အမေရိကန်ပြည်ထောင်စုမှဖာသာရ် Mike Schmitz က ‘Sound of Freedom’ ရုပ်ရှင်ကိုကြည့်ရန်နှိုးဆော်ထား

အမေရိကန်ပြည်ထောင်စုမှဖာသာရ် Mike Schmitz က ‘Sound of Freedom’ ရုပ်ရှင်ကိုကြည့်ရန်နှိုးဆော်ထား

အမေရိကန်ပြည်ထောင်စုမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်သော Mike Schmitz ကထူးထူးဆန်းဆန်း ‘Sound of Freedom’ (ငြိမ်းချမ်းရေးသံဇဉ်) အမည်ရသောရုပ်ရှင်ကိုကြည့်ကြရန်နှိုးဆော် ထားပါသည်။

အဆိုပါရုပ်ရှင်ကိုကြည်ရူရန်တိုက်တွန်းရခြင်းမှာ ‘လူကုန်ကူးမှုတိုက်ဖျက်ရေး’ ဇာတ်လမ်းဖြစ်သောကြောင့်ဖြစ်ပါသည်။ ဤရုပ်ရှင်ကို Tim Ballard မှခံစားတင်ပြထားသည်။ သူသည်ယခင်က လူ၀င်မှုနှင့်အိုးအိမ်ဦးစီးဌာန၌လုပ်ကိုင်ခဲ့သူဖြစ်သည်။

ဤရုပ်ရှင်ကို ဇူလိုင် (၂၀) ရက်နေ့က ယူကျူ့မှ ‘ဖာသာရ် Mike Schmitz မှ ‘Sound of Freedom’ ရုပ်ရှင်နှင့်စပ်လျင်း၍ သုံး သပ်ချက်ဟုမှတ်ချက်ရေး၍တင်လိုက်သည်။

ဖာသာရ် Mike Schmitz သည်အဘယ်သူနည်း။ သူသည်ယူကျူ့မှဗွီဒီယိုများ၊ ဟောပြောချက်တိုထွာများကြောင့်လူသိများလှသောကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ ဤရုပ်ရှင်ကိုထုတ် လုပ်သူ ဖြစ်သော Tim Ballard က သူ့အမျိုး သမီး၏အားပေးတိုက်တွန်းမှုကြောင့်လူ၀င်မှု၀န်ကြီးဌာနမှအလုပ်ထွက် ခဲ့ပြီး လိင်လုပ်သားအဖြစ်အသုံးချရောင်းစားခံနေရသော ကလေးများအားကူညီရန်အလုပ်ကိုလုပ်ကိုင်ခဲ့သည့် အကြောင်းများကိုပြန်လည်သုံးသပ်ပေးထားသည်။

ဤရုပ်ရှင်ကိုကြည့်လိုက်ခြင်းအားဖြင့် အချိန်ဖြုန်းသည်ဟုအထင်မရောက်စေရုံမကဘဲ ငွေဖြုန်းသည်ဟုလည်းအထင် ရောက်စေမည်မဟုတ်သည်မှာသူသေချာပေါက်ပြောနိုင်ကြောင်းသုံးသပ်ချက်ပေးထားသည်။

အဆိုပါဗွီဒီယို၏အဆုံးသတ်ပိုင်း၌ ကြည့်ရူသူများအားဖာသာရ်က လူကုန်ကူးခံရသောသားကောင်များအတွက်ဆုတောင်ပေးကြရန်ကိုလည်းမေတ္တာဖြင့်ပန်ကြားထား သည်။ အဆိုပါဗွီဒီယိုသုံးသပ်ချက်အား ကြည့်ရူသူ (၄၇၅၀၀၀) ရှိခဲ့သည်။ ယခင်ပတ်က ထိုရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုမှ ကဇာတ်ရုံ (၂၅၀၀) ခုတွင်တစ်ပြိုင်တည်းရုံတင်ပြသခဲ့ရာ ‘ The Passion of the Christ’ ရုပ်ရှင်ထက် ၀င်ငွေသန်း (၁၀၀) ကျော်လွန်သွားခဲ့သည်ဟုဆိုပါသည်။

ဤရုပ်ရှင်ကိုထုတ်လုပ်သူမှာ မက်ဆီကင်ရုပ်ရှင်မင်းသား Eduardo Verástegui ဖြစ်ပြီး၊ ဒါရိုက်တာမှာ Alejandro Gómez Monteverde ဖြစ်သည်။ ရုပ်ရှင်မင်းသား Eduardo Verástegui သည်ဘာသာတရားကိုင်းရှိုင်းသူဖြစ်သကဲ့ သို့အဓိကနေရာမှသရုပ်ဆောင်ထားသည်။ ဖြန်ချီရေးမူပိုင်ကိုမူ Angel စတူဒီယိုကပိုင်ဆိုင်ထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PtVZ

Add new comment

15 + 5 =