ဘဏ္ဍာရေးနှစ်၌ ဒုက္ခသည် (၁၁၄၁၁) ကိုသာ လက်ခံနေရာချထားပေးနိုင်ခဲ့သည်။ ဤဦးရေသည် အမေရိကန်နိုင်ငံ၏သမိုင်းတွင် ဒုက္ခသည် လက်ခံမှုအနိမ့်ဆုံးနှစ်ဖြစ်ခဲ့သည်။ ဒုက္ခသည်များလက်ခံသည့်မူ၀ါဒကို (၁၉၈၀) ခုနှစ်တွင်စတင်ချမှတ်ခဲ့သည်။ အမေရိကန်နိုင်ငံမှကက်သလစ်ဆရာတော်ကြီးများကလည်း ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးနှင့်နေရာချ ထားရေးကို မရပ်မနားဘဲကြား ၀င်ညှိနှိုင်းစေ့စပ်ပေးခဲ့သည်။ ဒုက္ခသည်များနေရာချထားရေးနှင့်ဆိုင်သောကိစ္စ၌တာ ၀န်ရှိသူများအနေဖြင့် ဆက် လက်၍ ဖော်ဆောင်လုပ်ကိုင်ရန်မျှော်လင့်ကြောင်း၊ ထို့အတူလွှတ်တော်အားလည်း ဒုက္ခ သည်များလက်ခံရေးဆိုင်ရာအစီအစဉ်များကိုသာရေးဆွဲ ခြင်းမဟုတ်ဘဲ လိုအပ်သောအရင်းအမြစ်များကိုလည်း စီမံဆောင်ရွက်ပေးရန်နှင့်လာမည့်ဆယ်စုနှစ် (၄) စုနှင့်အလွန်အခြေအနေထိထည့်သွင်းစဉ်းစားရန်တိုက်တွန်ထား ကြောင်းအမေရိကန်နိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ နာယာကဖြစ်သော Mario E. Dorsonville က ပြောခဲ့သည်။

ဒုက္ခသည်များသည် မိမိတို့၏နေရပ်စွန့်ခွာရခြင်းမှာ စစ်ဖြစ်ပွားခြင်း၊ သဘာ၀ဘေးဒဏ်၊ ဖိနှိပ်သတ်ဖြတ်မှုများ၊ မိမိတို့အရပ်ဒေသ၌ မည်သို့မျှဆက် လက်နေထိုင်၍မဖြစ်တော့သည့် အခြေအနေဖြစ်ပြီး၊ ဒုက္ခသည်များအားကူညီကယ်ဆယ်ခြင်း သည် ၄င်းတို့လည်း အပြုသ ဘောဆောင်သောအကူအညီများကို ဒုက္ခသည်များကလည်း မိမိတို့အားနေထိုင်ခွင့်ပြု သောအိမ်ရှင်နိုင်ငံများအားတစ်နည်း တစ်ဖုံပြန်လည်ကူညီပေးနိုင်မည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းကိုဆက်ကပ်လုပ် ဆောင်နေကြသော ကက်သလစ်ဘာသာရေးအသင်းအဖွဲ့များ၊ သီးသန့်လုပ်ဆောင်နေကြသူများအားဖြင့် နယ်မြေ သစ်ကိုမိမိတို့၏ သာသနာနယ်အတွင်း၌ပြန်လည် သာသနာပြုနိုင်ကြောင်းအမေရိကန်ကက်သလစ်ဆရာတော်ကြီး များ၏ နာယကကပြောကြားခဲ့သည်။

သမ္မတ၏ လောလောလတ်လတ်ချမှတ်လိုက်သော ဆုံးဖြတ်ချက်သည် အကူအညီအလွန်လိုအပ်နေသော အာဖကန်နီစတန်ထောင်သားများအားကယ်တင်ပေးနိုင်မည်ဖြစ်သည်။ သို့သော်မက္ကဆီကိုနိုင်ငံနှင့်အမေရိကန်နိုင်ငံနယ်စပ်ကြား၌ တဲထိုးစခန်းချနေခဲ့သော ဟေတီနိုင်ငံသားများကိုမူ ဒုက္ခသည်များဟု တရား၀င်သတ်မှတ်၍မရကြောင်းဆိုသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3iZPU1E
 

Add new comment

8 + 5 =