အမေရိကန်ပြည်ထောင်စု၌ ဘုရားကျောင်း (၂၉) ကျောင်းတိုက်ခိုက်ခံရ၊

အမေရိကန်ပြည်ထောင်စု၌ ဘုရားကျောင်း (၂၉) ကျောင်းတိုက်ခိုက်ခံရ၊

 

 ဇွန်လ (၂၄) ရက်နေ့မှစ၍ ယနေ့အထိဘုရားကျောင်း (၂၉) ကျောင်းနီးပါး ဖျက်ဆီးခံရ (သို့) မီးတင်ရှို့ခံရ ကြောင်းထုတ်ပြန်ထားသည်။

 

အမေရိကန်ပြည်‌ထောင်စုတစ်၀ှမ်း၌ ကိုယ်၀န်ဖျက်ချခြင်းကိုဆန်ကျင့်သောကြောင့် ကိုယ်၀န် ဆောင်များအား စောင့်ရှောက်သည့်စင်တာများနှင့်ဘုရားကျောင်းများကို တိုက်ခိုက်မှုမြင့် တက်လာ နေသည်။ နောက်ဆုံးထုတ်ပြန်သည့်သတင်းအရ ဇွန်လ (၂၄) ရက်နေ့မှစ၍ ယနေ့အထိဘုရားကျောင်း (၂၉) ကျောင်းနီးပါး ဖျက်ဆီးခံရ (သို့) မီးတင်ရှို့ခံရ ကြောင်းထုတ်ပြန်ထားသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်အထက်လွှတ်တော်က အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်၀န်ဖျက် ချခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်းပြောကြားခဲ့သည်။ အဆိုပါ ကြေညာချက်ထွက်ပေါ် လာပြီးနောက်ပိုင်း ပျှမ်းမျှနေ့စဉ် (၄) နေရာခန့်တိုက်ခိုက်ခံနေရဟုလည်းဆိုသည်။

ယခုကဲ့သို့တိုက်ခိုက်ခံရခြင်းမှာ ကိုယ်၀န်ဖျက်ချသည့်အဖွဲ့များကကျူးလွန်သည်ဟုမဆိုထားပေ။ ဇွန် (၂၄) ရက်နေ့ အထက်ကကြေငြာချက်ထွက်ပေါ် လာပြီး နာရီအတော်ကြာသွားပြီးနောက်၌ Salt Lake City ရှိ ကိုယ်၀န်ဆောင်များအတွက်ဆေးခန်းကိုမူ ကိုယ်၀န်ဖျက်ခြင်း ကိုတောင်းဆိုသော အဖွဲ့များမှ ဖျက်ဆီးသွားခဲ့သည်။ ၄င်းတို့သည် ကယ်လီဖိုးနီးယားပြည်ရှိ ကိုယ်၀န်ဆောင်များအား စောင့်‌ရှောက်သည့်စင်တာကိုလည်း ထိုနေ့၌ပင်ဖျက်ဆီးရန်ကြိုးစားခဲ့သေးသည်။ ဇွန် (၂၇) ရက်နေ့၌လည်း ကယ်လီဖိုး နီးယားပြည်နယ်ရှိ ‘ကိုယ်၀န်ဆောင်အမျိုးသမီးများ၏မိတ်ဆွေ’ ဆေးခန်းကိုလည်းတိုက်ခိုက်ရန်စီစဉ်ခဲ့သည်။

ဘုရားကျောင်းတိုက်ခိုက်ခံရသော ပြည်နယ်များမှာ West Virginia, Washington, Virginia, Louisiana, Colorado, California, Texas, Florida, New York, Indiana, Pennsylvania, Kansas, Oregon, and Utah ပြည်နယ်တို့၌ဖြစ်ကြသည်။ ဖီလာဒဲဖီးယားမှ စိန့်ပတ်ထရစ်ဘုရားရှိခိုးကျောင်း၊ Portland မှရဟန္တာအပေါင်းတို့၏ဘုရားကျောင်းများကိုမူ ဇွန် (၂၅) ရက်နေ့၌ ကိုယ်၀န်ဖျက်ချခြင်းကို အားပေး ထောက်ခံသူများကဖျက်ဆီးခဲ့သည်။ ထို့အတူ ၀ါရှင်တန်မှ စိန့်လွီစ်ကက်သလစ်ဘုရားရှိခိုး ကျောင်းကို လည်း ကက်သလစ်ဆန်ကျင့်ရေးအဖွဲ့၏အကြမ်းဖက်ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ အချို့သော အမှုများ ကိုမူ FBI တို့ကအမှုစတင်စုံစမ်းဖော်ထုတ်ရန်ကြိုးစားနေပြီဖြစ်သည်။ အဆိုပါ ကြေငြာချက်ကြောင့် ကိုယ်၀န် ဆောင်များအားစောင့်ရှောက်ပေးသောဂေဟာများ၊ ကက်သလစ် ဘုရားကျောင်း ဆောင်များ ကိုကိုယ်၀န်ဖျက်ချခြင်းကို အားပေးထောက်ခံသူများကဖျက်ဆီးခဲ့ကြသည်။ လွှတ်တော်ရှေ့၌လည်း ကိုယ်၀န်ဖျက်ချခြင်းကိုအားပေးထောက်ခံသည့် အဖွဲ့များက ဆန္ဒပြခဲ့ကြသည်။ လူသတ်မှုကို ကျူးလွန်ရန် ကြံစည်သော ကယ်လီဖိုးနီးယားပြည်နယ်သားအမျိုးသားတစ် ဦးအားလည်း ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်ခဲ့သည်။ နိုင်ငံရေးသမားများကလည်း အစိုးရ၏လုပ်ဆောင်မူအားနည်းသော တရားမျှတခြင်းကိုအာရုံထားလုပ်ဆောင်ရန်တိုက်တွန်းခဲ့သည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uqSSSy

Add new comment

5 + 5 =