အမေရိကန်ပြည်ထောင်စု Orlando ပြည်နယ်၌ကက်သလစ်ဘုရားတစ်ကျောင်းမီးစွဲလောင်

အမေရိကန်ပြည်ထောင်စု Orlando ပြည်နယ်၌ကက်သလစ်ဘုရားတစ်ကျောင်းမီးစွဲလောင်

ပြီးခဲ့သော စနေနေ့ညနေပိုင်းကာအမေရိကန်ပြည်ထောင်စု Orlando ပြည်နယ်၌ ‘မွေးဖွားခြင်း’ ဟုအမည်ပေးထားသော ကက်သလစ်ဘုရားကျောင်း၏အတွင်းပိုင်းမီးသင့်သွား၍ပျက်စီးသွားခဲ့သည်။ ယခုဖြစ် ပွားမှုသည် တိုက်ဆိုင်စွာဖြင့် အမေရိကန်အထက်လွှတ်တော်မှ ကိုယ်၀န်ဖျက်ချခြင်းကိုခွင့်ပြုခဲ့သောဥပဒေကိုပြင်ဆင်ပြောင်းလဲခဲ့သော တစ်နှစ်ပြည့်နှစ်ပတ် လည်နေ့ဖြစ်နေသည်။ ယခုကဲ့သို့ ကိုယ်၀န်ဖျက်ချခြင်းကို ဆန့်ကျင်ကန့်ကွက်သော ကက်သလစ်သာသနာတော်ကြီးအား နည်းလမ်းမျိုးစုံဖြင့်အကြမ်းဖက်မည့်လုပ်ရပ် မျိုးထပ်မံပေါ်ပေါက်လာမည်ကိုလည်းစိုးရိမ်နေကြသည်။

ကက်သလစ်သာသနာ၏အရေးကိုကူညီပေးသောအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူက ဘုရားကျောင်းသည်မီးလောင်နေကြောင်းကို ဘုရားကျောင်း၏ မျက်နှာချင်း ဆိုင်၌ အ၀တ်လျှော်စက်ဖွင့်ထားသောမိသားစုက ည (၁၁း၃၀) ၌ဘုရားကျောင်းမှမီးခိုးများထွက်လာသည်ကိုတွေ့ရှိသွားသည်ဟုပြောသည်။ သတင်းရလျှင်ရခြင်း ဘုရားကျောင်းသို့ပြေး၍တံခါးမကြီးအားသွား ရောက်ခေါက်ခဲ့သော်လည်း အဘယ်သူမျှဖြေကြားခြင်းမပြုပေ။ ထိုသန်းခေါင်ယံအချိန်၌တစ်ဦးတည်းဖြစ်နေ၍ (၉၁၁) သို့ချက်ချင်းဖုန်းဆက်အကြောင်းကြားလိုက်ရာမီး သတ်သမား (၈) ဦးရောက်ရှိလာသည်။ (၁၅) မိနစ်အတွင်းမီးကိုငြိမ်းသတ်နိုင်ခဲ့သည်။

ကျောင်းထိုင်၏ပြောဆိုချက်အရ ဘုရားကျောင်းအတွင်းပိုင်းသည် လုံး၀ လောင် ကျွမ်းပျက်စီးသွား ကြောင်း၊ သို့သော် ရဟန်းတော်သင်္ကန်းလဲသည့်အခန်းမှာမူမပျက်စီးခဲ့ကြောင်း၊ ဤကျောင်းမှ ဘာသာတူများ သည် ယခင်ကအင်္ဂလီကန်အသင်းတော်မှဖြစ်ပြီး (၂၀၁၂) ခုနှစ်၌ ရဟန်း မင်းကြီးဘေနေဒစ် (၁၆) ၏လက် ထက် အမိကက်သလစ်သာသနာတော်ကြီးနှင့်ပြန်လည်ကျေအေးသင့်မြတ်ပြီး အင်္ဂလီကန်အသင်း၏လုပ် ဆောင်ချက်များအနည်းငယ်ကိုလုပ်ဆောင်ခွင့်ပြု၍ အသွင်ပြောင်းထားသောဘုရားကျောင်းနှင့်ဘာသာတူအုပ်စုဖြစ်သည်။

အာဏာပိုင်များက မီးသင့်သွားသည့်အမှုနှင့်စပ်လျင်း၍အချက်အလက်များကိုဆက်လက်၍စုံစမ်းစစ် ဆေးလျှက်ရှိသည်။ ကိုယ်၀န်ဖျက်ချခွင့်ဥပဒေကို အမေရိကန်အထက်လွှတ်တော်မှပြင်ဆင်လိုက်သည့်အချိန်မှစ၍ အမေရိကန်ပြည်ထောင်စုရှိ ကက်သလစ်သာသနာသည် ကိုယ်၀န်ဖျက်ချခွင့်ကိုတောင်းဆိုသူတို့၏အ ကြမ်းဖက်ရန်ပစ်မှတ်ဖြစ်လာခဲ့သည်။ အဘယ်
ကြောင့်ဆိုသော် ကက်သလစ်သာသနာတော်ကြီးသည် ယနေ့ထိတိုင်ကိုယ်၀န်ဖျက်ချခြင်းကိုခွင့်မပြုဘဲ ဆက်လက်ကာကွယ်လျှက်ရှိသည့်အတွက်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3XwidHH

Add new comment

12 + 1 =